2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၅ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၂၄) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက ဆွဲခန့်ဆရာ ဆရာမများအား အစိုးရခန့် ပညာရေးဝန်ထမ်း ဆရာ ဆရာမများအဖြစ် ခန့်ထားပေးပါရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • အစည်းအဝေးတွင် အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက ပညာရေးနှင့်ပတ်သက်သော အဆိုတစ်ခုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး
  • အဆိုကို တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်နှင့် ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်တို့က ဆွေးနွေးခဲ့၊ အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းဆွေးနွေး
  • ဒေါက်တာလှမိုးက ၄င်း၏အဆိုနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး မှတ်တမ်းတင်ထားရှိရန် တင်ပြ၊ လွှတ်တော်ဥက္ကဌက လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ မှတ်တမ်းတင်ထားရှိကြောင်း ကြေညာ
  • ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်က ကျောက်ဖြူမြို့ GTI ကျောင်းဆောက်လုပ်ရန် မြို့ပေါ်တွင် အသင့်လျော်ဆုံး နေရာရရှိရေးအတွက် နိုင်ငံတော်အစိုးရက မည်ကဲ့သို့ ကူညီပေးမည်ကို သိရှိလိုကြောင်း မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းဖြေကြား
  • ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက တင်သွင်းသည့် အရေးပေါ်စီမံမှု အက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ ထောက်ခံမဲ ၂၆၁ မဲ၊ ကန့်ကွက်မဲ ၁၂၃ မဲနှင့် ကြားနေမဲ ၅ မဲရရှိသည့်အတွက် လွှတ်တော်ဥက္ကဌက ယင်းဥပဒေကြမ်းကို ရုပ်သိမ်းရန် အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၉)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၂၄) ကျင်းပ
  • အစည်းအဝေးတွင် ကရင်မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုးက ပသိချောင်းတာတမံနှင့်ပတ်သက်သော မေးခွန်းကို မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြား
  • မွန်မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပင်ကျေးရွာတွင် နွေရာသီ၌ သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရသောကြောင့် ဧရိယာအကျယ် ၁၃ ဧကခန့်ရှိ ပငရွာလယ်အင်းကို တူးဖော်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြား
  • အစည်းအဝေးတွင် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
  • ယင်းဥပဒေကြမ်းကို ရန်ကုန်မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်၊ မွန်မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ မန္တလေးမဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)နှင့် မကွေးမဲဆန္ဒနယ်အမှတ်(၈)မှ ဦးဝင်းမြင့်တို့က ဆွေးနွေး
  • ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်သွားမည်ဖြစ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s