2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၆ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမမြောက်နေ့ကို ယနေ့(သြဂုတ် ၂၅) မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကပြော
  • လွှတ်တော်နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
  • အစည်းအဝေးတွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလအတွင်း ထုတ်ပြန်ပြဌာန်းပြီးဖြစ်သော ဥပဒေများအနက် နည်းဥပဒေထုတ်ပြန်ရန် ကျန်ရှိသည့်ဥပဒေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၏ စိစစ်တင်ပြမှုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • လွှတ်တော်နာယက က ဧရာဝတီတိုင်းဒေသကြီး လပ္ပတ္တာခရိုင် လပ္ပတ္တာမြို့နယ်အတွင်းရှိ ကျေးရွာလေးရွာကို စုစည်း၍ ပိုးလောင်းကျေးရွာအုပ်စုအဖြစ် ဖွဲ့စည်းခြင်း၊ ကျေးရွာ ၁၅ ရွာကို တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ ကျေးရွာ သုံးရွာကို စုစည်း၍ ကိုင်းသောင်ကျေးရွာအုပ်စုအဖြစ် ဖွဲ့စည်းခြင်းနှင့် ကွင်းယားကျေးရွာ၏ဧရိယာ ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • ပြည်ထောင်စုအစိုးရကပေးပို့သည့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးအောင်ကြည်ညွှန့်က တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်းရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေး
  • လွှတ်တော်နာယက က ပြည်ထောင်စုအစိုးရကပေးပို့သည့် ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အပိုဒ်၊ အပိုဒ်ခွဲ၊ အပိုဒ်ခွဲငယ်နှင့် အမှတ်စဉ်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ထားသည့်အတိုင်း ပြင်ဆင်သွားမည်ဖြစ်ကြောင်း ကြေညာပြီး ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် နျူကလီးယားဒြပ်ပစ္စည်းနှင့် နျူကလီးယား အဆောက်အအုံများအား ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပြုမှု ပဋိဉာဉ်တွင် လိုက်နာကျင့်သုံးသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း၊ တနင်္သာရီမဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးတို့က ထောက်ခံဆွေးနွေးခဲ့
  • လွှတ်တော်နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • နိုင်ငံတော်သမ္မတထံမှပေးပို့သည့် နျူကလီးယားဘေးအန္တရာယ်ကင်းရှင်းရေး ပဋိဉာဉ်တွင် လိုက်နာကျင့်သုံးသည့် အဖွဲ့ဝင်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေး
  • ယင်းကိစ္စကို ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦး၊ ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေနှင့် အခြားအမတ်တစ်ဦးတို့က ဆွေးနွေးခဲ့၊ လွှတ်တော်နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်က သဘောတူကြောင်းကြေညာ
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၂၅) နံနက်ပိုင်းတွင် ကျင်းပ
  • အစည်းအဝေးတွင် မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်မေဝင်းမြင့်က ပရဟိတ ဘုန်းတော်ကြီးကျောင်းများတွင် မှီခိုပညာသင်ကြားနေရသော မိမိနိုင်ငံသားတိုင်းရင်းသား မိဘမဲ့ကလေးငယ်များအား နို်င်ငံသားကတ် စိစစ်ထုတ်ပေးရေး အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ရှင်းလင်းဖြေကြား
  • ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေက ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့များတွင် မဟာလျှပ်စစ်ဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားပေးနိုင်ရန် အစီအစဉ်ရှိ/ မရှိ မေးခွန်းအပေါ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဖြေကြား
  • သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုးက သာစည်မြို့နယ် ဝေးလံခေါင်သီသည့် တောင်ပေါ်ဒေသရှိ (၅)မိုင် ပတ်လည်အတွင်း သဘာဝသစ်တောများအား အနီးပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများကိုယ်တိုင် ဥပဒေနှင့်အညီ ဝိုင်းဝန်းပူးပေါင်းကာကွယ်ထိန်းသိမ်းခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုက မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်၏ တောင်ဘက်ခြမ်းတွင်ရှိသော ပန်းညိုကြိုးပြင်ကာကွယ်တောအတွင်း ကျန်ရှိနေသော ကိုင်းမြေနှင် ဥယာဉ်ခြံမြေများအား မူလလုပ်ကိုင်ခဲ့သော တောင်သူများအား လွတ်လပ်စွာ စိုက်ပျိုးခွင့်ပြုရန်နှင့် ပိုင်ဆိုင်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအပေါ် ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ က ဆွေးနွေး
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၂၅) ကျင်းပ
  • အစည်းအဝေးတွင် မကွေးမဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်က စလင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် မြစ်ရိုးတစ်လျောက် နေထိုင်ကြသော ဒေသခံပြည်သူများ ကမ်းပါးပြိုခြင်း အန္တရာယ်မှ ကာကွယ်ရန်အတွက် ရေကာတာ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • ရခိုင်မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဝေစိန်အောင်က တိုင်းရင်းသားမိခင် ဘာသာစကားကို အစိုးရမူလတန်း အောက်ဆင့်အတန်းများတွင် ကျောင်းချိန်အတွင်း သင်ကြားပေးရန်နှင့် စာမေးပွဲစစ်ဆေးရန် အစီအစဉ်ရှိ/ မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • အစည်းအဝေးတွင် စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမင်းနိုင်က မြန်မာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသားများသည် မိမိတို့တိုင်းရင်းသားစာပေများကို သင်ကြားနိုင်ရန် နိုင်ငံတော်မှ ဆရာ ဆရာမများအား ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • ဧရာဝတီမဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းက နိုင်ငံပိုင် အသုံးမပြုတော့သော အဆောက်အအုံများအား ပုဂ္ဂလိကရေကြောင်းသင်တန်းများသို့ ဥပဒေနှင့်အညီ သင့်တင့်သောစျေးနှုန်း ဖြင့် နှစ်ရှည်ဌားရမ်းဖွင့်လှစ်ခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s