2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၇ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၂၆) နံနက်ပိုင်းတွင် ကျင်းပ
  • အစည်းအဝေးတွင် ဖယ်ခုံမဲဆန္ဒနယ်မှ ဦးဖိုးမောင်က ရွှေပြည်အေး လူငယ်ပြန်လည်ထူထောင်ရေးစခန်း အား ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြား
  • ဆောမဲဆန္ဒနယ်မှ ဦးကျော်တင်က မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့အား ကျောက်ထုမြို့နယ် အဖြစ် အမြန်ဆုံးဖွဲ့စည်းသတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြား
  • ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် အကျဉ်းသား အကျဉ်းသူများအား ကြီးကြပ်ကူညီစောင့်ရှောက်မည့် ကော်မတီများ ဖွဲ့စည်းပေးနိုင်ခြင်း ရှိ/ မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြား
  • လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေးတင်သွင်းသည့် ကျေးလက်ဒေသ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ၏ ဝန်ထမ်းအိမ်ရာများကို ပြည်ထောင်စုအစိုးရ ဘတ်ဂျက်ဖြင့် ဆောက်လုပ်ပေးရန် လိုအပ်ကြောင်းနှင့် အကယ်၍ တစ်နိုင်ငံလုံးအတိုင်းအတာအရ ခွင့်ပြုငွေချပေးရန် ခက်ခဲမည်ဆိုပါက ဖွံ့ဖြိုးမှုနောက်ကျပြီး အမှတ်တကယ်လိုအပ်သည့် ဒေသများကို စိစစ်ပြီး ဘတ်ဂျက်ငွေ ခွင့်ပြုပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေး
  • အဆိုကို ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးနှင့် ဘုတ်ပြင်းမဲဆန္ဒနယ်မှ ဦးနေလင်းထွန်းတို့က ပါဝင်ထောက်ခံဆွေးနွေးခဲ့၊ အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းဆွေးနွေး၊ အဆိုကို မှတ်တမ်းအဖြစ်ထားရှိပေးရန် လွှတ်တော်သို့ တင်ပြ
  • အဆိုရှင်က မှတ်တမ်းအဖြစ်သာမကဘဲ စောင့်ကြည့်ပေးပါရန် လွှတ်တော်သို့ တင်ပြသဖြင့် လွှတ်တော်ဥက္ကဌက လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူ၊ သဘောတူညီမှုရရှိသဖြင့် အဆိုကို မှတ်တမ်းတင်စောင့်ကြည့်ရန် ကြေညာ
  • လွှတ်တော်ဥက္ကဌက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ပညာရေးကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ ထို့အတွက် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြသည့် ဆွေးနွေးချက်များအပေါ် အလေးအနက်ထား ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားခဲ့
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၂၆) နံနက်ပိုင်းတွင် ကျင်းပ
  • အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌက မြန်မာနိုင်ငံပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြု
  • အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ချင်းမဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်ကျိန်ငိုက်မန်က မြန်မာနိုင်ငံပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က အတည်ပြုပေးရန် အဆိုတင်သွင်း၊ လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် ယင်းဥပဒေကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုခဲ့
  • ရန်ကုန်မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်က နို်င်ငံတော်အစိုးရအနေဖြင့် မြေမြုပ်မိုင်းအသုံးပြုမှု သဘောတူစာချုပ်အား လက်မှတ်ရေးထိုးရန် အစီအစဉ်ရှိ/မရှိနှင့် ဒေသခံကျေးလက်ပြည်သူများကို အန္တရာယ်မှ ကယ်တင်မည့် မိုင်းရှာ၊ မိုင်းဖျက်ဆီးရေးစီမံချက်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဖြေကြား
  • ကရင်မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က ဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s