2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၃၀ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၂၉)ကျင်းပ
  • အစည်းအဝေးတွင် ဂွမဲဆန္ဒနယ်မှ ဦးမြင့်ဝေက ဂွမြို့နှင့် မကျီးငူကျေးရွာကြားချောင်းကို တံတားထိုးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြား
  • တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်က တောင်ကုတ်မြို့နယ်အတွင်းရှိ ကိုင်းရှည်ကျေးရွာနှင့် နတ်မော်ကျေးရွာတွင် ချောင်းကမ်းပါးပြိုကျနေမှုများနှင့်ပတ်သက်၍ ကမ်းထိန်းနံရံပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ရှင်းလင်းဖြေကြား
  • စစ်ကိုင်းမဲဆန္ဒနယ်မှ ဦခင်မောင်သိန်းက စစ်ကိုင်းမြို့နယ် တင်းတိပ်-ပဒူလမ်း အရှည် ရှစ်မိုင် ငါးဖာလုံလမ်းအား ပြုပြင်ပေးရန်နှင့် ပျက်စီးနေသော ရေကျော်နှင့် Box Culvert များအား တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြား
  • အောင်မြေသာစံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးတင်သွင်းသည့်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြင်ဆင်သည့်ဥပဒေ အခန်း(၇) ပုဒ်မ ၂၁(ဂ)အရ ပြည်ထောင်စုအစိုးရမှ နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် အဆင့်ဆင့်သောကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သည့် လစဉ်ချီးမြှင့်ငွေနှင့် စရိတ်တို့အား ရရှိခံစားနိုင်ရန် သတ်မှတ်ထားခြင်းကို ပြန်လည်သုံးသပ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး
  • အဆိုကို ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးနှင့် သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်တို့က ထောက်ခံဆွေးနွေး၊ အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က ပြန်လည်ရှင်းလင်းဆွေးနွေး၊ အဆိုရှင် ဒေါက်တာလှမိုးက အဆိုကို အတည်ပြုပေးပါရန် လွှတ်တော်သို့တင်ပြရာ လွှတ်တော်ဥက္ကဌက လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူ၍ အတည်ပြုကြောင်းကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၂၉)ကျင်းပ
  • အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌက သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ ပြင်ဆင်ထားသည့်အတိုင်း အတည်ပြု
  • အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါ်လှဌေး(ခ) ဒေါ်အုန်းကြည်က သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သော ကော်မတီအစီရင်ခံစာကို ဖတ်ကြားရှင်းလင်း
  • လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အတည်ပြုပေးရန် အဆိုတင်သွင်းသည့်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် ယင်းဥပဒေကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုခဲ့
  • ဧရာဝတီမဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းက ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်ရှိ ရေလှောင်တမံများ၊ ရေကာတာများ နှင့်ပတ်သက်သော မေးခွန်းကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှင်းလင်းဖြေကြား
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်က ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ရေကြီးရေလျှံမှုများ နှစ်စဉ်ဖြစ်ပွားလျက်ရှိရာ မြို့နယ်ပြည်သူလူထုအတွက် ရေကြီးနစ်မြုပ်မှုဘေးအန္တရာယ်မှ ကင်းလွတ်စေရန် လိုအပ်ချက်များကို စနစ်တကျလေ့လာပြီး ရေတို၊ ရေရှည်စီမံကိန်းများဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • အမျိုးသားလွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီသည် ရန်ကုန် တရားမျှတမှုစင်တာ (Yangon Justice Center-YJC)နှင့် University Legal Clinic (ULC) မှ ဦးကျော်မြင့်ခေါင်းဆောင်သော ရှေ့နေများ၊ ဝန်ထမ်းများနှင့် ယနေ့(သြဂုတ် ၂၉) မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမ(J)ဆောင် အပေါ်ထပ်ရှိ Talk Room ခန်းမ၌ တွေ့ဆုံ
  • တွေ့ဆုံပွဲသို့ လွှတ်တော်ဒုတိယဥက္ကဌနှင့် ယင်းကော်မတီဥက္ကဌ ဦးအေးသာအောင်၊ ကော်မတီအတွင်းရေးမှူး ဦးမင်းဦးနှင့် ကော်မတီဝင်များ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်
    ရှေးဦးစွာ ကော်မတီအတွင်းရေးမှူးက ကော်မတီဝင်များနှင့် မိတ်ဆက်ပေးပြီး တက်ရောက်လာသူများက ပြန်လည်မိတ်ဆက်
  • ကော်မတီဥက္ကဌ ဦးအေးသာအောင်က နှုတ်ခွန်းဆက်စကားပြောပြီး ကော်မတီအတွင်းရေးမှူးက ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် အခွင့်အရေးများအား ရှင်းလင်းပြောကြား
  • တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြပြီး ကော်မတီက ပြန်လည်ဖြေကြားခဲ့၊ ယင်းနောက် ကော်မတီအတွင်းရေးမှူးက နိဂုံးချုပ်စကားပြော
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s