2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၃၁ ဩဂုတ် ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၃၀) နံနက်ပိုင်းတွင် ကျင်းပ
  • အစည်းအဝေးတွင် ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံက ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးဆိုင်ရာကော်မရှင်တွင် ပြည်တွင်းမှ တတ်၊သိ ပညာရှင်များဖြင့်သာ ပါဝင်ဖွဲ့စည်းသင့်ပါကြောင်း နှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရသို့ တိုက်တွန်းသည့် အရေးကြီးအဆိုတင်သွင်းပြီး ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေက ထောက်ခံဆွေးနွေးခဲ့
  • အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကာ အဆိုကို ဆက်လက်ဆွေးနွေးမည် ဖြစ်ကြောင်း ကြေညာ
  • တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်က မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား လွတ်လပ်သော ကုန်သွယ်ရေးနယ်မြေစာချုပ် ချုပ်ဆိုထားခြင်းရှိ၊ မရှိနှင့် ရောမစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေးက အစိုးရဝန်ကြီးဌာနများ၏ ဘတ်ဂျက်များ ခွဲဝေချထားရာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှစ၍ အမှတ်တကယ် ဒေသပေါက်စျေးနှင့်အညီ တွက်ချက်ခွဲဝေချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဖြေကြား
  • အစည်းအဝေးတွင် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းစေတီပုထိုးများ ပြန်လည်ပြုပြင်ရန်အတွက် လွှတ်တော်် ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ်ကို စုပေါင်းလှူဒါန်းရန် လွှတ်တော်ဥက္ကဌက လွှတ်တော်၏ သဘောထားရယူအတည်ပြု
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ကို ယနေ့(သြဂုတ် ၃၀) ကျင်းပ
  • အစည်းအဝေးတွင် သြဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဒေသရှိ ယဉ်ကျေးမှုအမွေအနှစ် ရှေးဟောင်းစေတီပုထိုးများ ပြန်လည်ပြုပြင်ရန်အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ်ကို စုပေါင်းလှူဒါန်းရန် လွှတ်တော်ဥက္ကဌက လွှတ်တော်၏ သဘောထားရယူအတည်ပြု
  • ရှမ်းမဲဆန္ဒနယ်အမှတ်(၉)မှ ဦးခွန်သိန်းဖေက တောင်ကြီးမြို့နယ်အတွင်းရှိ ဂနိုင်ရွေး-ဖက်ကွန်-လင်းလေ လမ်းအား ကတ္တရာလမ်းအဖြစ် လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြား
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နို်င်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းရှိ အပေါက်ဝကျေးရွာမှ နေပူခံကျေးရွာ၊ ဒုက္ကံချောင်းကျေးရွာ၊ ဗိုလ်မင်းကျေးရွာ၊ ဘရာဝါကျေးရွာနှင့် ကြောင်ဖိုကျေးရွာအထိ ကျေးရွာချင်းဆက်လမ်း သို့မဟုတ် ကျောက်ချောလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ဧရာဝတီမဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုးက ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငွေဆောင်မြို့အထိ ရာသီမရွေးသွားရောက်နိုင်သည့် မြို့နယ်ချင်းဆက် ကမ်းခြေပတ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ရဲရုပ်ပြင်၊ ခမောင်းတော၊ ကံချောင်းကျွန်းပတ် တာတမံကို ဖို့ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အလယ်၌ ရေချိုကန်ပါသော အသက်ကယ်ကုန်းမြင့်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့(သြဂုတ် ၃၀) ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို ပြည်ထောင်စုလွှတ်တော်က ထောက်ခံကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်၊ ယင်းထုတ်ပြန်ချက်(မူကြမ်း)ကို လွှတ်တော်နာယက က ဖတ်ကြား
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားရယူရာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးက ပင်လုံကို ထောက်ခံသော်လည်း ထုတ်ပြန်ကြေညာချက်တွင်ပါသည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်နေသော ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု ဆိုသည့်စကားရပ်ကို ပြင်ဆင်ထုတ်ပြန်သင့်ကြောင်း တင်ပြခဲ့
  • ၄င်းကို လွှတ်တော်နာယက က စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၃၉၀မဲ၊ ကန့်ကွက်မဲ ၁၈၄မဲ၊ ကြားနေမဲ ၅မဲ ရရှိ၊ ထောက်ခံမဲများသည့်အတွက် ယင်းထုတ်ပြန်ကြေညာချက်ကို လွှတ်တော်က အတည်ပြုကြောင်းကြေညာခဲ့
  • အစည်းအဝေးတွင် လွှတ်တော်နာယက က ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းတစ်ခု၊ စစ်ကိုင်းအစိုးရအဖွဲ့ဆိုင်ရာ လုပ်ငန်း နှစ်ခု၊ ရန်ကုန်အစိုးရအဖွဲ့ဆိုင်ရာ လုပ်ငန်းတစ်ခု၊ စုစုပေါင်း လုပ်ငန်း လေးခုအတွက် စုစုပေါင်းငွေကျပ် ၅၆၄၈ ဒသမ ၂၃ သန်း ခွဲဝေသုံးစွဲထားမှုကို မှတ်တမ်းတင်
  • နိုင်ငံတော်သမ္မတက ပေးပို့ထားသော အာဆီယံဘက်စုံ ရင်းနှီးမြုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် ဒုတိယအခြေပြစာချုပ်တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ထိုးရေး ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး
  • ယင်းကိစ္စကို ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သက်သက်ခိုင်၊ ရန်ကုန်မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး၊ ရခိုင်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေတို့က ဆွေးနွေး၊ ယင်းကိစ္စကို လွှတ်တော်က သဘောတူကြောင်းဆုံးဖြတ်ခဲ့
  • ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်းနှင့် ရန်ကုန်မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုးနှင့် အခြားအမတ်တစ်ဦးတို့က ဆွေးနွေးခဲ့
  • ယင်းကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်းကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၁၁ ရက်နေ့တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s