2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၁) နံနက်ပိုင်းတွင် ကျင်းပ
  • အစည်းအဝေးတွင် မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာသန်းဝင်းက မြောက်ဥက္ကလာပမြို့နယ် (ဂ)ရပ်ကွက်ရှိ မဏ္ဍိုင်အားကစားကွင်းကို မြို့နယ်အဆင့် အဆင့်မြင့်အားကစားကွင်းကြီးအဖြစ် သက်ဆိုင်ရာမှ ဆောင်ရွက်ပေးနို်င်ခြင်းရှိ၊ မရှိ မေးမြန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ကန်ကြီးထောင့်မဲဆန္ဒနယ်မှ ဦးရွှေလှကြိုင်က ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ဒါးကတိုက်နယ်တွင် ခုတင် (၁၆)လုံးဆံ့ တိုက်နယ်ဆေးရုံ တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြား
  • ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးမျိုးညွှန့်က ဟုမ္မလင်းမြို့နယ်အတွင်း ဥရုအထက်ပိုင်းဒေသ ပါဟုတ်ကြီးကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ခု ဖွင့်လှစ်ပေးရန်နှင့် အသစ်ခွဲဝေချထားပေးသော ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဌာနခွဲများတွင် ကျန်းမာရေးဆရာ ဆရာမများ ချထားပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံက ပေါက်တောမြို့နယ် ပြည်သူ့ဆေးရုံကို ခုတင် (၂၅)လုံးဆံ့ ဆေးရုံအဆင့်မှ ခုတင်(၅၀)ဆံ့ စံကိုက်ဆေးရုံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဆက်လက်ဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၄)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၁)ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းရှိ သရက်တပင်-ဂုပ္ပီထောင့်လမ်းပေါ်ရှိ တံတား ၁၁ စင်းကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းနှင့် သရက်တပင်-ဂုပ္ပီထောင့် ကျေးရွာချင်းဆက်လမ်းကို ကွန်ကရစ်လမ်း သို့မဟုတ် ကျောပ်ချောလမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်က ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် သာယာကုန်းကျေးရွာအနီး၌ ပြင်ဖြူတာတမံကို တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေက ရခိုင်ပြည်နယ် မင်းပြားမြို့ ကမ်းပြိုထိန်းသိမ်းရေးလုပ်ငန်းကို ပြီးစီးအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရက စီမံဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ကရင်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်က ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လည်ပတ်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ သိလိုကြောင်း မေးမြန်းရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s