2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၃ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၂) နံနက်ပိုင်းတွင် ကျင်းပ
  • အစည်းအဝေးတွင် သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုးက မြို့နယ်စာရင်းစစ်ရုံးများတွင် မြို့နယ်စာရင်းစစ် အရာရှိအဆင့်ကို လက်ထောက်ညွှန်ကြားရေးမှူးအဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသန်းမော်က ရှင်းလင်းဖြေကြား
  • သံတွဲမဲဆန္ဒနယ်မှ ဦးမင်းကြည်က သံတွဲမြို့နယ်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်းကို မည်သည့်ကာလတွင် ပြီးစီးအောင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းမေးခွန်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဖြေကြား
  • ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်က ၂၀၁၇ ခုနှစ် နွေရာသီကာလတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု မရှိစေရန်နှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ရရှိနိုင်ရေးအတွက် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုခြင်းမေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဖြေကြား
  • ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးမျိုးညွှန့်က ဟုမ္မလင်းမြို့နယ်အတွင်းရှိ နမ့်ပန်းငါးချောင်းအား အသုံးပြု၍ အသေးစားရေအားလျှပ်စစ်ထုတ်သော စက်ရုံအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းတွင် ထည့်သွင်းပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ရှင်းလင်းဖြေကြား
  • အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တင်သွင်းသည့် ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်မရှိ အတည်ပြုရန် လွှတ်တော်၏ သဘောထားကို ရယူပြီး လွှတ်တော်ဥက္ကဌက အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၂) ကျင်းပ
  • အစည်းအဝေးတွင် အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီဝင် ဦးသန်းလွင်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်း
  • ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပေးပို့လာသည့်အတွက် အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ခြင်းဖြစ်
  • ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို အမျိုးသားလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ တင်သွင်းနိုင်ကြောင်း ကြေညာထား
  • အစည်းအဝေးတွင် ရခိုင်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နို််င်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်းအား     (၂၀၀×၃၀×၂၅) ပေ နှစ်ထပ် RC ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိိ၊ မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • မန္တလေးမဲဆန္ဒနယ်အမှတ်(၈)မှ ဦးခင်အောင်မြင့်တင်သွင်းထားသည့် တိုင်းရင်းသားမျိုးနွယ်စုများအတွက် စာမတတ်သူပပျောက်ရေး၊ အဆင့်မြင့်ပညာများ သင်ကြားနိုင်ရေးနှင့် တိုင်းရင်းသားစာပေထွန်းကားရေးတို့ကို အထူးစီမံကိန်းချမှတ်၍ စဉ်ဆက်မပြတ် အားပေးမြင့်တင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ ရခိုင်မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဝေစိန်နှင့် ကရင်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနို်င်တို့က ဆွေးနွေး
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s