2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၆ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၅) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတို့က မေးခွန်း ၁၂ ခုကို ရှင်းလင်းဖြေကြား
  • ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က နိုင်ငံတော်၏ ဘဏ္ဍာငွေများစွာ ကုန်ကျခဲ့သော ပုံညာရထားဥမင်ကြီးအား ကားဥမင်အဖြစ် အသုံးပြုနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • တောင်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာဦးစောနိုင်က ငမိုးရိပ်ချောင်းအတွင်း ကုမ္ပဏီတစ်ခုမှ ပိုင်ရိုက်ကာ ရေစီးကြောင်းပြောင်းစေပြီး ကမ်းနံရံချဲ့နေခြင်းကို သက်ဆိုင်ရာဌာနအနေဖြင့် ငမိုးရိပ်ချောင်း ရေရှည်ထိန်းသိမ်းခြင်းအတွက် မည်သို့စီစဉ်ထားသည်ကို သိလိုကြောင်း မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • ကျောက်တော်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၏ ကျောက်တော်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်စေသည့် ရထားလမ်း၊ ကားလမ်းများအား ပြန်လည်စိစစ်ပြီး ရေစီးရေလာကောင်းမွန်အောင် ပြန်လည်ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရှင်းလင်းဖြေကြား
  • သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းက သံဖြူဇရပ်မြို့နယ် ကျုံကဒတ်ကျေးရွာ၌ ပုံစံ(၇)အရ လယ်သမား ၁၃၂ ဦး၊ လယ်မြေ ၁၇၆၈ ဧကရှိပြီး စိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၄၁၉ သိန်း မထုတ်ပေးနိုင်မှုအပေါ် မည်သည့်ဌာန၊ ပုဂ္ဂိုလ်များ၌ တာဝန်ရှိပြီး မည်သို့အရေးယူမည်နှင့် နောင်ကာလများတွင် မည်သို့ စီမံဆောင်ရွက်မည်ကို သိလိုကြောင်း မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ရရှိထားသော တောင်သူလယ်သမားများအား အချိန်မီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုးက သာစည်မြို့နယ် လှိုင်းတက်ကျေးရွာအုပ်စု စိုက်ပျိုးရေးကျေးရွာပိုင် မြေနေရာကို ဝန်ကြီးဌာနပိုင်မြေအဖြစ်မှ စွန့်လွှတ်ပြီး ကျေးရွာပိုင်မြေနေရာအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s