2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၈ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၇) နံနက်ပိုင်းတွင် ကျင်းပ
  • မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုးက ညောင်ရွှေဟော်နန်းကြီး ပြုပြင်ဆောင်ရွက်နေမှုကို ဌာနေတိုင်းရင်းသား ပြည်သူလူထုများ ပွင့်ပွင့်လင်းလင်းသိရှိနိုင်ရန် ရှင်းပြစေလိုကြောင်း မေးမြန်းရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ရှင်းလင်းဖြေကြား
  • တွံတွေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်က မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် (Least Development Country—DC) အဖြစ် သတ်မှတ်ခံယူခွင့်ရှိကြောင်း၊ ယင်းသို့ သတ်မှတ်ခံရခြင်းကြောင့် မည်သည့်အခွင့်အရေးများ ရရှိကြောင်း၊ မြန်မာနိုင်ငံ(LDC) ဘဝမှ လွတ်မြောက်ရေးအတွက် နိုင်ငံတော်အစိုးရက မည်သို့မည့်ပုံ စီစဉ်ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးမြန်းရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဖြေကြား
  • လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက အခွန်စနစ်နှင့်ပတ်သက်သော မေးခွန်းကို မေးမြန်းရာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဖြေကြား
  • ပန်းဘဲတန်းမဲဆန္ဒနယ်မှ ဦးနေဖူးဗဆွေတင်သွင်းသည့် နိုင်ငံတော်အတွင်းရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အကျိုးပါဝင်ပတ်သက်သူများအားလုံးသည် E-Government Website များနှင့် Mobile Application များမှတစ်ဆင့် ဌာနဆိုင်ရာဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို ရယူသုံးစွဲနိုင်ရေးအတွက် E-Government စနစ်များ ပိုမိုထိရောက်အောင်မြင်စွာ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်း
  • အဆိုကို ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်းက ထောက်ခံဆွေးနွေး၊ အဆိုကို လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး လွှတ်တော်ဥက္ကဌက လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၇) နံနက် ၁၀ နာရီတွင် ကျင်းပ၊ အစည်းအဝေးတွင် မေးခွန်းနှစ်ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခုဆွေးနွေးခြင်းတို့ကို ဆောင်ရွက်
  • အစည်းအဝေးတွင် မွန်မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေးက မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း သံလွင်မြစ်ရေကြီးပြီး ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် ရေငံတား တာတမံများနှင့် တိမ်ကောလာသည့် ချောင်းရိုးများအား ပြုပြင်တူးဖော်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • မန္တလေးမဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်အုန်းကြည်က မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် စမာရေလွှဲဆည်မှ စမာရေပေးမြောင်းဖောက်လုပ်ရာတွင် မြေယာဆုံးရှုံးခဲ့သည့် တောင်သူ ၆၀ ၏ စိုက်ပျိုးမြေ ရ၅ ဧကအတွက် နစ်နာကြေးနှင့် လျော်ကြေးငွေများ ထုတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • အထက်ပါမေးခွန်းနှစ်ခုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြား
  • မန္တလေးမဲဆန္ဒနယ်အမှတ်(၈)မှ ဦးခင်အောင်မြင့်၏ တိုင်းရင်းသားမျိုးနွယ်စုများအတွက် စာမတတ်သူ ပပျောက်ရေး၊ အဆင့်မြင့်ပညာများ သင်ကြားနိုင်ရေးနှင့် တိုင်းရင်းသားစာပေထွန်းကားရေးတို့ကို အထူးစီမံကိန်းများချမှတ်၍ စဉ်ဆက်မပြတ် အားပေးမြှင့်တင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး
  • အဆိုကို ကယားမဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်လွီးဇာနှင့် ရန်ကုန်မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၇)ဦး ဆွေးနွေးခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s