2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၉ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉) ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၈) ကျင်းပ၊ အစည်းအဝေးတွင် မေးခွန်းသုံးခု မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်းတစ်ခုတင်သွင်းခြင်းတို့ကို ဆောင်ရွက်
  • ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးမြင့်လွင်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် တရားမဒုတိယ အယူခံမှု/ပြင်ဆင်မှု/ရာဇဝတ်အယူခံမှု/ပြင်ဆင်မှု(တစ်ပါးထိုင်) အမှုများကို အထက်မြန်မာပြည်အတွက် မန္တလေးမြို့၌လည်းကောင်း၊ အောက်မြန်မာပြည်အတွက် ရန်ကုန်မြို့၌လည်းကောင်း ရုံးထိုင်စစ်ဆေးပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ဖြေကြား
  • ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က ဆက်သွယ်ရေးတာဝါတိုင်ကန်ထရိုက်ရရှိသော ကုမ္ပဏီအချို့သည်  ချမှတ်ထားသော စာချုပ်ပါ စည်းကမ်းများတိကျစွာ လိုက်နာမှုမရှိဘဲ တာဝါတိုင်တွင် အသုံးပြုထားသော မီးစက်များမှ ဆူညံသံကြောင့် ပတ်ဝန်းကျင်မှ အနှောင့်အယှက် ဖြစ်နေပါသဖြင့် သက်ဆိုင်ရာမှ ကိုယ်တိုင်ကွင်းဆင်းလေ့လာစစ်ဆေးပြီး ဆူညံမှုများ လျော့နည်းသက်သာစေရန် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်း
  • ယင်းမေးခွန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • မိုးကောင်းမဲဆန္ဒနယ်မှ ဦးဝင်းနိုင်က မြစ်ကြီးနား-မန္တလေးလမ်းပိုင်းတွင် စုန်/ဆန်ပြေးဆွဲလျက်ရှိသည့် မြန်မာ့မီးရထားများမှ လူစီးတွဲများအား ပိုမိုကောင်းမွန်သည့် တွဲဆိုင်းများဖြင့် အစားထိုးပေးရန်နှင့် မီ်းရထားဝန်ထမ်းများအတွက် ပြည်သူ့ဆက်ဆံရေးသင်သန်းများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • အစည်းအဝေးတွင် ထန်းတပင်မဲဆန္ဒနယ်မှ ဦးဇော်ဝင်းက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၇)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၈) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် မန္တလေးမဲဆန္ဒနယ်အမှတ်(၈)မှ ဦးခင်အောင်မြင့်၏ တိုင်းရင်းသားမျိုးနွယ်စုများအတွက် စာမတတ်သူ ပပျောက်ရေး၊ အဆင့်မြင့်ပညာများ သင်ကြားနိုင်ရေးနှင့် တိုင်းရင်းသားစာပေထွန်းကားရေးတို့ကို အထူးစီမံကိန်းများချမှတ်၍ စဉ်ဆက်မပြတ် အားပေးမြှင့်တင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး
  • အဆိုကို တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦး၊ တနင်္သာရီမဲဆန္ဒနယ်အမှတ်(၄)မှ ဦးဟန်ဝင်းသိန်း၊ မွန်မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ၊ ကရင်မဲဆန္ဒနယ်အမှတ်(၄)မှ နန်းမိုးမိုးထွေးနှင့် ရှမ်းမဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်တို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးတို့က ဆွေးနွေးခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s