2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၀ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀) ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၉) ကျင်းပ၊ အစည်းအဝေးတွင် မေးခွန်း ၁၂ခု မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်
  • ဆော့လော်မဲဆန္ဒနယ်မှ ဦးလာမာလေး၏ ဆော့လော်မြို့နယ် လန်ဆယ်ဒေသတွင် ရေဘေးကြောင့် လမ်းမကြီးနှင့် လမ်းမကြီးပေါ်ရှိ တံတားများ မြေပျိုပျက်စီးမှုနှင့် ရေဘေးသင့်ပြည်သူတို့၏ စာနပ်ရိက္ခာအခက်အခဲအတွက် သက်ဆိုင်ရာအစိုးအဖွဲ့မှ မည်ကဲ့သို့ ဆောင်ရွက်ပေးနေသည်ကို သိရှိလိုကြောင်း မေးမြန်း
  • ယင်းမေးခွန်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေးက နာဂကိုယ်ပို်င်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များတွင် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ ရိုးရိုးလွှင့်စက် (Analogue System) မှ (Digital System) သို့ အဆင့်မြှင့်ပြောင်းလဲတပ်ဆင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဖြေကြား
  • ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဦးဖြိုးဇေယျာသော်(ခ) ဦးဇေယျာသော် ၏ ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသောဦးစီးဌာနနှင့် ဌာနများတွင် ရုံးလုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းစဉ်များနှင့် လိုအပ်သော အချက်အလက်များကို အများပြည်သူ မြင်သာသော နေရာများတွင် ချိတ်ဆွဲပြသထားခြင်းနှင့် Website, Social Media အစရှိသော အင်တာနက်၊ လူမှုကွန်ယက်များတွင် ဖြန့်ချိပေးရန် အစီအစဉ်ရှိ၊ မရှိမေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဖြေကြား
  • တွံတွေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်က နိုင်ငံဖွံ့ဖြိုးတိုုးတက်ရေး၏ အခြေခံ အုတ်မြစ်တစ်ခု ဖြစ်သော စာအုပ်ထုတ်ဝေရေးလုပ်ငန်း ပြန်လည်မြင့်တက်လာရေးအတွက် ရေတို၊ ရေရှည်အစီအစဉ်များ ရှိ၊ မရှိနှင့် မြန်မာစာပေ၊ ကမ္ဘာ့စျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေး အတွက် ဘာသာပြန်လုပ်ငန်းနှင့်ပတ်သက်၍ စာပေလောကသားများအား အစိုးရက ထိထိရောက်ရောက် ကူညီပံ့ပိုးပေးရန် အစီအစဉ်ရှိမရှိ မေးမြန်း
  • ယင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၈)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၉) ကျင်းပ
  • အစည်းအဝေးတွင် ချင်းမဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်က နိုင်ငံတော်အစိုးရ၏ ဒုတိယ ငါးနှစ်သက်တမ်းကာလအတွင်း အလုပ်လက်မဲရာခိုင်နှုန်း လျော့ချရေး၊ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက် စီစဉ်ဆောင်ရွက်ထားခြင်းရှိ၊ မရှိ မေးမြန်းရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းဖြေကြား
  • စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၉)မှ ဦးကိုကိုနိုင်က မိမိတို့မွေးဖွားရာ နေရာဒေသများမှ ဆယ်စုနှစ်များစွာ စွန့်ခွာ၍ အလုပ်အကိုင် အခွင့်အလမ်းပေါများရာ စီးပွားရေးလုပ်ကိုင် အဆင်ပြေနိုင်သည့် နေရာဒေသများသို့ သွားရောက်ပြောင်းရွှေ့ လုပ်ကိုင်ခဲ့ကြပြီး ယနေ့ထိတိုင် အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်သို့မဟုတ် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ထားခြင်း မရှိသေးသည့် ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသော မြန်မာနိုင်ငံသားများကို နိုင်ငံတော်အစိုးရက နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိစေရန် မည်သို့ဆောင်ရွက်ပေးသွားမည်ကို သိလိုခြင်းမေးခွန်း
  • ချင်းမဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်းက မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်နေ ဦးမနားထမ်း၏သား မောင်ထမ်းကီးသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ GIGA Engineering & Construction SDN BHD Co., Ltd. တွင် လုပ်ငန်းတာဝန်ထမ်းဆောင်စဉ် သေဆုံးသဖြင့် အဆိုပါကုမ္ပဏီမှ နစ်နာကြေးငွေ ရင်းဂစ် ၂၅၀၀ ထုတ်ယူရရှိရေးအတွက် မြန်မာနိုင်ငံမှ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့် မလေးရှားနိုင်ငံသံရုံးတို့ ချိတ်ဆက်၍ ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ မေးမြန်း
  • ယင်းမေးခွန်းနှစ်ခုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းဖြေကြား
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်ကျော်ဇံက အသစ်ဖွဲ့စည်းထားသည့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှစ်ခုတွင် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသော ဒေသခံတိုင်းရင်းသားများကိုသာ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ဦးစီးမှူးများအဖြစ် ခန့်အပ်တာဝန်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • ယင်းမေးခွန်းကို တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က ရှင်းလင်းဖြေကြား
  • အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော ငြိမ်းစုစီဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄)ဦးတို့က ပြင်ဆင်ချက်များကို ဆွေးနွေး၊ လွှတ်တော်ဥက္ကဌက အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ကြောင်း ကြေညာခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s