2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၃ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၁)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၁၂) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံက စစ်တွေမြို့အခြေစိုက် အမှတ်(၃၅၄) ခြေလျင်တပ်ရင်းမှ သိမ်းယူထားသော ပေါက်တောမြို့နယ် သစ်ပုတ်ကျေးရွာ လယ်သမားများပိုင် လယ်မြေ ၁၅၂ ဧကကို သက်ဆိုင်ရာလယ်သမားများထံ ပြန်လည်ပေးအပ်နိုင်ခြင်း ရှိ၊ မရှိ မေးမြန်းရာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ရှင်းလင်းဖြေကြား
  • စဉ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ကြည်မို့မို့လွင်က စဉ့်ကိုင်မြို့နယ်အမှတ်(၂) အထည်စက်ရုံ(ပလိပ်)မှ အလုပ်ရှင် Panda Textile Co.,Ltd. နှင့် အလုပ်သမားများကြားရှိ အလုပ်သမားသပိတ်နှင့်စပ်လျဉ်း၍ ဖြေရှင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ရှင်းလင်းဖြေကြား
  • ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က ပြည်မြို့နယ်ရှိ နဝဒေစက်မှုဇုန်တွင် မြေကွက်များရယူထားပြီး စက်မှုလုပ်ငန်း အကောင်အထည်ဖော်လုပ်ဆောင်ခြင်းမရှိသော မြေကွက်များကို အစိုးရအဖွဲ့မှ မြေကွက်များချထားပေးစဉ်က ပါရှိသည့် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ စစ်ဆေးဆောင်ရွက်ပြီး ပြန်လည်သိမ်းယူ၍ အမှန်တကယ် စက်ရုံအလုပ်ရုံများအဖြစ် ရင်းနှီးမြုပ်နှံလုပ်ကိုင်လိုသူများအား ပြန်လည်စိစစ်ချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ရှင်းလင်းဖြေကြား
  • အစည်းအဝေးတွင် ဆောမဲဆန္ဒနယ်မှ ဦးကျော်တင်၏ ဆောမြို့နယ်မြောက်ပိုင်း နတ်ရဲကျေးရွာတွင် လေယာဉ်ကွင်းတည်ဆောက်ရန် လယ်ယာမြေများ သိမ်းယူခဲ့စဉ်က နစ်နာကြေးအဖြစ် လျော်ကြေးပေးရန် ကျန်ရှိသော တောင်သူဦးရေ ၁၀၁ ဦး၏ ကျန်ရှိဧက ၂၈၇ ဒသမ ရ၂ အား ကာလပေါက်စျေးနှင့်အညီ နစ်နာကြေးပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းရာ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ရှင်းလင်းဖြေကြား
  • နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၏ မိုင်းနှင့် ပေါက်ကွဲအားပြင်းသော လက်နက်ခဲယမ်းများ တွင်ကျယ်စွာ အသုံးပြုနေမှုတို့ကြောင့် အပြစ်မဲ့ပြည်သူများနှင့် သက်ရှိများ၏ ဘဝလုံခြုံမှုမရှိဘဲ ဖြစ်နေခြင်းတို့ကို သက်ဆိုင်ရာမှ မည်သို့ကူညီပေးနေသည်နှင့် အသုံးပြုမှု လျော့နည်းသွားစေရန် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ရှင်းလင်းဖြေကြား
  • မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုက မင်းတုန်းမြို့နယ်အတွင်းရှိ အမှတ်(၄)ရပ်ကွက်တွင် ဖွင့်လှစ်ခဲ့သော ဝင်းသူဇာအရောင်းဆိုင်မြေနေရာအစား မူလပိုင်ရှင်ဖြစ်သော အမှတ်(၄)ရပ်ကွက်သို့ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ရှင်းလင်းဖြေကြား
  • ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၏ ပုဏ္ဏားကျွန်းမြို့ စက်မှုဇုန်စီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ရှင်းလင်းဖြေကြား
  • ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးနိုင်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မည်သူအဆို သင်ကြားတတ်မြောက်စေမည့် နည်းပညာသင်တန်းကျောင်းများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ရှင်းလင်းဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၉)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၁၂)ကျင်းပ
  • အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌက သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏အဆုံးအဖြတ်ရယူ၍ ပြင်ဆင်ထားသည့်အတိုင်း အတည်ပြု
  • အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် ခင်မောင်အေးက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော ကော်မတီ၏အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အတည်ပြုပေးရန် အဆိုတင်သွင်းသည့်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီ်း ယင်းဥပဒေကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုခဲ့
  • ရှမ်းမဲဆန္ဒနယ်အမှတ်(၅)မှ ဦးညီစိန်က မြို့ပြနှင့် ကျေးလက်ပညာရေးကဏ္ဍ ကွာဟချက်များကို အချိန်မီပြုပြင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရှင်းလင်းဖြေကြား
  • မန္တလေးမဲဆန္ဒနယ်အမှတ်(၈)မှ ဦးခင်အောင်မြင့်၏ တိုင်းရင်းသားမျိုးနွယ်စုများအတွက် စာမတတ်သူ ပပျောက်ရေး၊ အဆင့်မြင့်ပညာများ သင်ကြားနိုင်ရေးနှင့် တိုင်းရင်းသားစာပေထွန်းကားရေးတို့ကို အထူးစီမံကိန်းများချမှတ်၍ စဉ်ဆက်မပြတ် အားပေးမြှင့်တင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး
  • အဆိုကို မန္တလေးမဲဆန္ဒနယ်အမှတ်(၅)မှ ဦးအောင်မျိုးလတ်၊ ရှမ်းမဲဆန္ဒနယ်အမှတ်(၅)မှ ဦးညီစိန်၊ ကရင်မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ)ဒေါက်တာအာကာမိုးတို့က ဆွေးနွေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အဆိုကို မှတ်တမ်းတင်ခြင်းသာပြုသင့်ပါကြောင်း ရှင်းလင်းဖြေကြား
  • အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဌက လျှို့ဝှက်စက်ခလုတ်နှိပ် ဆန္ဒပြုသည့်နည်းလမ်းဖြင့် အဆုံးအဖြတ်ရယူရာ ကန့်ကွက်မဲများသည့်အတွက် အဆိုကို အတည်မပြုကြောင်းကြေညာ
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၁၂) မွန်းလွဲ ၂ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့၌ ကျင်းပသည့် (၁၁)ကြိမ်မြောက် အာရှ-ဥရောပ(အေဆမ်) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ခရီးစဉ်မှတ်တမ်း သဝဏ်လွှာကို လွှတ်တော်က မှတ်တမ်းတင်
  • နို်င်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအစိုးရအပ်ငွေ စာရင်း၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချေးငွေရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါ်ခင်စောဦးက လွှတ်တော်သို့ ရှင်းလင်းတင်ပြ
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ထပ်မံ ရှင်းလင်းတင်ပြ၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က အတည်ပြုခဲ့
  • ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် က ပြုစုတင်ပြသည့် တရားဥပဒေစိုးမိုးရေး(The Rule of the Law)၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ဦးစားပေးပြဌာန်းပေးသင့်သည့်ဥပဒေများ စိစစ်တွေ့ရှိချက်တို့နှင့် စပ်လျဉ်း၍ ဒုတိယဥက္ကဌ ဦးကိုကိုနိုင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြရာ ယင်းအစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်
  • ပြည်ထောင်စုအစိုးရမှပေးပို့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု နှစ်ပတ်လည်အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယင်းအစီရင်ခံစာကို လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြ
  • ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ပြည်ထောင်စုဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြ
  • ယင်းအစီရင်ခံစာများနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာသုံးသပ်ချက်အစီရင်ခံစာများကို ရှင်းလင်းတင်ပြကြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း ပေးပို့နိုင်ကြောင်း ကြေညာ
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့မှ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းတင်ပြခဲ့
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်းကောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စားအဖြစ်လည်းကောင်း ရှင်းလင်းတင်ပြခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s