2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၅ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၂)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၁၄) ကျင်းပ
  • အစည်းအဝေးတွင် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက ပုဂ္ဂလိကကုမ္ပဏီများကို သစ်ခုတ်ခွင့်၊ သစ်ထုတ်လုပ်ခွင့်ရပ်ဆိုင်းရန်နှင့် တရားမဝင်သစ်ခိုးထုတ်နေခြင်းကို ထိရောက်စွာအရေးယူရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းမေးမြန်း
  • တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်က တောင်ကုတ်မြို့နယ် သင်္ချီကိုင်းကျေးရွာအုပ်စု နေပူတောင်ဒေသ ကွင်းအမှတ်(၅၂) ကြေးတိုင်ပြင်ကွင်း တောရိုင်းမြေ (၅၈၅ ဒသမ ရ၂) ဧကရှိ မြေနေရာကို မာဘယ်(လ်)အလှဆင်ကျောက် (အကြီးစား) တူးဖော်ထုတ်လုပ်ခြင်းစီမံကိန်းအတွက် သတ္တုတွင်းဝန်ကြီးဌာနနှင့် ဗီယက်နမ်နို်င်ငံ Simco Song Da Joint-Stoke Co.,Ltd တို့ စာချုပ်ချုပ်ဆိုခဲ့ကြသော စာချုပ်ပါသဘောတူညီချက်များအား ပြည်သူများသိရှိစေရန် ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်း ရှိ၊ မရှိ မေးမြန်း
  • အထက်ပါမေးခွန်းနှစ်ခုနှင့်စပ်လျဉ်း၍ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြားခဲ့
  • ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက ကျောက်တန်းမြို့နယ်အတွင်းရှိ  ရှေးဟောင်းသာသနာ့အဆောက်အအုံများနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ရှေးဟောင်းဘုရားများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက စီမံစောင့်ရှောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှင်းလင်းဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၀)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၁၄)တွင် ကျင်းပ
  • အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ကချင်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးယောနာက လွှတ်တော်ဥက္ကဌရှေ့မှောက်၌ ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုုး
  • အစည်းအဝေးတွင် အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းအား လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး၊ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့
  • ယင်းဥပဒေကြမ်းကို ရှမ်းမဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်၊ မွန်မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်း၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးဝင်းသိန်းနှင့် ကရင်မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေးတို့က ပါဝင်ဆွေးနွေးခဲ့
  • ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဧရာဝတီမဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်း၊ ကယားမဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၊ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်မိုးတို့ ပါဝင်ဆွေးနွေးခဲ့၊ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s