2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၆ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၃)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၁၅)ကျင်းပ
  • အစည်းအဝေးတွင် ပန်းဘဲတန်းမဲဆန္ဒနယ်မှ ဦးနေဖူးဗဆွေ၏ နိုင်ငံတော်အတွင်းရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အကျိုးပါဝင်ပတ်သက်သူများအားလုံးသည် E-Government Website များနှင့် Mobile Application များမှတစ်ဆင့် ဌာနဆိုင်ရာဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို ရယူသုံးစွဲနိုင်ရေးအတွက် E-Government စနစ်များ ပိုမိုထိရောက်အောင်မြင်စွာ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
  • အဆိုကို နွားထိုးကြီးမဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်၊ ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်း၊ အမရပူရမဲဆန္ဒနယ်မှ ဦးစိုးမြင့်(ခ) ဦးအောင်ဇော်မြင့်နှင့် ကွမ်းလုံမဲဆန္ဒနယ်မှ ဦးယန်ကျင်းကန်အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးတို့က ဆွေးနွေးခဲ့
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၁)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၁၅) ကျင်းပ
  • အစည်းအဝေးတွင် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဌ ဦးသိမ်းဆွေက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် အဆို၊ မေးခွန်းများနှင့်စပ်လျဉ်းသည့် ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား
  • အစီရင်ခံစာ၌ ယင်းပထမပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ကြယ်ပွင့်ပြမေးခွန်း ၃၃ခု၊ ကြယ်ပွင့်မပြမေးခွန်း ၂၆ခု၊ စုစုပေါင်း မေးခွန်း ၅၉ ခု မေးမြန်းခဲ့ပြီး အဆိုတစ်ခု တင်သွင်းခဲ့ရာ ကြယ်ပွင့်ပြမေးခွန်း ၂၃ ခုနှင့် ကြယ်ပွင့်မပြမေးခွန်း ၁၄ခု ကတိဖြစ်ပေါ်ခဲ့ပြီး အဆိုတစ်ခုကို လွှတ်တော်က မှတ်တမ်းအဖြစ်သာ ထားရှိကြောင်း ပါရှိ
  • အစည်းအဝေးတွင် မွန်မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်က မွန်ပြည်နယ် မော်လမြိုင်မြို့ မောင်ငံရပ်ကွက် အုပ်စုအမှတ်(၉) အကွက်နံပါတ် ၇၀ အက္ခရာနံပါတ် ၈၆ ဦးပိုင်အမှတ် ၆၅ ဧရိယာ ၄ ဒသမ ၅၉၁ ဧကရှိ မြေကွက်များအား ကုန်းလမ်းသယ်ယူပို့ဆောင်ရေးအဖွဲ့မှ လုပ်ငန်းလုပ်ကိုင်ရန် သိမ်းယူခဲ့ပြီးနောက် ယခု လက်ရှိတွင် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိတော့သဖြင့် မူလသိမ်းဆည်းခဲ့သည့် ပိုင်ရှင်များ၏ နစ်နာဆုံးရှုံးမှုများကို ကုစားပေးရန် သို့မဟုတ် အစားထိုးဖြေလျော့မှုများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • ယင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • တနင်္သာရီမဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်းက တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် ထောင်ခမတ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများကို သိမ်းဆည်းပြီး တောင်ဒဂုံ ဆီအုန်းကုမ္ပဏီမှ စားအုန်းဆီပင်များ စိုက်ပျိုးထားသော မြေနေရာများအား ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ၊ မရှိ၊ ဘုတ်ပြင်းလေဆိပ် ဆောက်လုပ်ရေးစီမံကိန်းအတွက် သိမ်းဆည်းခံရသော ဥယျာဉ်ခြံမြေများကို လျော်ကြေးပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် လေဆိပ်စီမံကိန်းမှ အသုံးဘဲကျန်ရှိနေသော ဥယျဉ်ခြံမြေများအား ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • အထက်ပါမေးခွန်းများနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်းက ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ရဲကျွန်း-မြောက်ရွာ ဆိပ်ခံတံတားကို စက်လှေများ ဆိုက်ကပ်နိုင်ရေးအတွက် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးဇော်မင်းက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ငြိမ်းစုစီဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အတည်ပြုချက်အတိုင်း အတည်ပြုခဲ့
  • ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s