2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၇ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၄)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၁၆) နံနက် ၁၀ နာရီတွင် ကျင်းပ၊ အစည်းအဝေးတွင် မေးခွန်းနှစ်ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခု ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့
  • အစည်းအဝေးတွင် ပေါက်ခေါင်းမဲဆန္ဒနယ်မှ ဒေါ်နီနီဒွန်းက ဆက်လက်ပြေးဆွဲခြင်းမရှိတော့သော ပြည်-ပေါက်ခေါင်းမီးရထားလမ်းအား မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးမြန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြား
  • မာန်အောင်မဲဆန္ဒနယ်မှ ဦးတင်နု(ခ)ဦးတင်နုအောင်က မာန်အောင်မြို့နယ်မှ ပြည်သူများ အန္တရာယ်ကင်းစွာ ခရီးသွားလာနိုင်ရန်အတွက် အုန်းချောင်းသို့အဝင် ချောင်းအဝကို ပြန်လည်တူးဖော်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • အစည်းအဝေးတွင် ပန်းဘဲတန်းမဲဆန္ဒနယ်မှ ဦးနေဖူးဗဆွေ၏ နိုင်ငံတော်အတွင်းရှိ ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အကျိုးပါဝင်ပတ်သက်သူများအားလုံးသည် E-Government Website များနှင့် Mobile Application များမှတစ်ဆင့် ဌာနဆိုင်ရာဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို ရယူသုံးစွဲနိုင်ရေးအတွက် E-Government စနစ်များ ပိုမိုထိရောက်အောင်မြင်စွာ အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး
  • အဆိုကို တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ မင်းပြားမဲဆန္ဒနယ်မှ ဦးစစ်နိုင်တို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေးခဲ့
  • ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ အဆိုကို မှတ်တမ်းတင်ထားရှိသင့်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေး
  • လွှတ်တော်ဥက္ကဌက အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားရယူပြီး လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာခဲ့
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၂)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၁၆) ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်က ရခိုင်ပြည်နယ် ကျောက်တော်မြို့၏ အဓိကလမ်းမကြီး တစ်လမ်းဖြစ်သည့် ကမ်းနားလမ်းကို လူသွားလမ်းပလက်ဖောင်းအပါ ၂၄ ပေအကျယ် ကွန်ကရစ်လမ်းဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ရန်ကုန်မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးက မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ ပုဒ်မ ၄ အရ အသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို မည်သည့်အချိန်တွင် ဖွဲ့စည်းမည်၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ နည်းဥပဒေကို မည်သည့်အချိန်တွင် ရေးဆွဲပြီးစီးပြဌာန်းနိုင်မည်ကို သိလိုကြောင်း မေးမြန်းရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • ပဲခူးမဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာဝင်းမြင့်ချစ်၏ သရေခေတ္တရာ ပျူမြို့ဟောင်းကို UNESCO အဖွဲ့ကြီး၏ ကမ္ဘာ့အမွေအနှစ်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်အညီ ကောင်းစွာ ထိန်းသမ်းစောင့်ရှောက်နိုင်ရန် ပြည်ထောင်စုအဆင့် Master Plan ရေးဆွဲဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးမြန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဖြေကြား
  • မွန်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ မြို့နယ်များတွင် ခိုကိုးရာမဲ့ တောင်းရမ်းစားသောက်နေသူများကို ပြုစုစောင့်ရှောက်၍ ၄င်းတို့ဘဝများ ပြန်လည်ရှင်သန်လာစေရန် လုပ်ဆောင်ပေးမည့် စီမံကိန်းတစ်ရပ် ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၁၆) မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အိန္ဒိယသမ္မတနိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်မှတ်တမ်း သဝဏ်လွှာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်ကြောင်းကြေညာ
  • နိုင်ငံတော်သမ္မတထံမှပေးပို့သည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများအဖြစ် ဒေါက်တာထွန်းနိုင်နှင့် ဦးဝင်းမော်ထွန်းတို့အား ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်းကြေညာ
  • နိုင်ငံတော်သမ္မတထံမှပေးပို့သည့် International Conventation on Oil Pollution Preparedness, Response and Cooperation (OPRC 1990 Convention) တွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းတင်ပြ
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်နာယက က ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
  • ပြည်ထောင်စုအစိုးရအဖွဲ့ကပေးပို့သော အမျိုးသားပညာရေး မူဝါဒကော်မရှင် ဖွဲ့စည်းရေးကိစ္စနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းတင်ပြ၊ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • နိုင်ငံတော်သမ္မတထံမှပေးပို့သည့် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့မှ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခေါ်) သန်းစိုး(ဘောဂဗေဒ)၊ စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်တို့အပါအဝင် လွှတ်တော်ကိုယ်စားလှယ် (၁၈)ဦးတို့က ဆွေးနွေးခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s