2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၀ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၅ ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၁၉) နံနက် ၁၀ နာရီတွင် ကျင်းပ၊ အစည်းအဝေးတွင် မေးခွန်းနှစ်ခု မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်းတစ်ခုနှင့်စပ်လျဉ်းသည့် ပြင်ဆက်ချက်အဆိုများ ဆွေးနွေးခြင်းတို့ ကို ဆောင်ရွက်
  • ကော့သောင်းမဲဆန္ဒနယ်မှ ဦးခင်ဇော်က ၁၉၄၅ ခုနှစ်က ပြဌာန်းခဲ့သည့် ရဲအက်ဥပဒေအား ခေတ်နှင့်လျော်ညီသော ဥပဒေဖြစ်အောင် ပြုပြင်ရေးဆွဲရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်းက အများပြည်သူနှင့် ယာဉ်များသွားလာနေသည့် လမ်းများပေါ်ရှိ အန္တရာယ်အကွေ့များတွင် လမ်းနှင့်ယာဉ်များအား ကွယ်နေသည့် အဆောက်အအုံ၊ စျေးဆိုင်နှင့် အပင်များကို ဖယ်ရှားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • အထက်ပါမေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြား
  • အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအပိုဒ်နှင့် အပိုဒ်ခွဲများကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ကြ
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဌက အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်းပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့လာသော ယင်းဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၃)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၁၉) ကျင်းပ
  • အစည်းအဝေးတွင် ချင်းမဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်က ချင်းပြည်နယ် တီးတိန်မြို့နယ် လေသာတောင်တန်းကို သဘာဝဘေးမဲ့တောအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • မွန်မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်ဇော်ဦးက မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ တာဝန်ထမ်းဆောင်နေသည့် ပညာရေးဝန်ထမ်းများ၏ ဝန်ထမ်းအိမ်ရာများကို နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖွံ့ဖြိုးရေးရန်ပုံငွေမှ ဆောက်လုပ်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ မေးမြန်းရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်က လွှစက်များကြောင့် သဘာဝသစ်တောသယံဇာတများ လုံးဝပြုန်းတီးပျက်စီးသွားနိုင်သဖြင့် အဆိုပါလွှစက်များအား စနစ်တကျထိန်းချုပ်သွားရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ကချင်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျေယောဝူက ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် အရှေ့ခြမ်းဖြစ်သော မြန်မာ-တရုတ် နယ်စပ်ကျောက်တိုင်အမှတ် ၃၀-၃၁-၃၅-၄၁ များမှ တရားမဝင် သစ်ခိုးထုတ်နေမှုများနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများအား သိလိုကြောင်း မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s