2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၁ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၆ ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၂၀) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် မေးခွန်းခြောက်ခု မေးမြန်းဖြေကြားခြင်း၊ ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်း၊ လေ့လာတွေ့ရှိချက် အစီရင်ခံစာ ဖတ်ကြားခြင်းနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်း၏ ပြင်ဆင်ချက်အဆိုများကို ဆွေးနွေး
  • ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေးက မြန်မာ-ကိုးရီးယားချစ်ကြည်ရေး ဒလ-ရန်ကုန်တံတား တည်ဆောက်ရေးနှင့်ပတ်သက်၍ မူလရေးဆွဲထားသော တံတားဒီဇိုင်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် JICA တို့ ပူးပေါင်းရေးဆွဲနေသော 2040 Yangon City Plan နှင့် ဆန့်ကျင်ဘက်ဖြစ်ခြင်း၊ ယာဉ်ကြောကျပ်တည်းမှုများ ဖြစ်ပေါ်စေခြင်းများကြောင့် တံတားစီမံကိန်း ရပ်ဆိုင်းရပါက ဒလ-ရန်ကုန်တံတား တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်က ငပုတောမြို့နှင့် လပ္ပတ္တာမြို့နယ်တို့အား ဆက်သွယ်ဖောက်လုပ်ထားသော သက္ကယ်သောင်မြစ်ကူးတံတားကို မည်သည့်ဘဏ္ဍာနှစ်တွင် စတင်တည်ဆောက်မည်ကို သိရှိလိုကြောင်း မေးမြန်း
  • ကျောက်တော်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်းက ကစ္ဆပနဒီ မြစ်ကူးတံတားတည်ဆောက်ရန်အတွက် ဖယ်ရှားခံခဲ့ရသော အိမ်နှင့်ခြံမြေများထဲမှ ယခုအချိန်အထိ အစားမရရှိသေးသည့် အိမ်ထောင်စုများအတွက် အိမ်ရာမြေများ ပြန်လည်အစားထိုးချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • အထက်ပါမေးခွန်းများနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဖြေကြားခဲ့
  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုဥပဒေကြမ်းကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်း၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြံုမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် ၁၅ ချက်ကို လွှတ်တော််သို့တင်သွင်းရာ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များအတိုင်း ဥပဒေကြမ်း၏ အစိတ်အပိုင်းအဖြစ် အတည်ပြုကြောင်း လွှတ်တော်က ကြေညာ
  • အထက်ပါဥပဒေကြမ်းပါ အပိုဒ်၊ အပိုဒ်ခွဲများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်အဆိုများကို ဆွေးနွေးကြပြီး လွှတ်တော်၏ အတည်ပြုချက် ရယူ
  • ထို့နောက် လွှတ်တော်ဥက္ကဌက ယင်းဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည််ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၂၀) ကျင်းပ
  • နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအောင်က ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သည့် အစီရင်ခံစာကို ဖတ်ကြား၊ လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌက ယင်းဥပဒေကြမ်းအား အတည်ပြုပေးရန် အဆိုတင်သွင်း၊ လွှတ်တော်ဥက္ကဌက လွှတ်တော်၏ သဘောထားရယူ၍ ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုခဲ့
  • မန္တလေးမဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် လက်ထောက်ဆရာဝန်များကို စတင်ခန့်ထားသည့်အခါ အထူးကုဆရာဝန်ကြီးများရှိသော တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်သင်ကြားရေး ဆေးရုံကြီးများတွင် နေရာချထားပေးနိုိင်ခြင်းရှိ၊ မရှိ မေးမြန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ဧရာဝတီမဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကြည်ဝင်းက ဧရာဝတီတိုင်းဒေသကြီး လပ္ပတ္တာမြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ချင်းမဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်းက ချင်းပြည်နယ် မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံတွင် လူနာများအား စမ်းသပ်၊ ခွဲစိတ်ပစ္စည်းကိရိယာများ ပြည့်စုံစွာပံ့ပိုးပေးရန်နှင့် ကုသမှုဆိုင်ရာ သမားတော်ကြီးများကို တိုးချဲ့ခန့်ထားရန် အစီအစဉ်ရှိ၊ မရှိနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၂၀)ကျင်းပ
  • အစည်းအဝေးတွင် လွှတ်တော်နာယက က ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျေးရွာအုပ်စု တစ်အုပ်စု အမည်ပြောင်းလဲ ပြင်ဆင် ဖွဲ့စည်းခြင်း၊ ကျေးရွာအုပ်စု နှစ်အုပ်စုနှင့် ကျေးရွာ ၂၃ ရွာ ပယ်ဖျက်ခြင်း၊ မကွေးတိုင်းဒေသကြီး အတွင်း ကျေးရွာ ၁၇ ရွာ ပယ်ဖျက်ခြင်းနှင့် ကျေးရွာအုပ်စု နှစ်အုပ်စု အမည်ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရပ်ကွက်/ကျေးရွာအုပ်စု ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းနှင့် တိုးချဲ့ဖွဲ့စည်းခြင်းတို့ကို လွှတ်တော်သို့တင်ပြပြီး မှတ်တမ်းတင်ကြောင်းကြေညာ
  • ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင်က လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသော ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား
  • နိုင်ငံတော်သမ္မတထံမှပေးပို့သည့် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပြင်သစ်ဖွွွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့မှ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းဆွေးနွေး
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့က သီးခြားစီအသုံးပြုမည်ဖြစ်သည့်အတွက် ချေးယူမည့်ဝန်ကြီးဌာန တစ်ခုချင်းစီအတွက် စက်ခလုတ်နှိပ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူ၊ ထောက်ခံမဲများသဖြင့် ဝန်ကြီးဌာနသုံးခုလုံးအတွက် ချေးငွေချေးယူခွင့်ကို လွှတ်တော်က အတည်ပြုခဲ့
  • ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဆောင်ရွက်မှု နှစ်ပတ်လည်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ စီစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာ (၃/၂၀၁၆) နှင့်စပ်လျဉ်း၍ ရခိုင်မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၊ စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်နှင့် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုတို့က ဆွေးနွေး
  • အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဆွေးနွေး၊ လွှတ်တော်နာယက က ယင်းအစီရင်ခံစာကို လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့
  • ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၁၅-၂၀၁၆  ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ အရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ စီစစ်လေ့လာတွေ့ရှိချက် အစီရင်ခံစာ (၄/၂၀၁၆) နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဆွေးနွေး၊ လွှတ်တော်နာယက က ယင်းအစီရင်ခံစာကို လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s