2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၂ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၇)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၂၁) နံနက် ၁၀ နာရီတွင် ကျင်းပ၊ အစည်းအဝေး၌ မေးခွန်းရှစ်ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့
  • အစည်းအဝေးတွင် မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက စိုက်ပျိုးလုပ်ကိုင်ကြသော တောင်သူဦးကြီးများ၏ လိုအပ်ချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်များ၊ ဓာတ်မြေသြဇာ၊ သဘာဝမြေသြဇာ၊ ပိုးသတ်ဆေးနှင့် စက်ယန္တရားများအပါအဝင် အခြားသွင်းအားစုများကို ပိုမိုပံ့ပိုး၍ ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်းက ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာနှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ အကူအညီများဖြင့် မြစ်ချောင်းများကို စနစ်တကျပြန်လည်တူးဖော်ခြင်း၊ ရေကာတာများကို စနစ်တကျ ထိန်းသိမ်းပြုပြင်ခြင်းများကို နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက မတ်လ(၂)ရက်နေ့အား တောင်သူလယ်သမားနေ့ဟု သတ်မှတ်ထားခြင်းအစား ဆရာစံတောင်သူလယ်သမားအရေးတော်ပုံ၏ အထင်ကရနေ့ရက် တစ်နေ့အား ရွေးချယ်၍ တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • အထက်ပါမေးခွန်းများနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရှင်းလင်းဖြေကြား
  • အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်မှ ဒေါက်တာခင်မောင်မောင်က ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေအရ မှတ်ပုံတင်ပြုလုပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးရာ၌ သွေးနှောပြန်လည်စိစစ်ရန် ညွှန်ကြားထားခြင်းရှိ၊ မရှိ မေးမြန်းရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းဖြေကြား
  • ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးနိုင်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မှတ်ပုံတင်တစ်မျိုးမျိုးထုတ်ပေးမည့် သစ္စာစီမံချက်ကာလအတွင်း ကျန်ရှိနေသေးသော အိမ်ထောင်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင်တစ်မျိုးမျိုး အမြန်ဆုံးထုတ်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးသိမ်းဆွေက ဖြေကြား
  • လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက သောက်သုံးရေပြတ်လတ်သည့် ဘေးဒုက္ခများကို ကြိုတင်ကာကွယ်မှုအနေဖြင့် မိုးရေများကို အကျိုးရှိရှိ အသုံးချနိုင်ရေးအတွက် ရေတွင်း၊ ရေကန်၊ ရေလှောင်တမံများ ပြင်ဆင်ခြင်း၊ အသစ်တူးဖော်ပေးခြင်းအစီအမံများ ရှိ၊ မရှိ မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရှင်းလင်းဖြေကြား
  • စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က မိမိနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုနှင့် လုပ်ခလစာနည်းပါးမှုကြောင့် နိုင်ငံရပ်ခြားသို့ထွက်၍ အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာနိုိင်ငံများမှ အလုပ်ရှင်များက ဥပဒေမဲ့ခိုင်းစေခြင်း၊ အနိုင်ကျင့်ခြင်း၊ စော်ကားခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းပြုလုပ်နေမှုများအား နိုင်ငံတော်အစိုးရမှ နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်၍ အမြန်ဆုံးထိရောက်စွာ ကူညီပံ့ပိုး ကယ်တင်စောင့်ရှောက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်း
  • ယင်းအဆိုကို ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်းက ထောက်ခံဆွေးနွေး၊ လွှတ်တော်ဥက္ကဌက အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူရာ လွှတ််တော်က လက်ခံဆွေးနွေးရန် သဘောတူ၊ အဆိုကို ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၅)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၂၁) ကျင်းပ
  • အစည်းအဝေးတွင် စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့သို့ မဟာဓာတ်အားလိုင်း သွယ်တန်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ချင်းမဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်က ချင်းပြည်နယ် မင်းတပ်မြို့မှတစ်ဆင့် မတူပီမြို့နှင့် ရေဇွာမြို့များသို့ မဟာဓာတ်အားလိုင်းသွယ်တန်းပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် လိုင်လင်းပီမြို့တွင် ဒီဇယ်စက်ဖြင့် လျှပ်စစ်မီးပေးရန် သို့မဟုတ် အလတ်စားရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • မန္တလေးမဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦးက မြန်မာနိုင်ငံအတွင်းမီးလင်းရေးကော်မတီများဖြင့် လျှပ်စစ်မီးလင်းနေသော ကျေးရွာများတွင် အိမ်တိုင်းစေ့ မီးလင်းခွင့်ရရှိရန် အစိုးရမှ ကူညီဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ၊ ကော်မတီသုံးငွေစာရင်းနှင့်ပတ်သက်၍ မပြေလည်မှုများ ဖြစ်ပေါ်ပါက အစိုးရမှ တာဝန်ယူ ကူညီဖြေရှင်းပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် လုပ်ငန်းပြီးမြောက်သည့်အခါ နိုင်ငံတော်မှ တာဝန်ယူလက်ခံပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • လွှတ်တော်ဥက္ကဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းအား လွှတ်တော်သို့ အသိပေးတင်ပြ၊ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
  • ဥပဒေကြမ်းကော်မတီဝင် ဦးအောင်ကြည်ညွန့်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီးပေးပို့လာသော အရေးပေါ်စီမံမှုအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သည့် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း၊ ယင်းဥပဒေကြမ်းအား လွှတ်တော်၏အဆုံးအဖြတ်ဖြင့် ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်အတိုင်း အတည်ပြုခဲ့
  • ၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ မန္တလေးမဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်း၊ တနင်္သာရီမဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးနှင့် ရန်ကုန်မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်တို့က ဆွေးနွေးခဲ့
  • ယင်းဆွေးနွေးချက်များနှင့်ပတ်သက်၍ ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် လွှတ်တော်ဥက္ကဌက ဆုံးဖြတ်
  • အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီဥက္ကဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် အဆို၊ မေးခွန်းများနှင့်စပ်လျဉ်းသည့် ကော်မတီ၏ အစီရင်ခံစာကို သဘောတူလက်ခံရန် အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s