2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၃ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၈)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၂၂) နံနက် ၁၀ နာရီတွင် ကျင်းပ၊ အစည်းအဝေးတွင် မေးခွန်း(၈)ခု မေးမြန်းဖြေကြားခြင်း၊ အရေးကြီးအဆိုနှင့် အဆိုတစ်ခုတင်သွင်းခြင်း၊ အစီရင်ခံစာတစ်ခု ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့
  • ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဦးဖြိုးဇေယျာသော်က ပြည်ပမှ ဆေးနှင့်ဆေးပစ္စည်း ထုတ်လုပ်ဖြန့်ချိသော ဆေးကုမ္ပဏီများသည် ပြည်တွင်းသို့ ဆေးဝါးများဖြန့်ချိရာတွင် မူလဆေးဝါးဖြန့်ချိရေးကုမ္ပဏီမှ N.O.C ကန့်ကွက်ရန် မရှိကြောင်း အသိပေးစာ ပါဝင်မှသာ ဖြန့်ချိရေးကုမ္ပဏီအသစ်တစ်ခု ပြောင်းလဲနိုင််ခြင်းအား ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေက ဘူးသီးတောင် မောင်တောဒေသများအား လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေအရ ကျန်းမာရေးစောင့်ရှောက်ဆောင်ရွက်မည့် ဒေသအဖြစ် သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်က ဧဝရတ်တောင်ထိပ်သို့ တက်ရောက်နိုင်ခဲ့ပြီး မြန်မာနိုင်ငံတော်အလံကို လွှင့်ထူကာ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကို မြင့်မားထည်ဝါစေခဲ့သော လူပုဂ္ဂိုလ်နှင့် အဖွဲ့စည်းများအား ဂုဏ်ပြုချီးမြောက်ရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်း
  • မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစောက မြောက်ဦးမြို့မှ အဆောက်အအုံဟောင်းတစ်ခုပမာ စွန့်ပစ်ထားသော ယခင် ပြည်သူ့ဆေးရုံဟောင်းနှင့် ပတ်သက်၍ ညှိနှိုင်းဖြေရှင်းရန်နှင့် ဆေးရုံဟောင်းတွင် ကျန်းမာရေးလုပ်ငန်းများ၊ ရုံးများ ဖွင့်နိုင်၊ မဖွင့်နိုင်တို့ကို သိရှိလိုခြင်း မေးမြန်း
  • အထက်ပါမေးခွန်းများနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ဒေါပုံမဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင်(ခ) ဦးပြုံးချိုက ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုမြှင့်တင် ကာကွယ်စောင့်ရှောက်နိုင်ရန် လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာ အရေးယူပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုတင်သွင်း၊ အဆိုကို အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက ထောက်ခံဆွေးနွေး
  • လွှတ်တော်ဥက္ကဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားရယူပြီး လွှတ်တော်က ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဖြူးမဲဆန္ဒနယ်မှ ဦးသန်းညွှန့်က မီးရထားသယ်ယူပို့ဆောင်ရေးကဏ္ဍကို ယခုထက် ပိုမိုရင်းနှီးမြုပ်နှံပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် အဆင့်အတန်းမြင့်တင်ပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ ကျောက်တံတားမဲဆန္ဒနယ်မှ ဦးခင်မောင်ဦးက ထောက်ခံဆွေးနွေး
  • လွှတ်တော်ဥက္ကဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏သဘောထားရယူပြီး လွှတ်တော်က ဆက်လက်ဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းဖိုးမြတ်က အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့သော မြန်မာ့ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားတင်သွင်း
  • လွှတ်တော်ဥက္ကဌက ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၆)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၂၂) ကျင်းပ
  • မန္တလေးမဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်သီဟ က မြန်မာ့ကျောက်မျက်ရတနာဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုတင်သွင်း၊ လွှတ်တော်က သဘောတူသည့်အတွက် လွှတ်တော်ဥက္ကဌက ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန်နှင့် ဥပဒေကြမ်းကော်မတီသို့ လွှဲပြောင်းပေးအပ်ရန် ဆုံးဖြတ်
  • ရန်ကုန်မဲဆန္ဒနယ်အမှတ်(၇)မှ ဦးရဲမြင့်စိုးက မြေဆီလွှာတိုက်စားပြုန်းတီးခံရမှုများမှ ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်ပြီး ကမ္ဘာတစ်ဝှမ်းတွင် အောင်အောင်မြင်မြင် ကျယ်ပြန့်စွာ စိုက်ပျိုးအသုံးချလျက်ရှိသော Vetiver Grass (ခေါ်) မြေထိန်းမြက်ရှည်မျိုးကို မြန်မာနိုင်ငံအတွင်း တွင်ကျယ်စွာ စိုက်ပျိုးအသုံးပြုရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ချင်းမဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့နှင့် ကန်ပက်လက်မြို့နယ်ကြားရှိ ဆမီး-ကန်ပက်လက် တိုက်ရိုက်ကားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ရန်ကုန်မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိမ်းက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းနှင့် ပုံစံသစ်သတ်မှတ်မှုကို တစ်ပေါင်းတည်းဖြင့် လယ်ယာမြေဥပဒေလက်စွဲအဖြစ် စာအုပ်ဖြန့်ဝေပေးရန်နှင့် ဆင့်ပွားသင်တန်းပေးရန် ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ကယားမဲဆန္ဒနယ်အမှတ်(၄)မှ ဦးစောစိန်ထွန်းက ကယားပြည်နယ် ဒီမော့ဆိုမြို့ရှိ ငွေတောင်ဆည်ကြီး တိမ်ကောလာခြင်းကို ပြန်လည်တူးဖော်ဖယ်ရှားခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆက်လက်ဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s