2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၄ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့ကို နံနက် ၁၀ နာရီတွင်ကျင်းပ
  • သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုး၏ သာစည်ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော လူနာဆောင်၊ ခွဲစိတ်ခန်း၊ ဝန်ထမ်းအိမ်ရာ ၆ခန်းတွဲ ၄ထပ် တစ်ဆောင် ဆောက်လုပ်ခြင်း၊ ဆေးရုံဝင်းခြံ အုတ်တံတိုင်းခတ်ခြင်းနှင့် လမ်းများအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးရန်အစီစဉ်ရှိ၊ မရှိ မေးမြန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကဖြေကြား
  • ပျဉ်းမနား မဲဆန္ဒနယ်မှ ဦးသန်းစိုးအောင်၏ ပေါင်းလောင်းဘောလုံးကွင်းအား နေပြည်တော် FC ဘောလုံးအသင်းသို့ဌားရမ်းခဲ့ရာ ထိုကွင်းအားပြည်သူထံသို့ ပြန်လည်အပ်နှံရန် အစီစဉ်ရှိ/မရှိမေးမြန်း ရာ ပြည်ထောင်စုဝန်ကြီးက ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြား
  • ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင်၏ ပြင်ဦးလွင်မြို့နယ်ရှိပြင်စာ ကျေးလက်ကျန်းမာရေးဌာ ကို တိုက်နယ်ဆေးရုံ အဆင့်မြှင့်တင်ပေးရန်နှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (အောင်ချမ်းသာ) ကို ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီစဉ်ရှိ/မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ကြံခင်းမဲဆန္ဒနယ်မှ ဒေါက်တာဦးထွန်းလင်းမော်၏ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများ၏ အပြောင်းအရွှေ့ဆိုင်ရာ မူဝါဒအား တရားမျှတမှုနှင့် ဘက်လိုက်မှုကင်းစွာ စီမံထားခြင်းရှိ/မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြန်လည်ဖြေကြား
  • မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာဦးမောင်သင်းက အခြေခံပညာရေးဥပဒေရေးဆွဲရာတွင် ကောင်းမွန်ပြည့်စုံပြီး လူထုသဘောထားအမြင်၊ အကြံဉာဏ်များနှင့် ပူးပေါင်းပါဝင်မှုများထင်ဟပ်သော ဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းရေးအတွက် လူထုလူတန်းစားအလွှာအစုံပါဝင်သောအခြေခံပညာရေး ဆွေးနွေးပွဲအဆင့်ဆင့်ကို ကျင်းပရန် အစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်းရာ မချမ်းဘောမဲဆန္ဒနယ်မှ ဦးနန်မွန်ထင်က ထောက်ခံဆွေးနွေး
  • ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏သဘောထားရယူပြီး လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း၊ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာ
  • အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့သော အရေးပေါ်စီမံမှု အက်ဥပဒေကို ရုတ်သ်ိမ်းသည့်ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာ
  • အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းဝေး (၃၇) ရက်မြောက်နေ့၌ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂) မှ ဦးအောင်သိန်းက နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးတို့အရ ပြည်ပထွက်ခွာ မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ဥပဒေအရ ပြန်လည်နေထိုင်ခွင့် ရရှိရေးအတွက် မြန်မာနိုင်ငံသား ဥပဒေပါ ပုဒ်မအချို့ကို ပြုပြင်ပြောင်းလဲ ဖြေလျှော့ပေးရေးနှင့် မြန်မာနိုင်ငံသားအဖြစ် ပြန်လည်လျောက်ထားနိုင်ခွင့် ပေးထား၍ လျှောက်ထားရာ၌ စိစစ်ပြီး လက်ခံနိုင်ခြင်း ရှိ၊မရှိ သိရှိလိုကြောင်း မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကပြောကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးကျော်သန်း၏ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း Ooredoo တာဝါတိုင်များ စိုက်ထူထားခြင်းသည် ဥပဒေနှင့် ညီညွတ်မှုရှိ၊မရှိ မေးမြန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်၏ ရခိုင်ပြည်နယ် စစ်တွေမြို့ မဟာမုနိဗုဒ္ဓဝိ ဟာရကျောင်း (ခေါ်) ကလေးများထိန်းသိမ်းစောင့်ရှောက်သောကျောင်းမှ ဖမ်းဆီး (ပြောင်းရွှေ့) ခေါ်ယူသွားသောကလေးများကို ပြန်လည်အပ်နှံရန် အစီစဉ်ရှိ/မရှိနှင့် အဆိုပါကျောင်းမှ သိမ်းဆည်းသွားသော ရခိုင်ရှေးဟောင်းပစ္စည်းများနှင့် ကျောင်း၏ပိုင်ဆိုင်မှုများကို ပြန်လည်ပေးအပ်ရန် အစီစဉ်ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀) မှ ဦးစိုးသီဟ(ခ) မောင်တူး၏ မွန်ပြည်နယ်အတွင်းရှိ ကျောက်ထုတ်လုပ်ရေး မိုင်းများအား တရားဝင်ခွင့်ပြုချက်ရှိ/မရှိ ပြန်လည်စိစစ် စစ်ဆေးပေးရန် မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးကဖြေကြား
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ယနေ့(စက်တင်ဘာ ၂၄) နေ့လည် ၁ နာရီတွင် ကျင်းပ၊ အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက လယ်ယာမြေဥပဒေနှင့် နည်းဥပဒေများ၊ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့် နည်းဥပဒေများ၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေနှင့် နည်းဥပဒေများ၊ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့် နည်းဥပဒေများ၏ မူရင်းဥပဒေနှင့် နည်းဥပဒေများစိစစ်ပြီးစီးမှု အခြေအနေများကို လွှတ်တော်သို့ရှင်းလင်းတင်ပြ
  • ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၏ မူရင်းဥပဒေနှင့် နည်းဥပဒေများနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရန် သက်ဆိုင်ရာပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများသို့ပေး ပို့သွားမည်ဖြစ်ကြောင်း ကြေညာ
  • နိုင်ငံတော်သမ္မတထံ ပေးပို့ထားသည့် OPRC 1990 Convention တွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ငါးဦးဆွေးနွေး
  • ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က ကွန်ဗင်းရှင်း၏ ရည်ရွယ်ချက်သည် သင်္ဘောများ၊ ကမ်းလွန်ပင်လယ်ပြင်တွင်ရှိသော အဆောက်အအုံများ၊ ပင်လယ်ဆိပ်ကမ်းများနှင့် ဆီများသယ်ယူတင် ပို့လုပ်ဆောင်သော အဆောက်အအုံများ၌ ဆီ (ရေနံ) ယိုဖိတ်မှုဖြစ်ပွားခဲ့လျှင်ချက်ချင်း အရေးယူနိုင်စွမ်း ရှိစေရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်
  • ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် OPRC 1990 Convention တွင် မြန်မာနို်င်ငံမှ အတည်ပြုပါဝင်ရန် လွှတ်တော်က သဘောတူကြောင်းကြေညာ
  • လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသော ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကောင်မတီက ပြင်ဆင်ချက်အပိုဒ် ၊ အပိုဒ်ခွဲများကို ဇယားအမှတ်စဉ်အလို်က် အဆိုပြုတင်ပြ
  • လွှတ်တော်ကိုယ်စားလှယ်ငါးဦးတို့က သဘောထားကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ဆွေးနွေးပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ
  • လွှတ်တော်နှစ်ရပ်သဘောထားကွဲလွဲသော ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်များအတိုင်း ပြန်လည်ပြင်ဆင်ပြီး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s