2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၇ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • စက်တင်ဘာ ၂၆ တွင်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးဋ္ဌေးဝင်းအောင် (ခ) ဦးပြုံးချို (ဒေါပုံမဲဆန္ဒနယ်)မှ တင်သွင်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ နို်င်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုမြှင့်တင်ကာကွယ်စောင့်ရှောက်နိုင်ရန် လူ့အခွင့်အရေးချိုးဖောက်မှုကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်အချို့အား ထိရောက်စွာအ ရေးယူပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍ ဦးတင်ထွေး (ဝေါမဲဆန္ဒနယ်)က လူအခွင့်အရေးကော်မရှင်မှ ပုဂ္ဂိုလ်အချို့သည် ဆိုးရွားပြင်းထန်သည့် နှိပ်စက်ညှင်းပန်းမှုနှင့် နိုင်ငံသားများ၏ လူ့အခွင့်အရေးကို မျက်ကွယ်ပြုရာရောက်ကြောင်း၊ ဒေါက်တာဒေါ်ခင်စည်သူ (လွိုင်ကော်မဲဆန္ဒနနယ်) မှ ယခု ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင်နှင့် အမျိုးသမီးကလေးငယ်နှစ်ဦးတို့၏ဖြစ်စဉ်တွင် ကော်မရှင်အဖွဲ့ဝင်အချို့၏ မှားယွင်းစွာ ကျင့်သုံးလုပ်ဆောင်နေခြင်းအပေါ် စိစစ်သုံးသပ်အရေးယူရမည်မှာ ရှင်းလင်းနေကြောင်း၊ ဗိုလ်မှူးအောင်ဇင်မင်း (တပ်မတော်သား) က ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်တွင် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် (၅) နှင့် (၇) တို့တွင် လူ့ဂုဏ်သိက္ခာနှင့် တန်းတူရှိမှုကိုဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်းနှင့် ဦးဇော်ဝင်း (အဖွဲ့ဝင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်) တို့ကဆွေးနွေးခဲ့ပြီး လွှတ်တော်က အတည်ပြုခဲ့သည်။
  • နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော် မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာဖတ်ကြားခဲ့သည်။
  • စက်တင်ဘာ ၂၆ တွင်ကျင်းပသော ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၈) ရက်မြောက်နေ့တွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ ဦးဝှေ့တင်းက ချင်းပြည်နယ်အတွင်းရှိ အလယ်တန်းကျောင်း(ခွဲ)နှင့် အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)နှင့် အထက်တန်းကျောင်းများရှိသော ကျေးရွာများတွင် ဆရာ ဆရာမ နေအိမ်များနှင့် ကျောင်းသား ကျောင်းသူများနေထိုင်ရန် ဘော်ဒါဆောင်များကို နိုင်ငံတော်မှ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆောက်လုပ်ပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ ဒေါက်တာကျော်ငွေ၏ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်ရှိ ပခန်းကြီးရှေးမြို့ဟောင်းရှိ အုတ်မြို့ရိုး ကျုံးနှင့်တကွ ရှေးဟောင်းသာသနိက အဆောက်အအုုံများ၊ ကုန်းဘောင်ခေတ်က ထင်ရှားခဲ့သော ရွှေဥမင်တောရကျောင်းတိုက်တို့ကို ရေရှည်တည်တန့်စေရေးအလို့ဌာ မည်ကဲ့သို့ စောင့်ရှောက်ထိန်းသိမ်းပေးနေသည်ကို သိရှိလိုခြင်းနှင့် မြို့ရိုးဟောင်းကို လွယ်ကူစွာကြည့်ရှုလေ့လာနိုင်ရန် မြို့ရိုးအပြင်ဘက်မှ ကားလမ်းဖောက်လုပ်ပေးရန် အစီစဉ်ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်းပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြန်လည်ဖြေကြား
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈)မှ ဦးခင်အောင်မြင့်က အစမှအဆုံးတိုင် ပြီးမြောက်ခြင်း မရှိသော်ငြားလည်း စာပေတန်ဖိုးကြီးမားသည့် J.A. Stewart C.W.Dunn၊ H.F.Searle၊ A.J.Allott နှင့် ဒေါက်တာလှဖေတို့၏ Burmese-English Dictionary နှင့် ၁၉၆၄ ခုနှစ်တွင် အပိုင်း ၅ “ဆ” အက္ခရာအထိ ပုံနှိပ်ထုတ်ဝေပြီး ရပ်ဆိုင်းသွားခဲ့သော တက္ကသိုလ်မြန်မာ အဘိဓာန်တို့၏ ပြုစုပြီးသမျှတို့ကို ပြန်လည်ပုံနှိပ်ထုတ်ဝေပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • အမျိုးသားလွှတ်တော်က အတည်ပြုပေးပို့ထားသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s