2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၈ စက်တင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းဝေး (၄၁) ရက်မြောက်နေ့ကို စက်တင်ဘာ (၂၇) ရက်နေ့ နံနက် (၁၀) နာရီတွင်ကျင်းပ
  • ဒေါ်စန်းစန်းအိ (မိုးညှင်းမဲဆန္ဒနယ်) က မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် လယ်ယာမြေလုပ် ပိုင်ခွင့် ပုံစံ (၇) လက်ဝယ်ရရှိပြီး ယခုနှစ်လယ်ယာစိုက်ပျိုးစရိတ် ထုတ်ပေးရာတွင် ကန့်သတ်ခံထားရသော လယ်သမား (၁၂) ဦးအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် ယခုနှစ်မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ပေးရန် အစီစဉ်ရှိ မရှိ မေးခွန်းနှင့် ဦးမြင့်သိန်း (ဝက်လက် မဲဆန္ဒနယ်) ၏ ဝက်လက်မြို့နယ်အတွင်းရှိ စို်င်နိုင်ကွေ့-မင်းကျီ-ကျောက်တိုင်-မြင်းသီ-ကွန်ဆိပ် ကျေးရွာလမ်းအား  ရာသီမရွေး သွားလာနိုင်သောလမ်းအဖြစ် အဆင့်မြှင့်ပြုပြင်ပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူရှင်းဖြေကြား
  • ဦးကျော်အောင်လွင် (စေတုတ္တရာမဲဆန္ဒနယ်)မှ မိမိနိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှုနှင့် လုပ်ခလစာ နည်းပါးမှုကြောင့် နိုင်ငံရပ်ခြားသို့ထွက်၍ အလုပ်လုပ်နေကြသည့် မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများမှ အလုပ်ရှင်များက ဥပဒေမဲ့ခိုင်းစေခြင်း၊ အနိုင်ကျင့်ခြင်း၊ စော်ကားခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း ပြုလုပ်နေမှုများကို နိုင်ငံတော်အစိုးရမှ နှစ်နိုင်ငံအစိုးရချင်း ချိတ်ဆက်၍ အမြန်ဆုံးထိရောက်စွာ ကူညီပံ့ပိုးကယ်တင်စောင့်ရှောက်ပေးပါရန် ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁၀) ဦးတို့က ဆွေးနွေးအတည်ပြု။
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၃၉) ရက်မြောက်နေ့တွင် ဦးအေးမင်းဟန် (မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၁)မှ နိုင်ငံတော်အစိုးရသစ်အနေဖြင့် နိုင်ငံတော်၏ စီမံကိိန်းလုပ်ငန်းများဖြစ်သော လမ်း၊ တံတားများနှင့် ကျောင်း၊ ဆေးရုံ၊ စျေးစသည့် အဆောက်အအုံ များကို ဆောက်လုပ်ခွင့်ရရှိသော ကုမ္ပဏီများအား စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ စောင့်ကြည့်အကဲခတ်ခြင်းနှင့် မကိုက်ညီပါက အရေးယူခြင်းများကို လုပ်ဆောင်သွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ဦးကျော်သန်း (ကယားပြည်နယ်မဲဆန္ဒနယ်အမှတ် ၈) မှ ကယားပြည်နယ်ဘော်လခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်တို့ကို ဆက်သွယ်ဖောက်လုပ်ထားသော မို်င်းထမ်း-ဝမ်ချယ်-နန့်နောက်-ချီကွဲ့-စောင်းလော့-ဝမ်အောင်းလမ်းတွင် ကျန်ရှိနေသော လမ်းပိုင်းကိုးမိုင်နှင့် ၃ ဒသမ ၅ ဖာလုံအား ကျောက်ချောလမ်းအဖြစ် ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးကဖြေကြား
  • အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ် ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေး။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s