2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၄ အောက်တိုဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၃) ရက်မြောက်နေ့ အောက်တိုဘာ (၃) ရက်နေ့ နံနက် (၁၀) နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မေးခွန်း (၃) ခု မေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာတစ်ခု တင်သွင်းခြင်းနှင့် အဆိုတစ်ခုအား ဆွေးနွေးခြင်းတို့ ဆောင်ရွက်ကြသည်။
  • ဦးခင်မောင်သိန်း (စစ်ကိုင်း) မှ စစ်ကိုင်းနည်းပညာ တက္ကသိုလ်အား တက္ကသိုလ်အဆင့်မှီအောင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန်၊ ဘွဲ့နှင်းသဘင် ခန်းမတည်ဆောက်ခြင်းနှင့် (၃) ထပ်ဆောင် ဆောက်လုပ်ခြင်းအား ပြီးစီးအောင် ဆက်လက်ဆောင်ရွက်ရန် အစီအစဉ်ရှိ မရှိမေးခွန်း၊ ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့် (အမရပူရ) ၏ အမရပူရမြို့နယ်ရှိ အခြေခံပညာကျောင်းများနှင့် နိုင်ငံတစ်ဝန်းလုံးရှိ အခြေခံပညာကျောင်းများတွင် လိုအပ်လျက်ရှိသော ဆရာ ဆရာမများနှင့် ဝန်ထမ်းခန့်ထားနိုင်ရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်နေကြောင်း သိလိုခြင်းမေခွန်းနှင့် ဦးဉာဏ်ဟိန်း (သံဖြူဇရပ်) မှ မူလတန်းနှင့် မူလတန်းလွန်ကျောင်းများတွင် တွဲဖက်ဖွင့်လှစ်ထားသော မူကြိုတန်းများ၏ ကုန်ကျစရိတ်ကို ပညာရေးဝန်ကြီးဌာန အနေဖြင့် ကျခံပေးပါရန်နှင့် တရားဝင်ဝန်ထမ်း ခန့်ထားပါကလည်း မူလကနဦး စေတနာလုပ်အားပေး ဆရာ ဆရာမများအား ရွေးချယ်ခန့်ထားပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုသိန်းကြီးက ရှင်းလင်းဖြေကြား
  • ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာသည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းကို လက်ခံရရှိကြောင်း ကြေညာပြီး ဥပဒေကြမ်းကော်မတီဝင် ဦးအောင်စိန်မှ အစီရင်ခံစာကို ဖတ်ကြားတင်သွင်းရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲနှင့် အကြောင်းအရာများကို တိကျစွာဖော်ပြ၍ အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာ
  • ဒေါက်တာမောင်သင်း (မိတ္ထလာ) ၏ အခြေခံပညာရေး ဥပဒေရေးဆွဲရာတွင် ကောင်းမွန်ပြည့်စုံပြီး လူထုသဘောထားအမြင်၊ အကြံဉာဏ်များနှင့် ပူးပေါင်းပါဝင်မှုများ ထင်ဟပ်သော ဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းရေးအတွက် လူထုလူတန်းစားအလွှာစုံ ပါဝင်သော အခြေခံပညာရေး အဆင့်ဆင့်ကို ကျင်းပရန် အစိုးရအားတိုက်တွန်းကြောင်း အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁၇) ဦး တို့ကဆွေးနွေးပြီး လွှတ်တော်၏ သဘောထားဆန္ဒရယူရာ ထောက်ခံမဲ (၁၅၁) မဲ၊ ကြားနေမဲ (၈) မဲဖြင့် အဆိုကို အတည်မပြုကြောင်း ကြေညာ
  • အောက်တိုဘာ (၃) ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးတွင် ဦးမျိုးဝင်း (မွန် ၈) မှ ၂၀၀၂ ခုနှစ် မြေလွတ်မြေရိုင်းနှင့် မြေလပ်များ စီမံခန့်ခွဲရေး ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိသည့် အသင်းအဖွဲ့များနှင့် ထိုအသင်းအဖွဲ့များ ရယူပိုင်ဆိုင်ထားသည့် မြေယာများအပေါ် ဥပဒေနှင့်အညီ မည်ကဲ့သို့ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာထွန်းဝင်းက ပြန်လည်ဖြေကြား
  • ဦးခင်ဝင်း (မကွေး ၂)မှ မြစ်ဝှမ်းဒေသရှိ ပုံစံ (၇) ရှိသော ကိုင်းကျွန်းမြေများကို စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ပေးနိုင်ခြင်းရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြား
  • ဒေါ်အိအိပြုံး (ဧရာဝတီ ၈)၏ စိုက်ပျိုးစရိတ်ချေးငွေအား ၂၀၀၇-၂၀၀၈ ဘဏ္ဍာရေးနှစ်တွင် တောင်သူ လယ်သမားတစ်ဦးချင်းဆီ၏ တာဝန်ယူမှု တာဝန်ခံမှုဖြင့် ထုတ်ချေးပေးရန် အစီအစဉ်ရှိ မရှိနှင့် စိုက်ပျိုးရေးနှင့် ပက်သက်သော အကျိုးပြုစိုက်ပျိုးနည်းပညာ သင်တန်းများအား ကျေးရွာအုပ်စုအထိ သွားရောက်သင်တန်းပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးကဖြေကြား
  • ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးအဖွဲ့ဥပဒေကို ရုတ်သိမ်းသည့်ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် အဆိုတင်သွင်းရာ ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုခဲ့ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s