2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၅ အောက်တိုဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၄) ရက်မြောက်နေ့ကို အောက်တိုဘာ (၄) ရက် နံနက် (၁၀) နာရီတွင်ကျင်းပ
  • အစည်းအဝေးတွင် ဦးဝမ်းလှ (နန်းယွန်း)၏ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်နှင့် ပန်ဆောင်၊ ဒုံဟီးမြို့နယ်ခွဲတို့တွင် GSM 3G ဖုန်းလိုင်းများအား မည်သည့်အချိန်တွင် အပြီးတပ်ဆင်ပေးမည်ကို သိလိုခြင်းမေးခွန်းနှင့် အင်းစိန်မြို့နယ်အတွင်းရှိ မီးရထားစက်ခေါင်းစက်ရုံနှင့် မီးရထားအိမ်ရာဝင်း အတွင်းရှိ အလုပ်သမားဝန်ထမ်း မိသားစုအိမ်ခန်းများနှင့် လိုင်းခန်းများတွင် ၂၄နာရီ လျှပ်စစ်မီးရရှိရေးအတွက် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကဖြေကြား
  • ထို့နောက် ဦးသန်းညွန့် (ဖြူး)မှ မီးရထားသယ်ယူပို့ဆောင်ရေးကဏ္ဍကို ယခုထက် ပိုမိုရင်းနှီးမြှုပ်နှံပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန် အဆင့်အတန်း မြှင့်တင်ပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးတို့က ထောက်ခံဆွေးနွေးရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူပြီး အဆိုကိုမှတ်တမ်းတင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၂) ရက်မြောက်နေ့ကို အောက်တိုဘာ (၄) ရက်နေ့တွင် ကျင်းပ
  • ဦးခင်မောင်လတ် (ရခိုင် ၃) ၏ ရခို်င်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် သို့မဟုတ် အခြားဘဏ်များ၏ ကူညီထောက်ပံ့ငွေ သို့မဟုတ် ချေးငွေဖြင့် အောက်မြန်မာပြည် စပါးစိုက်ပျိုးမှုတိုးတက်ဖွံ့ဖြိုးရေး စီမံကိန်းကဲ့သို့သော စီမံကိန်းများ အကောင်အထည်ဖော်ရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကဖြေကြား
  • ဦးကျော်သန်း (ရခိုင် ၁၀)မှ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ရတနအုပ်စုနှင့် ခြုံဆွယ်အုပ်စုတွင် ကျိုးပေါက်နေသော တာတမံများကို ဆားငန်ရေ မဝင်ရောက်စေနို်င်ရန် ပြည်ထောင်စု ဘတ်ဂျက်ငွေဖြင့် သင်္ဂနက်ကျွိန်တောင်နှင့် လကွက်တောင်တို့ကို သွယ်တန်း၍ ဆည်ဖို့ပေးရန် အစီစဉ်ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ဖြေကြား
  • ဦးတက်ထွန်းအောင် (ရခိုင် ၂) ၏ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြောက်ဘက်ခြမ်းတွင် တည်ရှိသော ငဝွက်စွယ်ကျွန်းကို ရေငန်တာတမံအသစ်တစ်ခု ဆည်ဖို့ပေးရန် အစီအစဉ်ရှိ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးကပြန်လည်ဖြေကြား
  • ဦးဇော်မင်းလတ် (ခ) ဦးကိုလတ် (ရှမ်း ၁) မှ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြား
  • ဥပဒေကြမ်းကော်မတီဝင် ဦးဆန်းမြင့် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း၍ လွှတ်တော်ဥက္ကဋ္ဌမှ ယင်းဥပဒေ ကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနို်င်ကြောင်း အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၃) ရက်မြောက်နေ့တွင် ဆွေးနွေးရန်ဆုံးဖြတ်ကြောင်းကြေညာ
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို အောက်တိုဘာ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင်ကျင်းပရာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြုပြီးဖြစ်သည့် အရေးပေါ်စီမံမှု အက်ဥပဒေကို ရုတ်သိမ်းသည့်ဥပဒေကြမ်းကို မှတ်တမ်းတင်ခဲ့့
  • နို်င်ငံတော်သမ္မတထံမှ ပေးပို့ထားသော အငြင်းပွားမှု ဖျန်ဖြေရေးလုပ်ငန်းစဉ်ဆိုင်ရာ အာဆီယံပဋ္ဋိညာဉ် စာတမ်းနောက်ဆက်တွဲစာချုပ်သို့ မြန်မာနိုင်ငံမှအတည်ပြုဝင်ရောက်ရန် ကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ရှင်းလင်းပြောကြားရာ လွှတ်တော်နာယက က ယင်းစာတမ်း နောက်ဆက်တွဲစာချုပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ် ရယူခြင်းတို့ကို အောက်တိုဘာ ရ ရက်တွင် ကျင်းပမည့် ဒုတိယပုံမှန်အစည်းအဝေး ၁၆ရက်မြောက်တွင် ဆောင်ရွက်ရန်လျာထားကြောင်း ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s