2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၆ အောက်တိုဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၅) ရက်မြောက်နေ့ကို အောက်တိုဘာလ ၅၊ ၂၀၁၆။ (ဗုဒ္ဓဟူး) နံနက် (၁၀) နာရီတွင်ကျင်းပရာ မေးခွန်းရှစ်ခု မေးမြန်းဖြေကြားခဲ့ပြီး ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်းနှင့် အစီရင်ခံစာတစ်ခု ဖတ်ကြားရှင်းလင်း
  • အစည်းအဝေးတွင် ဦးရန်လင်း (ကျိုက်လတ်)၏ ငါးမွေးမြူရေးအပါအဝင် မွေးမြူရေး သုတေသနဦးစီးဌာနတစ်ခု ဖွင့်လှစ်ရန်အစီအစဉ် ရှိ၊မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းက ရှင်းလင်းဆွေးနွေး
  • ဦးအောင်စိုး (ယင်းမာပင်)၏ ယင်းမာပင်မြို့ရှိ ၉၉ကန် စီမံကိန်းလုပ်ငန်းများအနက် စီမံကိန်းထက်ဝက်ခန့်မှာ တောင်သူလယ်သမားများအတွက် အကျိုးမပြုတော့ပါသောကြောင့် စီမံကိန်း ဖျက်သိမ်းပေးပါရန် အစီအစဉ်ရှိ မရှိ မေးခွန်း၊ ဦးကျော်မြင့် (တိုက်ကြီး)၏ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေကြီးနစ်မြုပ်သော ဒေသများရှိ ပြည်သူများ၏  လူနေမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် ကျန်းမာရေး၊ လူမှုရေးကဏ္ဍများအပြင် ပြန်လည်စိုက်ပျိုးရန် သက်တမ်းတို မျိုးစပါးများ အမြန်ဆုံး ဖြန့်ဝေပေးရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းနှင့် ဒေါ်နန်းခမ်းအေး (နမ္မတူ)၏ T&C ကုမ္ပဏီက သိမ်းယူ ထားသော နားဆ်ိုင်းကျေးရွာအုပ်စုရှိ လယ်ယာမြေများကို ဒေသခံများထံ အမြန်ဆုံးပြန်လည်ပေးအပ် ရန် အစီအစဉ်ရှိ၊မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးဒေါက်တာထွန်းဝင်းက ရှင်းလင်းဖြေကြားခဲ့
  • ဦးမြင့်လွင် (တွံတေး၊ NLD)၏ မြန်မာ့ရုပ်ရှင်လုပ်ငန်း ပြည်တွင်း၌ သာမက ပြည်ပစျေးကွက်သို့ပါ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရက မြန်မာ့ရုပ်ရှင်လောကသားများအား ထိထိရောက်ရောက် ကူညီပံ့ပိုးပေးရန် သိရှိလိုကြောင်းမေးမြန်းရာ ဒေါက်တာဖေမြင့် (ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန)ကဖြေကြား
  • ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်၊ USDP) ၏ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စုနှင့် ပန်းတန်ကျေးရွာအုပ်စုသို့ ရာသီမရွေးဆက်သွယ်သွားလာနိုင်မည့် လမ်းပိုင်းအား ကျောက်ချောလမ်းပိုင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းရာ ဒေါက်တာထွန်းဝင်း (ဒုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)ဖြေကြား
  • ဒေါ်တင်တင်ရီ (ကျွန်းစု၊ NLD)၏ ကမ်းရိုးတန်းဒေသကြီးများတွင် ဝါးလတ်၊ ဝါးတန်းနှင့် ငါးဖမ်းရေယာဉ်များကို ခေတ်မီ သံခွံကိုယ်ထည်ဖြင့် ပြည်တွင်း၌ စတင်တည်ဆောက်ခွင့်ပြုနိုင်ခြင်း ရှိ/မရှိ မေးမြန်းရာ ဒေါက်တာထွန်းဝင်း (ဒုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)ကဖြေကြား
  • ဦးမောင်မောင် (ထီးချိုင့်၊ NLD)  ၏ ထီးချိုင့်မြို့နယ်နှင့်ကောလင်းမြို့နယ် ဆက်သွယ်ထားသော လမ်းပိုင်းပေါ်ရှိ ပျက်စီးတံတားဟောင်း (၄)စင်းအား ကွန်ကရစ် တံတားအဖြစ်ဆောက်လုပ်ပေးရန်နှင့် မိုင်တိုင် (၀/၀ မှ ၁/၂ ကြား၊ မြို့တွင်းလမ်းအား) ကွန်ကရစ်လမ်းခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအား ဒေါက်တာထွန်းဝင်း (ဒုဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန)ကဖြေကြား
  • တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက “ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကိုတင်သွင်းပြီး ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာဖတ်။
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၃) ရက်မြောက်နေ့ကျင်းပရာ လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြုခဲ့
  • နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို ကိုယ်စားလှယ် ၁၂ဦးက ဆွေးနွေး။
  • နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြံုမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရာ ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် ဥက္ကဋ္ဌကဆုံးဖြတ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s