2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၇ အောက်တိုဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၆)ရက်မြောက်နေ့ကို ၂၀၁၆ ခုနှစ်၊အောက်တိုဘာလ ၆ ရက် နံနက် ၁၀နာရီတွင် ကျင်းပရာ မေးခွန်း(၈)ခု မေးမြန်းဖြေကြားပြီး ဥပဒေကြမ်း တစ်ခုအား လက်ခံရရှိကြောင်း ကြေညာခြင်းနှင့် ဥပဒေကြမ်းတစ်ခုအား လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ဆောင်ရွက်
  • ဦးတင်အေး (မက်မန်း၊ Individual) ၏ ကမ္ဘာ့နိုင်ငံများ၌ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများ ကြုံတွေ့နေရပါသဖြင့် မြန်မာနိုင်ငံပြည်သူများ ဘေးကင်းလုံခြံုရေးအတွက် မည်သို့စီစဉ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းရာ ဗိုလ်ချုပ်အောင်စိုး (ဒုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး ဌာန) မှဖြေကြား
  • ဦးစိုင်းဦးခမ်း (သိန္နီ၊ SNLD)၏ ၁၉၇၂ ခုနှစ်က လူထုလုပ်အားဖြင့် ဖော်ထုတ်ခဲ့သော ငါးမွေးကန်နှင့် လယ်ကွက်ကို ဒေသခံအာဏာပိုင် အဆက်ဆက်တို့က သိမ်းယူခဲ့ပြီး သီးစားချထားပိုင်ခွင့် ရှိ/မရှိနှင့် မူရင်းပိုင်ရှင်များထံ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအား ဗိုလ်ချုပ်အောင်စိုး (ဒုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန) မှ ဖြေကြား
  • အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၄) ရက်မြောက်နေ့တွင် ဦးဝေစိန်အောင် (ရခိုင် ၁) ၏ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဝါဘိုချောင်းကူးတံတားတစ်စင်းကို ပြည်ထောင်စု/ပြည်နယ်အစိုးရ ရန်ပုံငွေမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကဖြေကြား
  • ဦးလှဆန်း (မကွေး ၁)၏ နို်င်ငံတော်အစိုးရမှ ခေတ်အဆက်ဆက် ထုတ်လုပ်ခဲ့သော၊ ထုတ်လုပ်လျက်ရှိ သော ဓာတ်မြေသြဇာ စက်ရုံငါးရုံနှင့် ပြည်ပမှတင်သွင်းသည့် ဓာတ်မြေသြဇာများအား မည်သို့တင်သွင်း ခွင့်ပြုနေသည်ကို သိရှိလိုကြောင်းမေးမြန်းရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ဦးထိန်ဝင်း (ဧရာဝတီ ၄)၏ လျှပ်စစ်ကို ပိုမိုသုံးစွဲခြင်းမပြုပဲ ပုံမှန်သုံးစွဲနေကျအတိုင်း သုံးနေသော်လည်း ယခင်ပျမ်းမျှကျသင့်သည့် မီတာခထက် Digital မီတာပြောင်းလဲတပ်ဆင်သည့် အခါကျမှ မီတာခများ ပိုမို ကျသင့်နေသည်မှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းချက်အား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ဦးချစ်ထွေး (မကွေး ၃)၏ မကွေးတိုင်းဒေသကြီး မြို့သစ်မြို့တွင် ၆၆/၁၁ ကေဗွီဓာတ်အားခွဲရုံ တည်ဆောက်ခွင့်ရရှိရေးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် RE တွင် လျာထားဆောင်ရွက်ပေးရန် သို့မဟုတ် မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိမေးမြန်းရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒေါက်တာထွန်းနိုင်က ဖြေကြား
  • “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း” ကို အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပြန်လည်ပေးပို့။
  • အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော “ နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို တစ်ပိုဒ်ချင်းစီဆွေးနွေးပြီး ပြင်ဆင်ချက်ဖြင့်အတည်ပြု။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s