2nd Plenary Session · roundup

လွှတ်တော်သတင်းများ (၈ အောက်တိုဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၇) ရက်မြောက်နေ့တွင်ကျင်းပ
  • ဦးစိုင်းကျော်မိုး (မိုင်းပန်၊ USDP) ၏ နယ်စပ်ရေးရာဝန်ကြီးဌာနမှ မိုင်းပန်မြို့နယ်၊ မိုင်းပန်-နောင်လေ-မိုင်းပုတ်-ပန်ပိလမ်း (၃၆)မိုင်အား အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းရာ ဗိုလ်ချုပ်သန်းထွဋ် (ဒုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန)က ဖြေကြား
  • ဦးစိုင်းထွန်းအောင် (မိုင်းယောင်း၊ SNLD) ၏ မိုင်းယောင်း-မိုင်းယု ဒေသနေ ပြည်သူလူထုများ ခရီးသွားလာရေး လွယ်ကူချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှု လျင်မြန် ချောမွေ့စေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် နမ့်လွေချောင်းကူးတံတား ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းအား ဦးဝင်းခိုင် (ဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန)မှ ဖြေကြား
  • ဦးအေးနိုင် (ဒဂုံမြို့သစ်(တောင်ပိုင်း)၊ NLD) ၏ ဒဂုံမြို့သစ်(တောင်ပိုင်း)နှင့် သင်္ဃန်းကျွန်းမြို့နယ် (သုဝဏ္ဍ)သို့ ငမိုးရိပ်ချောင်း မြစ်ကူးတံတားတစ်စင်း တည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိမေးခွန်းအား ဦးဝင်းခိုင် (ဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန) မှ ဖြေကြား
  • ဦးကျော်ဌေး (လေရှီး)၏ လေရှီး-ထမံသီလမ်းနှင့် လေရှီး – ဆွမ္မရာလမ်းပေါ်ရှိ မိုင်၃၀ခန့်အား လမ်း ကြောင်းအသစ် ဖောက်လုပ်ပေးရန်အစီအစဉ် ရှိ မရှိမေးခွန်းအား ပြည်ထောင်စုဝန်ကြီးဦးဝင်းခို်င်က ဖြေကြား
  • ဦးကျော်မျိုးထက် (ကျောက်တံတား)၏ ကျောက်တံတားမြို့နယ် အတွင်းရှိ မိလ္လာကန်များနှင့် မိလ္လာရေပိုက်များပြုပြင်ပေးရန် အစီအစဉ်ရှိ မရှိမေးခွန်းအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၄၅) ရက်မြောက်နေ့ကို အောက်တိုဘာ (၇)ရက် နေ့တွင်ကျင်းပ
  • ဦးစိုင်းထွန်းအောင် (ရှမ်း ၂၊ SNLD)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့တွင် တပ်ဆင်ထားသော MPT ဖုန်းများအား တပ်မတော်ပိုင် ဖိုက်ဘာဆက်ကြောင်းမှ တဆင့် မိုက်ခရိုဝေ့ဆက်ကြောင်းအဖြစ် ပြောင်းလဲချိတ်ဆက်ပေးရန်နှင့် GSM ဖုန်းများအား 3G အဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းအား ဦးကျော်မျိုး (ဒုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန) မှ ဖြေကြား
  • ဦးဝေစိန်အောင် (ရခိုင် ၁၊ ANP)၏ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရသေ့တောင်မြို့နယ်အကြားရှိ ပါဒလိတ် ကူးတို့စက်တပ်(ဇက်)ရေယာဉ်ဖြင့် ကူးဖြတ်သည့် ကူးတို့အဖြစ် အစိုးရအနေဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းအား ဦးကျော်မျိုး (ဒုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန)မှ ဖြေကြား
  • ဦးမောင်ကျော်ဇံ (ရခိုင် ၉၊ ANP)၏ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်း ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် သစ်ထုတ်လုပ်ခွင့်နှင့် ဝယ်ယူခွင့်ပြုမိန့် ထုတ်ပေး ထားသော ကုမ္ပဏီ ရှိ/ မရှိနှင့်တရားဝင် သစ်ခိုးထုတ်မှုများကို အရေးယူရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းအား ဦးအုန်းဝင်း (ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)မှ ဖြေကြား
  • ဦးဖေတင် (မွန် ၆၊ NLD)၏ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျုံဖိုက်ကျေးရွာအနီး၊ မော်လမြိုင်- သံဖြူဇရပ် ကားလမ်းမကြီးဘေးရှိ အမှတ်(၃)သတ္တုတွင်းဝန်ကြီး ဌာနက ဖျက်သိမ်းပြီး ဖြစ်သည့် မြေဖြူသန့်စင်စက်ရုံနေရာတွင် နောက်ထပ်လုပ်ငန်းအသစ် ထူထောင်လုပ်ကိုင်ရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မူလသိမ်းဆည်းခံခဲ့ရသည့် ခြံပိုင်ရှင် မိသားစုမြေ သို့မဟုတ် နစ်နာကြေးပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းအား ဦးအုန်းဝင်း (ဝန်ကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန)မှ ဖြေကြား
  • နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြံုမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏  အစီရင်ခံစာဖတ်ကြားကာ တစ်ပုဒ်ချင်းစီဆွေးနွေးပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု။
  • ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို တစ်ပုဒ်ချင်းစီဆွေးနွေးပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု။
  • အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၄၇)ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပြီးစီးကြောင်း ကြေညာသည်။
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို အောက်တိုဘာ (၇) ရက်နေ့တွင် ကျင်းပ
  • အငြင်းပွားမှု ဖျန်ဖြေရေးလုပ်ငန်းစဉ်ဆိုင်ရာ အာဆီယံပဋိညာဉ်စာတမ်း နောက်ဆက်တွဲစာချုပ်သို့ မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရန်နှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် လွှတ်တော်ကိုယ်စားလှယ် သုံးဦးမှ ဆွေးနွေးပြီး အတည်ပြု။
  • ပြည်ထောင်စုလွှတ်တော် နာယကက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၆) ရက်မြောက်နေ့ ပြီးဆုံးကြောင်းနှင့် ဒုတိယပုံမှန် အစည်းအဝေး ပြီးမြောက်ကြောင်း ကြေညာသည်။
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s