3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၇ နိုဝင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့(၁၆.၁၁.၂၀၁၆) နံနက် ၁၀နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၆ ဦးက လွှတ်တော်ဥက္ကဌ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား
  • ထို့နောက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးနှင့် တတိယပုံမှန်အစည်းအဝေး ကြားကာလအတွင်း ပြည်သူ့လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ပခရီးစဉ်များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များကို လွှတ်တော်သို့ အသိပေးပြီး မှတ်တမ်းတင်
  • ထို့ပြင် အစည်းအဝေး၌ မတူဝီမဲဆန္ဒနယ်မှ ဦးပါထန်း၏ မတူဝီမြို့ မြေပြိုမှုကို နိုင်ငံတော်သမ္မတ ရန်ပုံငွေဖြင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • မန်တုံမဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၏ ပြည်ပသွင်းကုန် Ready Made လက်ဖက်ခြောက်ထုပ်များအနက် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိဘဲ စျေးကွက်တွင် ရောင်းချနေသော လက်ဖက်ခြောက်ထုပ်များအား မည်သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဖြေကြား
  • လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်၏ လဟယ်မြို့နယ်ရှိ ပုံညို၊ နန်းယွန်းမြို့နယ်ရှိ ပန်ဆောင်နှင့် လေရှိးမြို့နယ်ရှိ ဆွမ်ပရာဘွမ်တို့တွင် နယ်စပ်စျေးများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည်မှာ အဘယ်ကြောင့်ဆိုသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဖြေကြား
  • ထို့နောက် မာန်အောင်မဲဆန္ဒနယ်မှ ဦးတင်နု(ခ) ဦးတင်နုအောင်က မာန်အောင်မြို့နယ် ပင်လယ်ကမ်းခြေ မြေနိမ့်ပိုင်းရှိ ရပ်ကွက်၊ ကျေးရွာများအား လေမုန်တိုင်းဒဏ်ခံ အဆောက်အအုံ Cyclone Shelter များ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်က အရပ်ရပ်ကုန်စျေးနှုန်း တရိပ်ရိပ်တက်နေမှုအား ထိန်းချုပ်မည့်အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဖြေကြား
  • လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူက မြန်မာနိုင်ငံတွင် လမ်း၊ တံတား၊ အဆောက်အအုံနှင့် လေယာဉ်ကွင်းတည်ဆောက်ရာတွင် ဖြစ်ပေါ်လာသော အငြင်းပွားမှုကို ဖြေရှင်းရန် အရည်အသွေးစစ်ပစ္စည်း အသုံးပြုခြင်းရှိ၊ မရှိနှင့် အရည်အသွေးထိန်းကွပ်သည့် Consultant Agency/ Company ရှိ၊ မရှိ သိရှိလိုကြောင်း မေးမြန်းရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ထို့ပြင် မတူပီမဲဆန္ဒနယ်မှ ဦးပါထန်း၊ မန်တုံမဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၊ လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်၊ ဆီဆိုင်မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး၊ ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေးနှင့် မြောင်းမြမဲဆန္ဒနယ်မှ ဒေါက်တာစိုးမိုးသူတို့က ဒေသဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်းများကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့
  • လွှတ်တော်ဥက္ကဌက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်း တို့နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအား အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ (၁၆.၁၁.၂၀၁၆) ကျင်းပ
  • အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက အမျိုးသားလွှတ်တော်ဥက္ကဌရှေ့မှောက်၌ ကတိသစ္စာပြု
  • ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဌက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား
  • ထို့နောက် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင်၏ ကချင်ပြည်နယ် ဗန်းမော်မြို့ ခုတင် (၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများနှင့် လက်ထောက်ဆရာဝန်များ လစ်လပ်လျက်ရှိပါသောကြောင့် ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ခက်ခဲမှု ဖြစ်နေသဖြင့် ခန့်အပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ချင်းပြည်နယ် ရေဇွာမြို့နှင့် လိုင်းလင်းပီမြို့များတွင် ရှိသော (၁၆) ခုတင်ဆံ့ တိုက်နယ်ဆေးရုံများအား (၂၅) ခုတင်ဆံ့ ဆေးရုံများအဖြစ် အဆင့်တိုးမြင့်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၏ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့အစည်းများသည် လွတ်လပ်၍ လူထုအခြေပြုသော CSO အဖွဲ့အစည်းများ ဖြစ်နိုင်ခြင်း ရှိ၊ မရှိ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဖြေကြား
  • အစည်းအဝေးတွင် ရှမ်းမဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်ရှိ ကျေးရွာအုပ်စုအချို့မှ မူလတန်းကျောင်းတို့ကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်ခွင့် ချမှတ်ပေးနိုင်မည်ကို သိရှိလိုခြင်းနှင့် ယင်းဒေသ၏ ပညာရေးကဏ္ဍ အဆင့်မြင့်တင်ပေးနိုင်မည့် အစီအစဉ်များကို သိရှိလိုခြင်း မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ရခိုင်မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်းက ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဟင်းစနဲအခြေခံပညာ အထက်တန်းကျောင်းတွင် ပေ(၁၄၀×၃၀) နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • တနင်္သာရီမဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာခင်မောင်ဝင်းက တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ပေ(၁၄၀×၃၀) နှစ်ထပ်စာသင်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့(၁၆.၁၁.၂၀၁၆) ကျင်းပ
  • အစည်းအဝေးတွင် လွှတ်တော်နာယက က ရှေးဦးစွာ အဖွင့်အမှာစကားပြောကြား
  • လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်အစီရင်ခံစာကို ယင်းကော်မတီဝင် ဦးအောင်ကြည်ညွှန့်က ရှင်းလင်းတင်ပြ
  • ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီး ရသုံးမှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်ဖြင့် တင်သွင်းခဲ့သည့် အဆိုပါဥပဒေကြမ်းများကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်သွင်း
  • ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းတင်ပြ
  • ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဒုတိယဝန်ကြီး ဦးခင်မောင်တင်တို့က သက်ဆိုင်ရာဝန်ကြီးဌာနများအတွက် ရှင်းလင်းတင်ပြ
  • အလားတူ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များကလည်း ဝန်ကြီးဌာနအလိုက် ရှင်းလင်းတင်ပြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s