3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၈ နိုဝင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့(၁၇.၁၁.၂၀၁၆) ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံမှ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းတင်ပြ၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသူရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာ
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကိုးရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေမှ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းတင်ပြ၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသူရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာ
  • ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ ပြုပြင်ပြီးရသုံးမှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းတင်ပြ
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးစိုးမင်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက ဦးအေးသာအောင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းတင်ပြ
  • အလားတူ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နေပြည်တော်ကောင်စီနှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီတို့မှ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ဖြည့်စွပ်ရန်ပုံငွေတောင်းခံခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့(၁၇.၁၁.၂၀၁၆) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် ကရင်မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေးက တိုင်းရင်းသားမျိုးနွယ်စု အသီးသီးမှ ကျင်းပပြုလုပ်သည့် နွေရာသီကျောင်းပြင်ပ စာပေယဉ်ကျေးမှုသင်တန်းများတွင် ရန်ပုံငွေပံ့ပိုးကူညီပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က ဖြေကြား
  • ချင်းမဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ်၏ ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ ဆူရ်ခွားကျေးရွာ (Sur Khua) အား မြို့အဆင့်သို့ တိုးမြှင့်သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊မရှိ မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၊ စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်နှင့် ရန်ကုန်မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်တို့က သာသနာရေးနှင့် ပြည်ထဲရေးကဏ္ဍဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့
  • လွှတ်တော်ဥက္ကဌ ဦးမန်းဝင်းခို်င်သန်းက ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လက်ခံရရှိကြောင်းနှင့် အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့(၁၇.၁၁.၂၀၁၆) ကျင်းပ
  • အစည်းအဝေးတွင် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက အလုပ်သမားအရေးနှင့် ပတ်သက်သော အဆိုတစ်ခုတင်သွင်းခဲ့
  • ယင်းအဆိုနှင့်ပတ်သက်၍ လွှတ်တော်ဥက္ကဌက လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် ယင်းအဆိုကို ပြည်သူ့လွှတ်တော်တွင် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ခဲ့
  • ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်းက ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ် စသည့် မြို့သစ်များနှင့် ယာဉ်ကြောပိတ်ဆို့မှုမရှိသော မြို့နယ်များတွင် မော်တော်ဆိုင်ကယ် စီးနင်းခွင့်ပြုရန်နှင့် သက်ဆိုင်ရာ မြို့နယ်အလိုက် မော်တော်ဆိုင်ကယ် စီးနင်းခွင့်လိုင်စင်များ ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြား
  • မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်းက မင်္ဂလာဒုံမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ဆရာ၊ ဆရာမအင်အား ထပ်မံဖြည့်တင်းပေးရန်နှင့် စာသင်ခန်းများ ထပ်မံဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီးက ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ကလေးတက္ကသိုလ်တွင် နေ့သင်တန်း ဥပဒေပညာဘာသာရပ် တိုးချဲ့ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဆက်လက်ဖြေကြား
  • ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က ပြည်မြို့နယ်ရှိ နည်းပညာတက္ကသိုလ်တွင် IT, MC နှင့် Petroleum Major များကို ပြန်လည်ခေါ်ယူပေးရန်နှင့် အခြား ခေတ်နှင့်လျော်ညီသော Major များ ဖွင့်လှစ်ပေးသွားရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့အပြင် ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်းနှင့် ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးမျိုးညွှန့်တို့က ပို့ဆောင်ဆက်သွယ်ရေးနှင့် ပညာရေးဆိုင်ရာ မေးခွန်းများကို မေးမြန်းကြရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ပြန်လည်ဖြေကြားခဲ့
  • လွှတ်တော်ဥက္ကဌက ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေကို ပြင််ဆင်သည့်ဥပဒေကြမ်း၊ မြန်မာ့ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များဥပဒေကြမ်းတို့နှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုများကို လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြု
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s