3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၉ နိုဝင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့(၁၈.၁၁.၂၀၁၆) ကျင်းပ
  • အစည်းအဝေးတွင် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်က စာပေဟောပြောပွဲများ၊ တရားပွဲများ ကျင်းပနိုင်ရေး ခွင့်ပြုချက်တောင်းခံရာတွင် လွယ်ကူလျင်မြန် အဆင်ပြေမှုမရှိသော ကြိုးနီစနစ်အား ဖျက်သိမ်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြားခဲ့
  • ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာအေးမင်းက ကျေးရွာ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးလင်းရေးကော်မတီ များအား ခိုင်မာတိကျသော ဖွဲ့စည်းပုံ၊ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် စည်းမျဉ်းစည်းကမ်းများ စနစ်တကျ ရေးဆွဲပြဌာန်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ကော့သောင်းမဲဆန္ဒနယ်မှ ဦးခင်ဇော်က ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို ကြိုဆိုထောက်ခံသောအားဖြင့် နိုင်ငံတော်သမ္မတက အမျိုးသားလုံခြုံရေးကောင်စီ၏ ထောက်ခံချက်ရယူပြီး အကျဉ်းသူ၊ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြားခဲ့
  • ထို့အပြင် ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စော၊ ကွမ်းလုံမဲဆန္ဒနယ်မှ ဦးယန်ကျင်းကန်နှင့် သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်းတို့က ပြည်ထဲရေးနှင့် လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်းများ မေးမြန်းကြရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ဖြေကြားခဲ့
  • လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက ပြည်ထောင်စုတစ်ဝှမ်း အရက်ချက်စက်ရုံများမှ ထွက်ရှိသည့် စွန့်ပစ်ရေဆိုးများအား ပြည့်စုံသည့် သန့်စင်စနစ်တပ်ဆင်ပြီး ဥပဒေပြဌာန်းချက်ပါ စံချိန်စံညွှန်းများနှင့်အညီ စွန့်ပစ်မှသာ ထုတ်လုပ်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့
  • ပြည်သူ့လွှတ်တော်ဥက္ကဌက ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုများကို လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြု
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ယနေ့(၁၈.၁၁.၂၀၁၆) ကျင်းပ
  • အစည်းအဝေးတွင် ဧရာဝတီမဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုးက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နှင့် ရွှေသောင်ယံမြို့သို့ ဆက်သွယ်သော ဆိပ်ကြီး-ရွှေတောင်ယံလမ်းပိုင်း ၁၄ မိုင် ၆ ဖာလုံအား ရာသီမရွေးသွားလာနိုင်သော ကျော်ချောလမ်းအဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အဆင့်တိုးမြှင့်ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ကရင်မဲဆန္ဒနယ်အမှတ်(၃)မှ ဦးစောချစ်ဦးက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်နှင့် ရှမ်းရွာသစ်မြို့ဆက်သွယ်ထားသော ၂၅ မိုင်ရှိ မြို့နယ်ချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အပြီးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • စစ်ကိုင်းမဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်က စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် တမူးမြို့ မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် လမ်းဧရိယာအတွင်း ပါဝင်သွားသော လယ်ယာမြေများအတွက် တောင်သူများနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်၏ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်တွင် ကုန်ကားကြီးများ လွတ်လွတ်ကင်းကင်း သွားလာနိုင်သည့် မြို့ရှောင်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s