3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၂ နိုဝင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၁.၁၁.၂၀၁၆ မွန်းလွဲ ၁နာရီခွဲတွင် ကျင်းပ
  • အစည်းအဝေးတွင် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသော ရပ်ကွက် သို့မဟုတ် ကြေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးပြီး ဥပဒေကြမ်း၏ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက်ရယူ
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ အကြား ဓာတ်အားကွန်ရက် အချင်းချင်း ချိတ်ဆက် ကုန်သွယ်နိုင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးရန် ကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ရှင်းလင်းတင်ပြ
  • ၂၀၁၄-၂၀၁၅ ဘဏ္ဍနှစ် ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး ဆောင်ရွက်ချက် အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ရှင်းလင်းတင်ပြ
  • အဆိုပါ ကိစ္စရပ်နှစ်ခုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၁.၁၁.၂၀၁၆ နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦးက ထီးလင်းမြို့နယ်ရှိ ရေမျက်နီကျေးရွာနှင့် ကျင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတို့အား တက္ကသိုလ်ဝင်တန်း စာမေးပွဲ စာစစ်ဌာန အဖြစ် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးရွှေလှ(ခ)ဦးရွှေလှဝင်း၏ သင်္ဃန်းကျွန်းမြို့နယ် အတွင်းရှိ မူလတန်းကျောင်း တချို့နှင့် အ.ထ.က၊ အ.ထ.က(ခွဲ)များရှိ မူလတန်းအဆင့်တွင် ကျောင်းသားများနှင့် ဆရာအချိုး မမျှမတ ဖြစ်ပေါ်နေခြင်းအပေါ် မျှတမှုရှိလာအောင် မည်သို့ဆောင်ရွက်မည်ကို သိလိုကြောင်း မေးရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • အလုံမဲဆန္ဒနယ်မှ ဦးရဲလွင်၏ အဏ္ဏဝါမင်း ဆောက်လုပ်ရေးကုမ္ပဏီနှင့် ပညာရေးဝန်ကြီးဌာနတို့ သဘောတူညီမှုဖြင့် ဆောင်ရွက်နေသော အလုံမြို့နယ်ရှိ မြို့နယ်ပညာရေးမှူးရုံး မြေနေရာအား မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • မန်တုံမဲဆန္ဒနယ်မှ ဒေါ်နန်းမိုး၏ ပညာရေးဝန်ထမ်းများ မီးဖွားခွင့်(၆)လ ခွင့်ယူနေစဉ်အတွင်း ၄င်းလစ်လပ် နေရာများအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးက အခြေခံပညာ ပုံနှိပ်စာအုပ်များ ကျောင်းဖွင့်ချိန်အမီ မရရှိခြင်း၊ ကျောင်းသားဦးရေနှင့်အညီ မရရှိခြင်းတို့အတွက် မည်သူက တာဝန်ခံမည်နှင့် ကျောင်းသုံးဖတ်စာအုပ် အသစ်များ ကျောင်းသားများ လက်ထဲသို့ မရောက်ခင် ပြင်ပတွင် ရောင်းချနေခြင်းများနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • ထို့ပြင် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ ကွန်ဟိန်းမဲဆန္ဒနယ်မှ ဒေါ်နန်းခင်စောတို့၏ ပညာရေးဆိုင်ရာ မေးခွန်းများကိုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြား
  • ထို့နောက် ဥပဒေကြမ်းကော်မတီက ၁၉၇၃ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် အစီရင်ခံစာများကို တင်သွင်းရာ လွှတ်တော်ဥက္ကဌက ယင်းဥပဒေကြမ်းများနှင့် ပတ်သက်၍ ပြင်ဆင်ချက်အဆို တင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၁.၁၀.၂၀၁၆ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်က မြန်မာ့ပင်လယ်ပြင်၌ ခိုးဝင်၍ ငါးဖမ်းဆီးခြင်း၊ ငါးဝယ်ယူခြင်းတို့ကို လုပ်ဆောင်နေသော ဘင်္ဂလားဒေ့ရှ် စက်လှေများကို တားဆီးပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် လွန်ခဲ့သော အနှစ်(၂၀)အတွင်း ဆုံးရှုံးခဲ့ရသော ရခို်င်တိုင်းရင်းသားတို့၏ တစ်ပိုင်တစ်နိုင် ရေလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးရေးကို ကူညီထူထောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးတက်ထွန်းအောင်က ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် သရက်ချောင်း ကျေးရွာအတွင်းရှိ သရက်ချောင်း ဖွံ့ဖြိုးရေး ရေငန်တားတာတမံအား ဆည်ဖို့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးကျော်သန်း၏ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အမှတ်(၇) တိုက်နယ်ရတနာအုပ်စုရှိ ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြန်လည်ဖြေကြား
  • အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဝင်းအောင်၏ စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ သွားလာရန် ခက်ခဲသော အင်းလယ်ကြီး – ကိုင်းရိုး – ဇီးဖြူကုန်း – ပုပ္ပားလမ်း (၁၃) မိုင်ကို ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်ဇော်ဦး၏ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ လုံးဝပျက်စီးနေပြီဖြစ်သော လက်ပံရွာအဝင် ကျေးလက်လမ်းအား ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်တုတ်၏ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေ ပြတ်လပ်မှု မရှိစေရေးအတွက် ဧရာဝတီမြစ်ရေတင်အား အလှည့်ကျစနစ်ဖြင့် ဖြန့်ဝေပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် မြန်မာ့ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ အသိပေးပြောကြားပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s