3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၃ နိုဝင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ (၂၂.၁၁.၂၀၁၆) မွန်းလွဲ ၁ နာရီခွဲတွင် ကျင်းပ။
  • အစည်းအဝေးတွင် နိုင်ငံတော် သမ္မတထံမှ ပေးပို့သော ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေးဂျင်စီထံမှ ချေးငွေရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး
  • ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်က JICA ချေးငွေဖြင့် ဆောင်ရွက်မည့် သန်လျင်တံတား အမှတ်-၃ တည်ဆောက်ခြင်းသည် သီလဝါအထူးစီးပွားရေးဇုန်နှင့် ဆက်စပ်တိုးတက်လာမည့် ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းများအတွက် လမ်းပန်းဆက်သွယ်မှုနှင့် ရန်ကုန်တောင်ပိုင်း ခရိုင် မြို့နယ်များ၏ လူမှုစီးပွားဘဝကို တိုးတက်စေနိုင်သည့်အပြင် အဆောက်အအုံ တိုးတက်မှုရှုထောင့်မှ ကြည့်ရှုပါက ဆောင်ရွက်သင့်သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း ဆွေးနွေး။
  • မင်္ဂလာဒုံ မဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်းက ယခုချေးငွေမှာ ပြန်ဆပ်ကာလ နှစ်ပေါင်း (၄၀) အချိန်ရမည် ဖြစ်ပြီး အတိုးနှုန်းနည်းသည့် ချေးငွေဖြစ်သောကြောင့် ချေးယူရန် ထောက်ခံပါကြောင်း ဆွေးနွေး
  • ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်းက ယခုသန်လျင်တံတားမှာ ကြံ့ခိုင်မှု နည်းပါးနေသည့်အတွက် တံတားတစ်စင်း ထပ်မံတည်ဆောက်သင့်ကြောင်း ဆွေးနွေး
  • ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ ချေးငွေရယူရန် ကိစ္စနှင့် စပ်လျဉ်း၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို့က အတိုးနှုန်းနှင့် ဝန်ဆောင်ခမှာ သက်သာသည့် နှုန်းထားဖြစ်သောကြောင့် ချေးယူရန် သင့်လျော်မှုရှိပါကြောင်း ဆွေးနွေး
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ယနေ့ (၂၂.၁၁.၂၀၁၆) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၏ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ ရာထူးတစ်ဆင့် တိုးမြှင့်ရန် ဝန်ကြီးဌာနများတွင် ဥပဒေ၊ နည်းဥပဒေ ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌဒေါက်တာဝင်းသိမ်းက ဖြေကြား
  • ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းရှင်များအား stay permit ကို ပထမအကြိမ် လျှောက်ထားပါက သုံးလ၊ ဒုတိယအကြိမ် လျှောက်ထားပါက တစ်နှစ် ပေးရမည့်အစား တစ်ခါလျှောက်လျှင် တစ်နှစ်သို့ ပြောင်းလဲပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူမှုဝင်ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • အစည်းအဝေးတွင် ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၏ မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရ ထားရှိသည့် မြို့ဝင်၊ မြို့ထွက် ဂိတ်များမှအပ ကျန်ဒေသများရှိ မြို့ဝင်၊ မြို့ထွက် ဂိတ်များကို ရုပ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ္ဋ်က ဖြေကြား
  • သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၏ မြန်မာပြည်တစ်ဝန်းတွင် ကိုင်တွယ်သုံးစွဲနေသော ငွေစက္ကူ အမျိုးမျိုးပေါ်ရှိ တံဆိပ်ရုပ်ပုံများ အစား ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံပါသော ငွေစက္ကူများဖြင့် အစားထိုး ရိုက်နှိပ်ထုတ်ဝေသုံးစွဲရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းက ဖြေကြား
  • ထို့ပြင် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာစိုင်းမောက်ခမ်း၊ ဗန်းမော်မဲဆန္ဒနယ်မှ ဦးအောင်သိန်း၊ မိုင်းတုံမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦး တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွဋ္ဋ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းတို့က ရှင်းလင်းဖြေကြားခဲ့
  • ထို့နောက် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး တင်သွင်းထားသည့် အိမ်အကူ အလုပ်သမားများ အပါအဝင် အလုပ်သမားများ ခန့်ထားရာတွင် ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ အလုပ်သမား မှတ်ပုံတင်ပြီးမှ ခန့်ထားရန်နှင့် အလုပ်ရှင်များမှ အလုပ်သမားများကို အဓမ္မခိုင်းစေခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းကဲ့သို့သော ဥပဒေမဲ့လုပ်ရန်များ မလုပ်နိုင်ရန် ကာကွယ်တားဆီးပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်မှ ဦးစောတင်ဝင်းနှင့် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်တို့က ပါဝင်ဆွေးနွေး
  • ထို့ပြင် အဆိုနှင့်စပ်လျဉ်း၍ ညောင်လေးပင်မဲဆန္ဒနယ်မှ ဒေါက်တာမြင့်သိန်း၊ ရွှေတောင်မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦး၊ ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၊ ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာအေးမင်းတို့ကလည်း ထောက်ခံဆွေးနွေး
  • အဆိုနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းတင်ပြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ယနေ့ (၂၂.၁၁.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်းက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ – ရ) အသစ်အဟောင်း မခွဲခြားဘဲ လယ်သမားတိုင်း စိုက်ပျိုးစရိတ် ချေးငွေများ ရရှိစေရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေများ ရရှိစေရေးနှင့် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရာတွင် (ပုံစံ – ရ) ပါ ဧကများအတိုင်း ချေးငွေများ အပြည့်အဝရရှိရေးအတွက် မည်သည့်အစီအစဉ်များ ချမှတ်ထားခြင်းကို သိရှိလိုကြောင်း မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျေယောဝူ၏ ပူတာအို – (၁၄) မိုင် – နန့်တုံခူး – (၂၆)မိုင် – နမ်ဇယ် – (၂၀)မိုင် – လုံးနဒမ်း – (၄)မိုင် – ဝဆန်ဒမ် – (၇)မိုင် – အဝပ်ဒမ်း – (၈)မိုင် စုစုပေါင်း (၇၉) မိုင်ကို (၁ဂ) ပေ အကျယ် ကျောက်ခင်းလမ်းအဖြစ် ပူတာအိုမြို့နယ် အနောက်ဘက်ခြမ်း ပတ်လမ်းအား ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်သူက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ္ဋ်က မွန်ပြည်နယ် သထုံမြို့နယ် အုပ္ဖိုချောင် ကျေးရွာအုပ်စုမှ သထုံမြို့အထိ ရာသီမရွေး သွားလာနိုင်သော မြေသားလမ်းတစ်ခု ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သူက ဖြေကြား
  • ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် ခွင့်ပြုမိန့် မရရှိသေးဘဲ ဓာတ်ဆီဆိုင် ဆောက်လုပ်ခြင်းနှင့် အဆိုပါ လယ်မြေဧကများ အတွက် ၂၀၁၆ ခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူထားခြင်း ရှိ၊ မရှိတို့ကို သိရှိလိုကြောင်း မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်းက ပိုးစားပင်စိုက်ပျိုးရေး စီမံချက်အတွက် သိမ်းဆည်းထားသည့် ယာမြေဧကပေါင်းများစွာအား ပိုးစာစိုက်ပျိုးရေး စီမံချက် ဖျက်သိမ်းပြီးနောက်ပိုင်း မူလပိုင်ရှင်များထံ ပြန်လည်လွှဲအပ်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခင်မောင်ဝင်း၏ တနင်္သာရီတိုင်း ဒေသကြီး ကော့သောင်းခရိုင် အတွင်းရှိ သိမ်းဆည်းခံခဲ့ရသည့် ဥယျာဉ်ခြံမြေများကို ဒေသခံများထံသို့ ပြန်လည်ပေးအပ်ခြင်း သို့မဟုတ် နစ်နာကြေးပေးခြင်း၊ မြေမဲ့ယာမဲ့ ဖြစ်လျက်ရှိသော ဒေသခံများနှင့် ရွှေ့ပြောင်းလုပ်သားများအတွက် မြေယာမျှဝေပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ဆီအုန်းစိုက်ခင်းများကြောင့် ပြုန်းတီးသွားသော သစ်တောများအပြင် ယင်းစိုက်ခင်းများအတွင်းရှိ စမ်းချောင်းများအား ဒေသခံများနှင့် ဆီအုန်းကုမ္ပဏီတို့ ပူးပေါင်းထိန်းသိမ်းပြီး ကျေးရွာများအတွက် အားကစားကွင်း၊ စားကျက်မြေများ ဖန်တီးပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s