3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၄ နိုဝင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (၂၃.၁၁.၂၀၁၆) နံနက် ၁၀ နာရီက ကျင်းပ
  • အစည်းအဝေးတွင် ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစောက ရွှေကျင်မြို့နယ်အတွင်း ရွှေတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနေမှုများကို ကာကွယ်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်းမေးရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်၏ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း (Ecotourism)နှင့် ပတ်သက်၍ မည်ကဲ့သို့ စီစဉ်ဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဖြေကြား
  • ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာ ဦးခင်မောင်မောင်၏ ဒဂုံမြို့သစ်(မြောက်ပိုင်း) ရှိ မြေကွက်များအား အစိုးရသစ်လက်ထက်တွင် မြေချပါမစ်အသစ်၊ မြေဂရန်အသစ်၊ အထူးမြေချဂရန်များကို ချထားပေးခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ ရှားပါးသတ္တဝါများဖြစ်သော သစ်ဆွဲဆင်ယဉ်များနှင့် တောဆင်ရိုင်း များကို စနစ်တကျ ထိန်းသိမ်းရန်နှင့် သစ်ထုတ်လုပ်မှုများ ပိတ်သိမ်းရပ်နားထား၍ အလုပ်လက်မဲ့ ဆင်များအတွက် စနစ်တကျ ပြန်လည်စုစည်းနိုင်ရေး ဆောင်ရွက်ထားမှု ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ဦးဖြိုးဇေယျာသော်(ခ)ဦးဇေယျာသော်၏ ဟိုတယ်ကဏ္ဍဆိုင်ရာ မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့က ဖြေကြား
  • ထို့နောက် သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးက ပဲခူးမြို့ကန်တော်ကြီး ရေဝေရေလဲဒေသအား စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့် မြို့လူထုအန္တရာယ်ကင်းသော သောက်သုံးရေ ရရှိရေးအတွက် ကန်တော်ကြီး ရေဝေရေလဲ ရေဆင်းဧရိယာအတွင်း ပုဂ္ဂလိကလုပ်ပိုင်ခွင့်များအား ပြန်လည်ရုပ်သိမ်း၍ သဘာဝ သစ်တော ကန့်သတ်နယ်မြေအဖြစ် ပြန်လည်သတ်မှတ်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်
  • ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုများကို လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြု
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ (၂၃.၁၁.၂၀၁၆) နံနက် ၁၀ နာရီက နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပ
  • အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခင်မောင်ဝင်းက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းများကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းအတွက် ငှားရမ်းထားခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးဖြစ်ထွန်းပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် မည်ကဲ့သို့ စီမံခန့်ခွဲဆောင်ရွက်နေကြောင်း မေးရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဖြေကြား
  • ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်းက မြန်မာနိုင်ငံအတွင်း ဖြတ်သန်းစီးဆင်းနေသည့် သံလွင်မြစ်အား ရေရှည် ပိုင်ပိုင်နိုင်နိုင် အသုံးပြုရေးအတွက် အနာဂတ်ကာလတွင် ရင်ဆိုင် တွေ့ကြုံရဖွယ် ရှိသော ပြဿနာ water resource management conflict များ ကြိုတင်ကာကွယ် တားဆီးနိုင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် Transboundary Water Management agreement ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိမေးရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဂျေယောဝူက ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့ လေယာဉ်ကွင်း မွမ်းမံပြင်ဆင်နေခြင်းကို မည်သည့်အချိန်တွင် ပြီးစီး၍ ခရီးစဉ် စတင်ပြေးဆွဲနိုင်မည်ကို သိရှိလိုခြင်းနှင့် ခေါင်လန်ဖူးမြို့နယ်တွင် သင့်လျော်သောနေရာ၌ လေယာဉ်ကွင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးရဲမြင့်စိုးက နှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သော ရန်ကုန်-သန်လျင် တံတားယာဉ်ဖြတ်သန်းခ ကောက်ခံမှုအား ဖြေလျှော့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • ထို့ပြင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးကျော်ကျော်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းတို့၏ လယ်ယာမြေကိစ္စ၊ မြစ်ကမ်းပါး ထိန်းသိမ်းရေးနှင့် လေကြောင်းကဏ္ဍဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်တို့က ပြန်လည်ရှင်းလင်းဖြေကြား
  • ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် နိုင်ငံ့ဝန်ထမ်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ) ဦးမောင်စိုးနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကျော်နိုင်တို့က ဥပဒေကြမ်း၏ ပုဒ်မ(၁၀)၊ ပုဒ်မ(၂၄)နှင့် ပုဒ်မ(၅၆)ပါ စကားလုံးအသုံးအနှုန်းနှင့် သဒ္ဒါအထားအသို မှန်ကန်စေရေးအတွက် အဓိကထား ဆွေးနွေးခဲ့ကြ
  • အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းက ဥပဒေကြမ်းကော်မတီတွင် ပြန်လည်ကြားနာစစ်ဆေးရန် ဆုံးဖြတ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s