3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၉ နိုဝင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၂၈.၁၁.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်က လဟယ်မြို့နယ် တိုက်ယံကျေးရွာနှင့် အံပေါ်ကျေးရွာ တစ်လျှောက်ရှိ လယ်မြေများ ပြန်လည်ဖော်ထုတ်ခြင်း၊ အသစ်ဖော်ထုတ်ခြင်း လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် စက်ယန္တရားများ၊ နည်းပညာရှင်များနှင့် လိုအပ်သောရန်ပုံငွေ ပံ့ပိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက ကျောက်ဆည်ကျေးရွာအနီးရှိ ကျောက်ဆည်ကန်၏ သဲနုန်းများ တူးဖော်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက တောင်သူများအတွက် ခေတ်ကာလနှင့်လျော်ညီသော မြေခွန် နှုန်းထားများ ပြင်ဆင်သတ်မှတ် ကောက်ခံရန် အစီအစဉ် ရှိ၊ မရှိ မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းက (၁၆”.၁မိုင်)စကေးဖြင့်သာ မြေပုံရေးဆွဲခွင့်ရှိသည့် မြေပုံမြို့အပါအဝင် အခြားမြို့များအား (၆၄”.၁မိုင်)စကေး မြို့ကွက်မြေများအဖြစ် သတ်မှတ်တိုင်းတာနိုင်ရေးအတွက် နိုင်ငံတော်မှ မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ထို့အတူ ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၊ မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းနှင့် မဘိမ်းမဲဆန္ဒနယ်မှ ဦးအောင်မြင့်ရှိန် တို့၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍဆိုင်ရာ မေးခွန်းများကိုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ရှင်းလင်းဖြေကြားခဲ့
  • ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် စိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးရာတွင် ကျေးရွာဘဏ်ကော်မတီများကို စနစ်တကျဖွဲ့စည်း၍ ကျေးရွာ အရောက် သွားရောက်ချေးပေးသောပုံစံ ပြောင်းလဲဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ
  • ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိအတည်ပြု၍ ပေးပို့လာသော ပြည်တွင်း ရေကြောင်းပို့ဆောင်ရေးအဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့်ဥပေဒကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီက တင်သွင်းပြီး ပြည်သူ့လွှတ်တော်ဥက္ကဌက ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အသိပေးကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို (၂၈.၁၁.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဇယ်ခေါင်က ကချင်ပြည်နယ်အတွင်းရှိ အစိုးရ အုပ်ချုပ်မှု နယ်မြေအတွင်း စစ်ရှောင်စခန်းများကို လစာရိက္ခာ တိုးမြှင့်ကူညီပေးနိုင်ရေး၊ အလုပ်အကိုင် ရှာဖွေဖန်တီးနိုင်ရေး၊ နေရာအခန်းများကို တိုးချဲ့ ဆောက်လုပ်ပေးနိုင်ရေးနှင့် လုပ်ကိုင်စားသောက်ရန် သင့်တင့်သော မြေနေရာတွင် သင့်တင့်သော အကျယ်အဝန်းရှိ အိမ်၊ ခြံ မြေကွက်များ ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေးက ပြည်ပသို့ တရားဝင် သွားရောက်အလုပ် လုပ်ကိုင်နိုင်ရန်အတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အဆင့်ဆင့် ကြန့်ကြာမှုများကို ဖြေလျှော့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်က လမ်းဘေး လေလွင်ကလေးသူငယ်များ ဘဝလုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ပညာသင်ကြားရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးနှင့် မှတ်ပုံတင်ရရှိရေး တို့အတွက် အစီအမံများ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ကို မြန်မာ – အိန္ဒိယ နယ်စပ်အပြည်ပြည်ဆိုင်ရာ ဝင်/ထွက်ပေါက်အဖြစ် သတ်မှတ်ပြီး ကမ္ဘာလှည့် ခရီးသည်များ ဝင်/ထွက်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိမေးရာ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • ထို့အပြင် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဖေတင်၏ ပညာရေးကဏ္ဍ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်းဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s