3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၃၀ နိုဝင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ (၂၉.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ ပြည်ထောင်စုတစ်ဝန်း အရက်ချက်စက်ရုံများမှ ထွက်ရှိသည့် စွန့်ပစ်ရေဆိုးများအား ပြည့်စုံသည့် သန့်စင်စနစ် တပ်ဆင်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ စံချိန်စံညွှန်းများနှင့်အညီ စွန့်ပစ်မှသာ ထုတ်လုပ်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်က မှတ်တမ်း တင်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်
  • အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်မေဝင်းမြင့်၊ ဦးခင်မောင်လတ်၊ ဒေါက်တာ ဒေါ်အေဇင်လတ်၊ ဒေါက်တာ ဒေါ်ခင်စိုးစိုးကြည်၊ ဦးအောင်မင်း၊ ဦးဘုန်းမြင့်အောင်၊ ဦးမြင့်ဝေ၊ ဦးဉာဏ်လင်း၊ ဦးအောင်ထူးမြင့်၊ ဦးဘရှိန်ှနှင့် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူး မြတ်သိန်းတို့က  ထောက်ခံဆွေးနွေး
  • အဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မှတ်တမ်းအဖြစ်သာ ထားရှိသင့်ကြောင်း ရှင်းလင်းတင်ပြ
  • အစည်းအဝေးတွင် တန့်ယန်းမဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်က တန့်ယန်းမြို့နယ်အတွင်းရှိ မိုင်းပတ် ကျေးရွာနှင့် မိုင်းကောင်းကျေးရွာတို့အား လျှပ်စစ်မီးဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • မိုင်းယောင်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းအောင်က မိုင်းယောင်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းပျဉ်း၊ မက်မန်း၊ မိုင်းယန်း၊ မိုင်းခတ် စသည့် မြို့ခုနှစ်မြို့တို့၏ ညစဉ်မီးပေးနာရီကို ၄ နာရီသို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်က ဒီပဲယင်း မြို့နယ်အတွင်းရှိ ကျေးရွာများတွင် JICA မှ ချေးငွေဖြင့် 33 KV လျှပ်စစ်ဓာတ်အားခွဲရုံ တည်ထောင်၍ နောက်ထပ်ရွာပေါင်း (၇၀)ကျော် လျှပ်စစ်မီးလင်းရေးကို မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်ကို သိလိုကြောင်း မေးရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်စိုးက ဗန်းမောက်မြို့နယ်တွင် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား
  • ထို့ပြင် ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး၊ လဟယ်မဲဆန္ဒနယ်မှ ဦးသက်နောင်၊ လေရှီး မဲဆန္ဒနယ်မှ ဦးကျော်ဌေး၊ မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်တို့၏ မေးမြန်းချက်များကိုလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ္ဋ်တို့က ပြန်လည်ဖြေကြား
  • မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်းက ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ သိန်းနီ။ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA, MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့ တို့မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ ပြည်သူများ သေကျေခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာစစ်ပြေးဒုက္ခသည် ဘဝရောက်ခြင်းနှင့် နိုင်ငံတော်၏ အချုပ်အခြာ တည်တံ့ခိုင်မြဲမှု၊ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ထိခိုက်စေခြင်းတို့ကို လွှတ်တော်က စိုးရိမ်ကြောင်း အရေးကြီးအဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့ (၂၉.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးလှမြင့်(ခ)ဦးလှမြင့်သန်းက မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိပ်ဇရပ်ရှိ စက္ကူစက်ရုံ(စစ်တောင်း)အား ၂၀၁၃ ခုနှစ်တွင် Industrial Complex အနေဖြင့် စက်မှုဇုန်(၁)(၂)(၃)အဖြစ် ထူထောင်ရန် ရွှေသံလွင်ကုမ္ပဏီလီမိတက်၏ တင်ပြချက်အရ ၂၀၁၁ ခုနှစ်၌ စာချုပ်ဖြင့် ငှားရမ်းခဲ့မှုကို သိရှိလိုကြောင်း မေးရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်က ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း(ခွဲ)များ၌ ကွန်ပျူတာ၊ မိတ္တူကူးစက်နှင့် မီးစက်တစ်ခုစီ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိမေးရာ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးမိုင်းအုဏ်းခိုင်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် နမ္မဝေရပ်ကွက်ရှိ တပ်မတော် လက်ဖက်အချိုခြောက် စက်ရုံမြေနေရာ၌ ပါဝင်သော အမှတ်(၃) အခြေခံပညာ မူလတန်းကျောင်း မြေနေရာကို ပညာရေးဝန်ကြီးဌာနပိုင်မြေအဖြစ် လွှဲပြောင်း သတ်မှတ်ပေးနိုင်ခြင်း ရှိ၊ မရှိ၊ ၄င်းကျောင်းအား ကျောင်းပြုပြင် ထိန်းသိမ်းစရိတ်နှင့် ကျောင်းဆောင်သစ် ဆောက်လုပ်ရေး ရန်ပုံငွေ ချမှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုးက အခြေခံပညာ ကဏ္ဍတွင် ကျောင်းထောက်ပံ့ကြေး လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ တိတိကျကျ လိုက်နာဆောင်ရွက်ရေးအတွက် အထူးစီမံ ကြပ်မတ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ကျောင်းထောက်ပံ့ကြေးများအား ကိုယ်ကျိုးရှာ အလွဲသုံးစားပြုနေသော ကိုယ်ကျိုးရှာ အလွဲသုံးစားပြုနေသော ကော်မတီဝင်များအား စုံစမ်းဖော်ထုတ်၍ ထိထိရောက်ရောက် အရေးယူ အပြစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅) မှ ဦးမောင်မောင်အုန်းက ရန်ကင်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းနှင့် ကံဘဲလမ်းထောင့်ရှိ အမှတ်(၆) သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနပိုင် မြေ ၃၅ ၃သမ ရ၀ ဧကကို ပွင့်လင်းမြင်သာမှုမရှိဘဲ စွန့်လွှတ်မြေအဖြစ် အချိန်တိုအတွင်း သတ်မှတ်ပြီး ရွှေတိဂုံ စေတီတော်အနီးမှ လက်လွှတ်ခဲ့ရသော ဒဂုံစီးတီးအဆင့်မြင့် မြို့ပြအိမ်ရာ စီမံကိန်းနေရာအစား မာဃကုမ္ပဏီသို့ နှစ် ၅၀ စီမံကိန်းဖြင့် ငှားရမ်းခဲ့မှုအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနက ထိုစီမံကိန်းကို ဖျက်သိမ်း၍ ပြည်သူ့ဆန္ဒနှင့်အညီ ဖွံ့ဖြိုးမှုအားနည်းသော တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒလနှင့် တွံတေးစသည့် နေရာများသို့ ရွှေ့ပြောင်းကာ စီမံကိန်းနေရာ ချထားပေးရန် အစီအစဉ် ရှိ၊ မရှိမေးရာ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်က ပလက်ဝမြို့နယ် ဆမီးမြို့နှင့် သံထောင်ရွာများရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ကျောင်းစာသင်ခန်းများ လုံလောက်မှု မရှိသည့်အတွက် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခြင်း၊ စာသင်ခန်းများအား မွမ်းမံပေးခြင်းနှင့် ဆမီးမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် လိုအပ်လျက်ရှိသည့် ကျောင်းခန်းမ၊ သိပ္ပံခန်း၊ ကွန်ပျူတာခန်းနှင့် စာကြည့်တိုက်တို့ကို ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသည့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်က လက်ခံရရှိကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s