3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၁ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ယနေ့ (၃၀.၁၁.၂၀၁၆) နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ
  • အစည်းအဝေးတွင် ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးစတီဖန်အစား အဖွဲ့ဝင် ဦးကျော်စိုးလင်းအား တွဲဖက်အတွင်းရေးမှူါ်အဖြစ် တာဝန်ပေးအပ်ခြင်းနှင့် တွဲဖက်အတွင်းရေးမှူး ဦးစတီဖန်အား အဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခြင်းတို့ကို လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
  • ထို့ပြင် ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာနှင့် ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာများကို ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတို့မှ ဖတ်ကြားတင်ပြ
  • ယင်းဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောများ ရငွေ သုံးငွေများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်က ကြေညာ
  • ထို့နောက် အမျိုးသားမြေအသုံးချမှုဝါဒ (National Land Use Policy) နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစပ်သုံးသပ်ရေး ကော်မရှင်၏ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်အကြုံပြုချက် အစီရင်ခံစာကို ကော်မရှင်ဒုတိယဥက္ကဌ(၂) ဒေါက်တာသန်းဝင်းက လွှတ်တော်သို့ တင်သွင်းရာ ပြည်ထောင်စုအစိုးရအဖွဲ့သို့ ပေးပို့သွားမည် ဖြစ်ကြောင်းနှင့် လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ကြေညာ
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ(၁) ဦးကိုကိုနိုင်အစား အဖွဲ့ဝင် ဒေါက်တာအောင်ခင်အား ဒုတိယ ဥက္ကဌ(၁)အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခြင်း၊ ဒုတိယဥက္ကဋ္ဌ(၁) ဦးကိုကိုနိုင်အား အဖွဲ့ဝင်အဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခြင်းနှင့် ကော်မရှင်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပြင်ဆင်သတ်မှတ်ခြင်းတို့ကို လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန် ကိုရီးယားသမ္မတနိုင်ငံ င်္စီးပွားရေးနှင့် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ အမေရိကန် ဒေါ်လာ ၆၁ ဒသမ ၃သန်း ချေးငွေရယူရန်နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းတင်ပြကြရာ လွှတ်တော်က ယင်းချေးငွေ ချေးယူနိုင်ရန် အတည်ပြုကြောင်း ဆုံးဖြတ်
  • ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့သော စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ဂျပန်ယန်း ၉၃၉၇၀ သန်း ချေးယူရန် ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်းတင်ပြကြ
  • စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ချေးငွေ ဂျပန်ယန်း ၁၅၁၃၅ သန်းကို လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း ဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင်ရရှိရေး၊ ဆင်းရဲမှုလျှော့ချရေး၊ ကျေးလက်ဒေသနှင့် မြို့ပြဒေသ အချိုးညီညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီဘဏ်လုပ်ငန်းဖြင့် နိုင်ငံ၏ စီးပွားရေး တည်ငြိမ်မှု နှင့် ရေရှည်ဖွံ့ဖြိုးမှုတို့အား အထောက်အကူ ဖြစ်စေနိုင်ကြောင်း၊ (JICA) မှ ချေးငွေအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြ
  • ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဂျပန်နိုင်ငံချေးငွေဖြင့် လမ်း၊ တံတားများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဆင်းရဲမှု လျော့ချရေးဆိုင်ရာ ဒေသတွင်း ဖွံ့ဖြိုးမှု စီမံကိန်း (အဆင့်-၂) အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြ
  • လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန JICA ODA ထံမှ မမျှော်မှန်းနိုင်သော စရိတ်မပါချေးငွေ ဂျပန်ယန်း ၆၆၅၀ သန်းရယူ၍ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်များနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဆင်းရဲမှုလျော့ချရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အား မရရှိသေးသော ကျေးရွာများ ဓာတ်အားရရှိစေရန် ဆောင်ရွက်လိုကြောင်း ရှင်းလင်းတင်ပြ
  • ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ယခု ဂျပန်နိုင်ငံချေးငွေဖြင့် ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်း အဆင့် ၁ အပိုင်း ၂ လုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြ
  • အလားတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေပိုမိုရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာနများ၏ ချေးငွေ ရရှိသုံးစွဲရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြ
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်ရှိပါက ဆွေးနွေးနိုင်ကြောင်း ကြေညာ
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအကြား ဓာတ်အား ကွန်ရက်အချင်းချင်း ချိတ်ဆက်ကုန်သွယ်နိုင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးနိုင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • ၄င်းကိစ္စနှင့် ပတ်သက်၍ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးဇုန်လှယ်ထန်းနှင့် ရေဖြူမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦးတို့က ထောက်ခံဆွေးနွေး
  • အလားတူ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်နှင့် ဝါးခယ်မမဲဆန္ဒနယ်မှ ဦးဇော်သိန်းတို့က ဆွေးနွေးကြရာ ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်က ပါဝင်လက်မှတ်ရေးထိုးနိုင်ရန် သဘောတူကြောင်း ဆုံးဖြတ်
  • ဆက်လက်၍ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေး ဆောင်ရွက်ချက် အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စမ်းလှိုင်က ဆွေးနွေး
  • ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ္ဋ်၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ သက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ) နှင့် သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်တို့က ဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s