3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၂ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ (၁.၁၂.၂၀၁၆) နံနက် ၁၀ နာရီက ကျင်းပ
  • အစည်းအဝေးတွင် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက လှိုင်မြို့နယ် ၁၂ ရပ်ကွက် အင်းစိန်လမ်းမပေါ်ရှိ ဘာတာစျေးနှင့် လှိုင်မြို့နယ် မီးသတ်ဦးစီးဌာန အဆောက်အအုံကြားရှိ စက်မှု ဝန်ကြီးဌာနပိုင် မြေနေရာတွင် ယခင်အစိုးရလက်ထက်က ဆောက်လုပ်ခဲ့သော အဆောက်အအုံ တစ်လုံး၊ ယခုဆောက်လုပ်ရန် ပြင်ဆင်နေသော မြေကွက်လပ်၊ ယခင်အစိုးရလက်ထက်က ငှားရမ်းထားသော Planets Zone Beer ဆိုင်၊ ဖုန်းပစ္စည်းအရောင်းဆိုင်နှစ်ဆိုင်၊ KLK အဝတ် အထည်ဆိုင် နေရာများကို မူလတည်ရှိခဲ့သော ကလေးကစားကွင်းနှင့် ပန်းခြံပြုလုပ်ရန် အတွက် အများပိုင် မြေနေရာအဖြစ် ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဖြေကြား
  • တန့်ယန်းမဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်က တန့်ယန်းမြို့နယ် မန်ကျောင်းရွာအနီး ဆွတ်တီးချောင်းပေါ်ရှိ ရေလှောင်တမံအား လုံလောက်သော ရေပိုလွှဲမြောင်းများ ထည့်သွင်းတည်ဆောက်ပေးရေး မည်ကဲ့သို့ ဆောင်ရွက်ပေးမည်နှင့် နှစ်စဉ် ဆုံးရှုံးနစ်နာသော တောင်သူများအား မည်သို့ ကူညီဆောင်ရွက် ပေးမည်ကို သိလိုကြောင်း မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူ ဆောက်လုပ်ထားသော လမ်းတံတားများ အချိန်တိုအတွင်း ပျက်စီးနေပါသဖြင့် တာဝန်ယူ ဆောက်လုပ်ခဲ့သော ကုမ္ပဏီများအား ပြန်လည်ပြုပြင်စေခြင်း၊ တာဝန်ယူ ဆောင်ရွက်ခြင်း မရှိပါက တရားစွဲဆိုခြင်း၊ နာမည်ပျက်စာရင်းသွင်းခြင်းများ ပြုလုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ထို့အပြင် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ပင်လောင်းမဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း၊ မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းတို့၏ မေးမြန်းချက်များကိုလည်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူတို့က ပြန်လည်ဖြေကြား
  • ထို့နောက် ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေက နိုင်ငံတစ်ဝန်း စိုက်ပျိုးရေး လုပ်ကိုင်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ ပုဒ်မ ၄၅ အရ ခွင့်ပြုခဲ့သည့် သစ်တောမြေများအား အဆိုပါနည်းဥပဒေနှင့် အညီစိစစ်ပြီး နည်းဥပဒေပါ စည်းကမ်းချက်များနှင့် မညီညွတ်သော လုပ်ကွက် မြေဧရိယာများအား နည်းဥပဒေပုဒ်မ ၅၇ အရ နိုင်ငံတော်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများအဖြစ် ပြန်လည်ရုပ်သိမ်း၍ သဘာဝနည်းလမ်းများဖြင့် သစ်တောပြုစုပျိုးထောင်ခြင်းကို ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်
  • ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ၁၉၇၃ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြု
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့ (၁.၁၂.၂၀၁၆) နံနက် ၁၀ နာရီက ကျင်းပ
  • အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစောသန်းထွဋ္ဋ်က ၂၀၁၂ ခုနှစ်က ဧကပေါင်း ၉၆၉ ဧကဖြင့် အကောင်အထည်ဖော်ခဲ့သည့် ကရင်ပြည်နယ် ဘားအံစက်မှုဇုန် အခြေအနေအား သိရှိလိုကြောင်းမေးရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိ်ယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၀) မှ ဦးလားလ်မင်းထန်က ချင်းပြည်နယ် ဟားခါး – မတူပီ လမ်းမကြီးမှ ခွဲထွက်သော တိန်ဆီး – တီလပ် – ဝေါ်တီး လမ်းအပိုင်းမှ ဖောက်လုပ်ပြီးခဲ့သော ၂၃ မိုင် ရ ဖာလုံ လမ်းပိုင်းမှ ပြိုကျမြေပုံများကို ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ဖယ်ရှား ရှင်းလင်းပေးရန်နှင့် ကေလုံ – ဘလေး – လုံငိုး ကျေးရွာအထိ ၁၀ မိုင်အား ဆက်လက် ဖောက်လုပ် ပေးရန် အစီအစဉ် ရှိ၊ မရှိမေးရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ္ဋ်က ဖြေကြား
  • ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဂျေယောဝူက နောင်မွန်းမြို့နယ်ရှိ ပန်နန်းဒင် – ငါဝါ – ဂဝိုင် – ဒုံဇုံ – တဆူထု – ထလာထု – ခရောင် – ဒဟွန်းဒမ်း စုစုပေါင်း ၆၃ မိုင်နှင့် ဒုံဇုံ – ပေ ၁၅၀ ဆန်ခူးလောင်ကြိုးတံတား – ထအွန်းဒမ်း – ဆန်ဒမ်း – မဒိန်း စုစုပေါင်း ကိုးမိုင်တို့ကို ရှစ်ပေအကျယ် ဆိုင်ကယ်မြေသားလမ်း ဖောက်လုပ်ပေးရန်၊ လုံးနတ်ဘူဒဲ – ငါဝါအကြား ပေ ၃၅၀ ရှိ မေခမြစ်ကူး ဆိုင်ကယ်ကြိုးတံတားအား ပြန်လည်တည်ဆောက်ပေးရန်နှင့် တဆူထု ပေ ၃၅၀ မေခမြစ်ကူး ကြိုးတံတားနှင့် ဒဟွန်းဒမ်း ပေ ၃၅၀ အန္တရာယ်ရှိ မေခမြစ်ကူး ဆိုင်ကယ်ကြိုးတံတား နှစ်စင်းအား အဆင့်မြှင့် ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ္ဋ်က ဖြေကြား
  • ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်း၏ သယံဇာတ အရင်းအမြစ် တူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (Extractive Industries Transparency Initiative (EITI) လုပ်ငန်းအား ဆက်လက်ဆောင်ရွက် အကောင်အထည်ဖော်မှု အခြေအနေအား သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်က ချင်းပြည်နယ် ပလက်ဝ မြို့နယ် ဆမီးမြို့နှင့် မတူပီမြို့နယ် လိုင်လင်းပီမြို့အကြား ဆမီး-လိုင်လင်းပီ ဆက်သွယ်သည့် ကားလမ်းအား နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ယူ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား
  • ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် မြန်မာ့ပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်းက ဥပဒေရေးထုံးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားရာ အမျိုးသား လွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းက ဥပဒေကြမ်းကော်မတီမှ ပြန်လည်ကြားနာဆောင်ရွက်ရန် ကြေညာ
  • ယင်းနောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဥက္ကဌ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်းက ဖတ်ကြားတင်ပြပြီး အမျိုးသား လွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြု ဆုံးဖြတ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s