3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၃ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ (၂.၁၂.၂၀၁၆) နံနက် ၁၀ နာရီက ကျင်းပ
  • အစည်းအဝေးတွင် စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦးက ယခင်နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ရရှိခဲ့သည့် ကျောင်းသား ကျောင်းသူများကို ဆက်လက် ပံ့ပိုးကူညီမှု ရှိ၊ မရှိ နှင့် ယခုနိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆုရ ကျောင်းသား ကျောင်းသူများကို မည်သည့်အချိန်တွင် ပညာတော်သင် စေလွှတ်မည်ကို သိရှိလိုကြောင်း မေးရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုးက ဝန်ကြီးဌာနအလိုက်ဖြစ်စေ၊ ဦးစီးဌာနအလိုက်ဖြစ်စေ၊ နယ်မြေဒေသအလိုက်ဖြစ်စေ လမ်းတံတား လုပ်ငန်းအမျိုးမျိုး၌ စံသတ်မှတ်ချက် အမျိုးမျိုးကို တွေ့ရှိရသဖြင့် စံချိန်စံညွှန်း သတ်မှတ်ချက်များ ထားရှိခြင်း ရှိ၊ မရှိ မေးရာ ဒုတိယဝန်ကြီး သန်းအောင်စိုးက ဖြေကြား
  • လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက အခြေခံပညာကျောင်းများ တည်ဆောက်ရေးအတွက် ဒေသအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး အခြေအနေပေါ်မူတည်၍ ဒေသစျေးနှုန်းများအပေါ် အခြေအနေမှန်ဖြင့် တွက်ချက်တင်ပြသည့် အဆောက်အအုံတန်ဖိုးကို အခြေခံပြီး လေလံစနစ်ဖြင့် တည်ဆောက်ခြင်း၊ ဆရာ ဆရာမများ နားနေခန်းပါ အဆောက်အအုံ ဒီဇိုင်းပုံစံ ပြောင်းလဲပေးရန်နှင့် စာသင်ခုံများ၊ သင်ပုန်းများအား ကျောင်းသား ကျောင်းသူဦးရေနှင့် အညီ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစောက တက္ကသိုလ်တစ်ခုချင်းစီအတွက် ပဋိညာဉ်နှင့် တက္ကသိုလ် အားလုံးကို လွှမ်းခြုံသော ပဋိညာဉ်စာတမ်း တစ်ခုစီကို ရေးဆွဲရေးအတွက် အချိန်၊ မူဘောင်၊ တက္ကသိုလ် ကျောင်းသားသမဂ္ဂများအားလုံး မည်သည့်အချိန်တွင် တည်ထောင်ပြီးစီးမည်နှင့် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ပြန်လည်တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့အပြင် ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ နတ်တလင်းမဲဆန္ဒနယ်မှ ဦးခင်အေးတို့၏ ပညာရေးဆိုင်ရာ မေးခွန်းများ ကိုလည်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့နောက် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာမောင်သင်း တင်သွင်းသည့် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ သိန်းနီ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း၊ နမ္မတူနှင့် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တို့တွင် KIA/MNDAA နှင့် TNLA ပူးပေါင်းအဖွဲ့တို့က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်၊ မိုင်းထောင်မှု၊ ဖျက်ဆီးမှု၊ ဗုံးခွဲမှုများကြောင့် အပြစ်မဲ့ပြည်သူများ သေကျေခြင်း၊ ဒဏ်ရာရခြင်း၊ အိုးအိမ်စွန့်ခွာ စစ်ပြေးဒုက္ခသည် ဘဝရောက်ခြင်းနှင့် နိုင်ငံ၏ အချုပ်အခြာတည်မြဲမှု၊ တရားဥပဒေစိုးမိုးမှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အား ထိခိုက်စေခြင်းတို့ကို လွှတ်တော်မှ စိုးရိမ်ကြောင်း အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • အဆိုကို လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ တောင်ကြီးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သန်းငွေနှင့် တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး မျိုးခိုင်တို့က ပါဝင်ဆွေးနွေးကြ
  • ထို့အတူ အဆိုနှင့် စပ်လျဉ်း၍ မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၊ မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးသန်းအောင်၊ မြစ်ကြီးနားမဲဆန္ဒနယ်မှ ဦးအင်ထုံးခါးနော်ဆမ်၊ ဖရူဆို မဲဆန္ဒနယ်မှ ဦးပဲ့ဒူ၊ သိန်းနီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဦးလမာနော်အောင်တို့လည်း အကြံပြု ဆွေးနွေးခဲ့ကြ
  • အဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတို့က ရှင်းလင်းတင်ပြ
  • ယင်းအရေးကြီးအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်ခဲ့
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ (၂.၁၂.၂၀၁၆) နံနက် ၁၀ နာရီက ကျင်းပ
  • အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးအေးဗိုလ်က လှိုင်သာယာ မြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာမှုကို အကာအကွယ်ပေးနေသော ရဲဝန်ထမ်း (လုံခြုံရေး) အရေအတွက်ကို ထပ်မံတိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် ရပ်ရွာလုံခြံုမှုကို ပြည်သူလူထုအတွက် မည်ကဲ့သို့ ကောင်းမွန်စွာ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်းမေးရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ကျေးလက်လမ်း၊ တံတားများ ပျက်စီးယိုယွင်းနေမှုများကို တင်ဒါစည်းကမ်းများနှင့်အညီ တာဝန်ယူပြန်လည် ပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်ခမ်းက လားရှိုးမြို့နယ် ကောင်းကြဲ(ပိတ်) ကျေးရွာအုပ်စု နားမွန်ကျေးရွာအတွင်းရှိ တောင်သူ(၁၂)ဦး ပိုင်ဆိုင်သော ကွင်းအမှတ် (၁၀၂) ဆွမ်ကွယ်ကွင်းမြေနာရာအား တပ်သိမ်းမြေမှ မူလတောင်သူများထံ ပြန်လည် စွန့်လွှတ်ပေးပါရန်နှင့် နစ်နာသော တောင်သူများကို မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိလိုကြောင်းမေးရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်က ပေါက်တောမြို့နယ် ချောင်းကြီးကျေးရွာ အရှေ့ဘက်၌ တည်ရှိသော ချောင်းကြီးချောင်းအား သံကူကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်က ကျွန်းလှမြို့နယ်အတွင်းရှိ သွားလာရန် ခက်ခဲသော ကုက္ကိုကုန်း-အိမ်ခြေလမ်းကို ရာသီမရွေး သွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s