3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၆ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့ (၅.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးနိုင်က ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဘောလုံးအားကစားကွင်းကို အများပြည်သူ ပြန်လည်သုံးစွဲနိုင်ရေး အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်နှင့် ဇေယျာရွှေမြေဘောလုံးကလပ် အသင်းထံမှ ပြန်လည်တောင်းယူပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ဖြေကြား
  • ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်က ဆိမ်ဖြူမြို့နယ် အနောက်ကမ်းဖြူ ကျေးရွာရှိ ကျေးလက် ကျန်းမာရေး ဌာန(ခွဲ)ကို ကျေးလက်ကျန်းမာရေး ဌာနအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ဖြေကြား
  • မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက မောက်မယ်မြို့နယ် ဟိုနမ့်တိုက်နယ် ၁၆ ခုတင်ဆံ့ ပြည်သူ့ဆေးရုံ ပြန်လည်ပြုပြင်ပေးမည့် အစီအစဉ်နှင့် ဆရာဝန်နေအိမ်နှင့် ဝန်ထမ်းနေအိမ်များ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို သိလိုကြောင်းမေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ယင်းမာပင်မဲဆန္ဒနယ်မှ ဦးအောင်စိုးက ယင်းမာပင်မြို့နယ် ဘန့်ကွေးအုပ်စု သိကြားစက်တောင်ရွာ (ခ) ရွှေစုကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာလင်းလင်းကျော်က မြစ်သားမြို့နယ်ရှိ ကူမဲတိုက်နယ် ၁၆ ခုတင်ဆံ့ ဆေးရုံအား ၂၅ ခုတင်ဆံ့ စံကိုက်ဆေးရုံအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့ပြင် ဝက်လက်မဲဆန္ဒနယ်မှ ဦးမြင့်သိန်းက ဝက်လက်မြို့နယ် ဟန်လင်း(ပျူမြို့ဟောင်း) ကျေးရွာတွင် တိုက်နယ်ဆေးရုံ တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့ပြင် အစည်းအဝေး၌ ပင်လောင်းမဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်းနှင့် မြင်းမူမဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်း တို့၏ ကျန်းမာရေးကဏ္ဍဆိုင်ရာ မေးခွန်းများကိုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ယနေ့ (၅.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကိုကိုနိုင်က ဝေးလံ ခေါင်သီသော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တက္ကသိုလ်ဝင် စာမေးပွဲကို အထိုက်အလျောက် ထူးချွန်အောင်မြင်ခဲ့သူများကို အဆင့်မြင့် တက္ကသိုလ်များတွင် ပညာသင်ကြားရေး၊ တစ်နိုင်ငံလုံး လွှမ်းခြုံသတ်မှတ်ထားသည့် တက္ကသိုလ်ဝင်ခွင့် အမှတ်များကို လျှော့ပေါ့ပေးရေးနှင့် ၄င်းဒေသများမှ တက္ကသိုလ်စာမေးပွဲကို သာမန်အောင်မြင်ခဲ့သူများအား ကျန်းမာရေးမှူး၊ သူနာပြု၊ သားဖွားသင်တန်း ကျောင်းများသို့ တက်ရောက်နိုင်ရန် နိုင်ငံတော်အစိုးရက စီမံချက်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းဖြေကြား
  • ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေးက ကရင်ပြည်နယ် အတွင်းရှိ ဆရာ၊ ဆရာမ အင်အား မလုံလောက်သည့် စာသင်ကျောင်းများတွင် နေ့စားလပေး ဆရာ၊ ဆရာမများ ထပ်မံခန့်အပ်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် ရှိပါက ဒေသခံ ပြည်သူလူထု၏ ဆန္ဒအတိုင်း ဘွဲ့ရရှိသူများအပြင် ဘွဲ့မရရှိသေးသည့် ဒေသခံ အစစ်များကို ဦးစားပေး ရွေးချယ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟက ရေးမြို့နယ်မြောက်ပိုင်းရှိ တောင်ဘုံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ အန္တရာယ်ရှိ ကျောင်းဆောင်ကို ဖျက်သိမ်း၍ ပေ ၁၂၀x၃၀ ရှိသည့် RC နှစ်ထပ်ကျောင်းဆောင်တစ်ဆောင် အသစ်ဆောက်လုပ်ပေးရန်နှင့် မော့ကနင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းဆောင်ဟောင်းကို အကြီးစား ပြင်ဆင်မှု ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်က တက္ကသိုလ်၊ ကောလိပ် ဆရာ၊ ဆရာမများ ကို လက်ထောက်ကထိက ရာထူးတိုးမြှင့်ရာတွင မည်သည့်နည်းလမ်း၊ သတ်မှတ်ချက်များဖြင့် ရာထူးတိုးမြှင့်ပေးသည်ကို သိရှိလိုကြောင်း မေးရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေးက ချောင်းဆုံမြို့နယ်အတွင်းရှိ အန္တရာယ်ရှိ ကျောင်းဆောင်၊ ဥပဓိရုပ်မကောင်းသည့် ကျောင်းဆောင်နှင့် တိုးချဲ့ ကျောင်းဆောင်များအား အသစ် ပြန်လည်တည်ဆောက်ပေးခြင်း၊ တိုးချဲ့တည်ဆောက်ပေးခြင်းတို့ ဆောင်ရွက်ပေးရန်နှင့် လစ်လပ်လျက်ရှိသော ဆရာ၊ ဆရာမများအား ပြန်လည်အစားထိုး ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ မေးရာ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ်က မြန်မာနိုင်ငံတစ်ဝန်းတွင် တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးများစွာ၊ အမှတ်ပေါင်းများစွာဖြင့် အောင်မြင်ခဲ့သော်လည်း မိမိအရည်အချင်းနှင့် ကိုက်ညီ၍ မိမိဝါသနာပါရာ အဆင့်မြင့် တက္ကသိုလ်များသို့ မတက်ရောက်နိုင်သော အလွန်ဆင်းရဲသည့် တောင်သူလယ်သမားများ၊ အလုပ်သမားများ၏ သား၊ သမီးများအား နိုင်ငံတော်မှ ပညာသင်စရိတ် ထောက်ပံ့ကြေးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် သက်ကြီးရွယ်အိုများ ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးက ဥပေဒရေးထုံး ညီညွတ်၍ အဓိပ္ပာယ်ဖွင့်ဆိုချက် တိကျရေးအတွက် ဆွေးနွေး ပြောကြားရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဥပဒေကြမ်းကော်မတီတွင် ပြန်လည် ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s