3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၇ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့ (၆.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက ဟိုနမ့်ကျေးရွာအုပ်စု ထီတခေါ့ရေထွက်ကန်ကြီး ဘက်စုံပြုပြင်ပေးမည့် အစီအစဉ်နှင့် ပန်းတန်ကျေးရွာအုပ်စု နောက်ခိုက်လျှိုပိတ်တမံကြီး၏ တောင်ကျရေလွှဲလမ်းကြောင်းကို ကျောက်စီနံရံထိန်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို သိလိုကြောင်း မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ပင်လောင်းမဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်းက ပင်လောင်းမြို့ရှိ ရင်းမှီးရပ်ကွက်နှင့် ကိုးခေါင် ရပ်ကွက်၊ နောင်တရားမြို့ရှိ မြို့ဧရိယာ ၂၇၀၉ ဧကနှင့် ရပ်ကွက် ၃ ရပ်ကွက်၊ ပေါင်းလောင်းမြို့ ရပ်ကွက် ၆ ရပ်ကွက်တို့ကို မြို့ကွက်များဖြင့် စနစ်တကျ တည်ရှိနိုင်ရေး ကွက်စိပ်ကွက်ကြဲ တိုင်းတာပေးရန် အစီအစဉ် ရှိ၊ မရှီ မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ထို့အပြင် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး မေးမြန်းသည့် အများပိုင် သမဝါယမ အသင်းများနှင့် ပတ်သက်သည့် မေးခွန်းကိုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြန်လည်ဖြေကြား
  • ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျော့ချရေးနှင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့် မြင့်မားရေးအတွက် ကျေးလက်အိမ်ရာများနှင့် လမ်း၊ တံတားများ စနစ်တကျ နေရာချထားပြီး မြေငှားဂရန်များ ပြုလုပ်ပေးရန်နှင့် အဆင့်မြင့်လယ်ယာစိုက်ပျိုးမွေးမြူရေး လုပ်ငန်းအပါအဝင် အသေးစား၊ အလတ်စား ကုန်ထုတ်လုပ်ငန်းများဖြင့် ဘက်စုံဖွံ့ဖြိုးအောင် စီမံချက်ချမှတ် အကောင်အထည်ဖော်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းရာ ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကြေညာ
  • ယင်းနောက် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည် တင်သွင်းထားသည့် မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ချေးရာတွင် ကျေးရွာဘဏ် ကော်မတီများကို စနစ်တကျ ဖွဲ့စည်း၍ ကျေးရွာအရောက် သွားရောက်ချေးပေးသောပုံစံ ပြောင်းလဲဆောင်ရွက်ေပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၀ဦးတို့က ဆွေးနွေးကြ
  • အဆိုကို ဆီဆိုင်မဲဆန္ဒနယ်မှ ဦးခွန်သန်းထူးနှင့် လောင်းလုံးမဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီတို့က ပါဝင်ဆွေးနွေးကြ
  • ထို့အတူ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်၊ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၊ အရာတော်မဲဆန္ဒနယ်မှ ဒေါက်တာခင်မောင်သင်း၊ ရှားတောမဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ သာယာဝတီမဲဆန္ဒနယ်မှ ဦးအောင်မြင့်၊ မအူပင် မဲဆန္ဒနယ်မှ ဦးစိန်ဝင်းတို့ကလည်း ဆွေးနွေးအကြံပြု
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့ (၆.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့ ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ပြင်ဆင်ဖွဲ့စည်းခြင်းကို ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်ခိုင်သန်းက လွှတ်တော်၏ သဘောတူညီချက်ဖြင့် အတည်ပြုခဲ့
  • ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက အုတ်တွင်းမြို့နယ် တောပုကျေးလက် ကျန်းမာရေးဌာနအပိုင် ကြက်တက်ညောင်ပင်ကျေးရွာ၌ တိုက်နယ်ဆေးရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟက ရေးမြို့နယ် ကုလားကုတ်ကျေးရွာ၌ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံတစ်ရုံ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးမိုင်းအုဏ်းခိုင်၏ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ မြို့မရပ်ကွက်ရှိ လက်ရှိအားကစားကွင်းကို အဆင့်မြှင့်တင်ပြုပြင်ပေးပြီး မိုးလုံလေလုံ အားကစားကွင်းအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ  မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ စစ်ကိုင်းမြို့ခုတင် (၂၀၀)ဆံ့ ဆေးရုံကြီးတွင် လက်ရှိလိုအပ်လျက်ရှိသည့် အထူးကုဆရာဝန်များနှင့် ဆေးရုံသုံးပစ္စည်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)က တရုတ်ပြည်မှ အပ်စိုက်ဗေဒပညာရပ်နှင့် အိန္ဒိယ အာယုဗေဒ ဘာသာရပ်တို့ကို ဆက်လက်ပို့ချ၍ ကုသခန်းတွင် အသုံးပြုခွင့် ရှိ၊ မရှိနှင့် မည်သည့်ကာလတွင် စတင်ကုသခွင့်ပြုမည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေက ရေစကြိုမြို့နယ်ရှိ ကြက်ဆူကျင်း တိုက်နယ်ဆေးရုံတွင် အဆောက်အအုံ ဟောင်းနွမ်းပျက်စီးနေခြင်းနှင့် ဝန်ထမ်းအိမ်ရာများ မလုံလောက်ခြင်းတို့အတွက် ကျန်းမာရေးဌာနမှ မည်ကဲ့သို့ ဖြေရှင်းပေးမည်ကို သိလိုကြောင်း မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက လွှတ်တော်သို့ အဆိုတင်သွင်း
  • အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်အုန်းကြည်က လွှတ်တော်သို့ ဖတ်ကြားတင်ပြရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s