3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၉ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • လွှတ်တော်အတွင်း လွှတ်တော်ကိစ္စများ ဆောင်ရွက်ရာတွင် ဥပဒေကို ကျေကျေညက်ညက် ဖတ်ရှုပြီး ညီညွတ်မှုတရန်နှင့် မညီညွတ်ပါက ဥက္ကဋ္ဌအနေဖြင့် ခွင့်ပြုမည်မဟုတ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်ခိုင်သန်းက ဒီဇင်ဘာ ၈ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် ပြောကြား
  • ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း၏ အဆိုတင်သွင်းမှု မစတင်မီ လွှတ်တော်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြား လိုက်ခြင်းဖြစ်
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်းက မောင်တောခရိုင်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုအားလုံး အသက်အန္တရာယ်ကင်းဝေးပြီး စားဝတ်နေရေး အဆင်ပြေစွာ ဘဝလုံလုံခြုံခြံု ရပ်တည်နိုင်ရေး၊ အကြမ်းဖက်သမားများ၊ ကျူးကျော်သူများ နောက်ထပ် မကျူးကျော်နိုင်ရေး စီမံဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို နိုဝင်ဘာ ၂၁ ရက်က အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌက အဆိုဆိုင်ရာ၊ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများနှင့် ကိုက်ညီမှု မရှိသည့်အတွက် ပထမအကြိမ် အဆိုတင်သွင်းစဉ်ကပင် ဆွေးနွေးခွင့်ပြုခဲ့ခြင်း မရှိကြောင်း သိရ
  • လွှတ်တော်ဥက္ကဋ္ဌ၏ ပြောကြားမှုအပြီးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဥိးကျော်ကျော်ဝင်းက အဆိုကို ရုပ်သိမ်းခွင့်ပြုရန် တင်ပြရာ လွှတ်တော်က ခွင့်ပြုခဲ့
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့ (၈.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် တွံတေးမဲဆန္ဒနယ်မှ ဦးမင်းလွင်က ကျောင်းဆရာ ဆရာမများ၏ အပြောင်းအရွှေ့ကိစ္စများအား စာသင်နှစ်အတွင်း ပြုလုပ်ပေးနေသည့် စနစ်နေရာတွင် နွေရာသီကျောင်းပိတ်ရက်ကာလ၌သာ ပြုလုပ်ပေးမည့် စနစ်အဖြစ် အစားထိုးရန် အစီအစဉ် ရှိ/ မရှိ မေးရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထားဝယ်မဲဆန္ဒနယ်မှ ဦးအောင်စိန်က နိုင်ငံတွင်းပြည်သူများ ဘေးကင်းလုံခြုံရေးအတတွက် မှုခင်းကြိုတင်ကာကွယ်ရေး မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်းမေးရာ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက Multi-Level Marketing (MLM) ဆင့်ပွားကွန်ရက်ချိတ် စျေးရောင်းလုပ်ငန်းကို တားမြစ်ကန့်သတ် ပိတ်ပင်အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးရာ ဒုတိယဝန်ကြီး အထက်ပါအတိုင်း ဖြေကြားခဲ့
  • ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိုက်က ညနေပိုင်း အင်ဂျင်နီယာသင်တန်းများ E.T.E.C (ဒီပလိုမာ) နှင့် E.G.T.I (ဒီပလိုမာ) သင်တန်းများ ဖွင့်ပေးနိုင်ခြင်း ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • အလားတူ ပင်လောင်းမဲဆန္ဒနယ်မှ ဦးခွန်မောင်သောင်း၏ ပညာရေးဆိုင်ရာ မေးခွန်းတို့ကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက လည်းကောင်း၊ သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုး၏ မြေယာနှင့် ပြည်ထဲရေးဆိုင်ရာ မေးခွန်းတို့ကို မေးရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ဖြေကြား
  • ထို့နောက် နိုင်ငံတော်နှင့် ပြည်သူများအတွက် နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ စီးပွားရေးတို့ကို ထိခိုက်ပျက်စီးစေသော တရားမဝင် လောင်းကစားမှုများကို ထိရောက်စွာ ဟန့်တား၍ အရေးယူဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်က တင်သွင်းရာ ယင်းအဆိုအား ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် အတည်ပြုကြောင်း ဆုံးဖြတ်
  • ပြည်မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည်၏ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အနေဖြင့် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရာတွင် ကျေးရွာဘဏ်ကုမ္ပဏီများကို စနစ်တကျ ဖွဲ့စည်း၍ ကျေးရွာအရောက် သွားရောက် ချေးပေးသောပုံစံ ပြောင်းလဲဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြ
  • အဆိုနှင့် ပတ်သက်၍ သဲကုန်းမဲဆန္ဒနယ်မှ ဦးအောင်သန်းက အကြံပြုဆွေးနွေး
  • ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ ရွာငံမဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၊ ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၊ ကလေးဝမဲဆန္ဒနယ်မှ ဦးသန်းထွန်းမြင့်၊ တပ်မတော်သားလွှတ်တော်ကိုယိစားလှယ် ဗိုလ်မှူးကျော်မင်းဟန်နှင့် စဉ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာကြည်မို့မို့လွင်တို့က အကြံပြုထောက်ခံ
  • ယင်းအဆိုနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်ထားရှိ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့ (၈.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၂) မှ ဦးထွန်းထွန်းဦးက မြန်မာ – တရုတ်၊ ကျောက်ဖြူ – ကူမင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်း တည်ဆောက်ရေးအတွက် ပိုက်လိုင်းတစ်လျှောက်ရှိ လယ်ယာမြေများထဲမှ အများစုကို ယင်းစီမံကိန်း၏ အော်ပရေတာဖြစ်သော နိုင်ငံခြားကုမ္ပဏီက မြန်မာတောင်သူများနှင့် တိုက်ရိုက်စာချုပ်ချုပ်ဆိုပြီး အပြီးအပိုင်သဘော ဝယ်ယူသိမ်းဆည်းခြင်းသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့် ညီညွတ်ခြင်း မရှိပါသဖြင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ယင်းစာချုပ်ကို ပြင်ဆင်ချုပ်ဆိုခြင်း ဖြစ်စေ၊ အခြား နည်းတစ်ခုခုဖြင့် ဖြစ်စေ ဥပဒေနှင့် ညီညွတ်အောင် ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြား
  • ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်ထုမေ၏ ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် မင်းပြားနှင့် မြေပုံမြို့နယ်များတွင် လျှပ်စစ်မီးရရှိရေး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်းက မကွေးမြို့မှ ရေနံချောင်းမြို့နယ်သို့ သွယ်တန်းထားသော ၃၃ ကေဗွီလိုင်း ဖြတ်သန်းသွားရာ ဂွေးကုန်းလမ်းခွဲမှတစ်ဆင့် ရုံးကုန်းကျေးရွာသို့ ၃၃ ကေဗွီလိုင်း သွယ်တန်းပေးပြီး ရုံးကုန်း 33 KV Sub Station မှ 5 MVA သို့မဟုတ် 10 MVA Sub Station တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်က အထက်တန်းရှေ့နေ လိုင်စင် သက်တမ်းတိုးရာတွင် သက်တမ်းတိုး နောက်ကျခဲ့သော အထက်တန်း ရှေ့နေများအား မြို့နယ်တရားရုံး (၅)ရုံးမှ မြို့နယ်တရားသူကြီး(၅)ဦး၏ ထောက်ခံချက်ပေးမှသာ လိုင်စင်သက်တမ်း တိုးပေးနေသော စနစ်အား ပြောင်းလဲပြင်ဆင်ပေးရန်နှင့် ရှေ့နေလိုင်စင် သက်တမ်းတိုးရာတွင် တစ်နှစ်တစ်ခါ ပုံမှန်သက်တမ်းတိုးခြင်းမဟုတ်ဘဲ ၂နှစ် သို့မဟုတ် ၃နှစ်တစ်ခါ သက်တမ်းတိုးစနစ်သို့ ပြောင်းလဲပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်က ဖြေကြား
  • ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးစိုးသိန်းက လွိုင်ကော်မြို့တော်ကို ဖြတ်သန်းစီးဆင်းလျက် ရှိပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး လျှပ်စစ်ဓာတ်အား ရရှိရေးနှင့် ကယားပြည်နယ် လူမှုစီးပွားဘဝ မြင့်မားရေးအတွက် အသက်သွေးကြောဖြစ်သော ဘီလူးချောင်းတိမ်ကောမှုအာား နိုင်ငံတော်မှ ထိန်းသိမ်းရန် အစီအစဉ် ရှိ၊ မရှိ မေးရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ထို့ပြင် ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)မှ ဦးခွန်သိန်းဖေနှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးညီစိန်တို့၏ လျှပ်စစ်ကဏ္ဍ ဆိုင်ရာ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ပြန်လည်ရှင်းလင်းဖြေကြား
  • ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း တင်သွင်းသည့် မောင်တောခရိုင် အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုအားလုံး အသက်အန္တရာယ်ကင်းဝေးပြီး စားဝတ်နေရေး အဆင်ပြေစွာ ဘဝလုံလုံခြုံခြံု ရပ်တည်နိုင်ရေး၊ အကြမ်းဖက်သမားများ၊ ကျူးကျော်သူများ နောက်ထပ် မကျူးကျော်နိုင်ရေး စီမံဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် စပ်လျဉ်းပြီး အဆိုရှင်က ပြန်လည်ရုပ်သိမ်းခွင့်ပြုရန် တင်ပြရာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက လွှတ်တော်၏ ဆန္ဒကိုရယူ၍ အဆိုအား ရုပ်သိမ်းခွင့်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s