3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၀ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့ (၉.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာအေဇင်လတ်က ကျောင်းမုန့်စျေးတန်းများ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ စျေးကွက်အတွင်းတွင် ရောင်းချလျက်ရှိသော ကျန်းမာရေးနှင့် မညီညွတ်သည့် ဓာတုဆိုးဆေးပါ စားသောက်ကုန်များ၊ စားသောက်ဖွယ်ရာများ ရောင်းချနေခြင်းကို ထိရောက်စွာ တားဆီးနှိမ်နင်းရန် တာဝန်ရှိသည့် ဌာနဆိုင်ရာများ စုပေါင်းပါဝင်သော နိုင်ငံတော်အဆင့် စီမံချက်တစ်ရပ် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာ လွှတ်တော်က ယင်းအဆိုကို လက်ခံဆွေးနွေးရန် အတည်ပြုကြောင်း ဆုံးဖြတ်
  • ပြည်မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးစိုးကြည်က ပြည်မြို့ခုတင် ၅၀၀ အထွေထွေ ရောဂါကု ဆေးရုံကြီး၌ လစ်လပ်လျက်ရှိသော အထူးကုဆရာဝန်ကြီးများ ဖြည့်တင်းခန့်ထားရန်နှင့် လိုအပ်သော ဆေးစတို၊ သွေးဌာနနှင့် ထရန်စဖော်မာအသစ်တစ်လုံး၊ မီးလိုင်းအသစ်တစ်လိုင်း ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီက ကျွန်းစုမြို့နယ် ပြည်သူ့ဆေးရုံကို ခုတင် ၅၀ ဆံ့ ဆေးရုံအင်္ဂါရပ်နှင့် ညီညွတ်သည့် အဆောက်အအုံနှင့် ဝန်ထမ်းများ ချထားပေးရန်နှင့် ကျေးရွာများ၌ လိုအပ်သည့် ကျန်းမာရေးမှူးနှင့် သားဖွားဆရာမများ ချထားပေးရန် အစီအစဉ်ရှိ/ မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့ပြင် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ Hotline ထားရှိပေးရန် မေးခွန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးကလည်းကောင်း၊ ဆီဆိုင်မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး၊ ပင်လည်ဘူးမဲဆန္ဒနယ်မှ ဦးမင်းနောင်၊ တန့်ယန်းမဲဆန္ဒနယ်မှ စိုင်းမောင်ပွင်၊ ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်နှင့် နန်းယွန်းမဲဆန္ဒနယ်မှ ဦးဝမ်းလှတို့က ကျေးလက် ကျန်းမာရေးဌာနများ ဖွင့်လှစ်ပေးနိုင်ရေး တိုက်နယ် ဆေးရုံအဖြစ် တိုးမြှင့်ပေးရေး၊ တိုက်နယ်ဆေးရုံ ပြန်လည်ဆောက်လုပ်ပေးရန်တို့နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်းဖြေကြား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ယနေ့ (၉.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက အုတ်တွင်းမြို့နယ် ဝဲဒေါင့်ကျေးရွာအုပ်စု မကျဉ်းပင်စုကျေးရွာနှင့် တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာကို ဆက်သွယ်ထားသော နောင်ရိုး(ခပေါင်း) ချောင်းကူးသစ်သားတံတားကို သံကူကွန်ကရစ်တံတား အဖြစ်သို့ အဆင့်တိုးမြှင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးကျော်ဆွေက မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ဆက်သွယ်ထားသော မြိုင်-ဗဟင်း-ခင်အေးလမ်းကို ကျောက်ချောလမ်း သို့မဟုတ် ကတ္တရာလမ်းခင်းပေးရန် အစီအစဉ် ရှိ/ မရှိ မေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေက မြေပုံမြို့နယ်ရှိ ကမ်းထောင့်ကြီးမြို့မှ ရှောက်ခြုံကျေးရွာအထိ သို့မဟုတ် ကမ်းထောင့်ကြီးမြို့မှ ရန်ကုန်-စစ်တွေ ကားလမ်းမသို့ သွားသည့်လမ်း ခုနှစ်မိုင် နှစ်ဖာလုံကို ပြည်ထောင်စုအစိုးရက ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်း ခင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်က ပေါက်တောမြို့နယ် ကျောက်တောင်ကျေးရွာအုပ်စု စက်နိုးကျေးရွာနှင့် နတ်တောင်ကျေးရွာကြားရှိ ချောင်းကူးတံတားကို သံကူကွန်ကရစ် တံတားအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရှင်းလင်းဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်က မင်းဘူး – စလင်း – တညောင် – ဆိပ်ဖြူ လမ်းပိုင်းရှိ မုန်းချောင်းတံတားနှင့် စလင်းချောင်း (နွယ်တမယ်) ဘေလီတံတားတို့ကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် နှစ်လမ်းသွား သံစီကွန်ကရစ်တံတားအဖြစ် ပြုပြင်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s