3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၃ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့ (၁၂.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတစ်ဝန်း စိုက်ပျိုးရေးလုပ်ကိုုင်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီမှ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေပုဒ်မ ၄၅ အရ ခွင့်ပြုခဲ့သည့် သစ်တောမြေများအား အဆိုပါ နည်းဥပဒေနှင့်အညီ စိစစ်ပြီး နည်းဥပဒေပါ စည်းကမ်းချက်များနှင့် မညီညွတ်သော လုပ်ကွက်မြေဧရိယာများအား နည်းဥပဒေပုဒ်မ ၅၇ အရ နိုင်ငံတော်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေများအဖြစ် ပြန်လည်ရုပ်သိမ်း၍ သဘာဝနည်းလမ်းများဖြင့် သစ်တောပြုစု ပျိုးထောင်ခြင်းကို ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်လိုက်
  • ယင်းအဆိုကို ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေက တင်သွင်းခဲ့ခြင်းဖြစ်ပြီး ပုသိမ်ကြီး မဲဆန္ဒနယ်မှ ဦးသောင်းဌေးလင်း၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်၊ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၊ မိုးညှင်းမဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိ၊ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်း၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၊ ဒေးဒရဲ မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်ညို၊ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ ဒဏ္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ တန့်ဆည်မဲဆန္ဒနယ်မှ ဦးမြင့်ထွန်းနှင့် ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်တို့ ပါဝင်ဆွေးနွေးခဲ့
  • အဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရှင်းလင်းတင်ပြ
  • ပြည်ထောင်စုဝန်ကြီး၏ ရှင်းလင်းတင်ပြမှုအပြီး အဆိုရှင် ဦးထွန်းဝေ၏ သဘောထားအား မေးမြန်းရာ မှတ်တမ်းတင်ရန် သဘောတူကြောင်း တင်ပြခဲ့သည့်အတွက် လွှတ်တော်က ယင်းအဆိုကို မှတ်တမ်းတင်ရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့
  • ထို့ပြင် ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ၄င်းတို့၏ နေ့တွက်စရိတ် တစ်ရက်စာ စုစုပေါင်းငွေ ၈၅ သိန်း နှစ်သောင်းကို မူဆယ်မြို့ စစ်ဘေးရှောင် ပြည်သူများအား ပေးအပ်လှူဒါန်းရန် သဘောတူခဲ့ကြ
  • ကိုယ်စားလှယ်များက သဘောတူသည့်အတွက် ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် တစ်ရက်စာကို မူဆယ်မြို့စစ်ဘေးရှောင် ပြည်သူများအား ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် ထပ်မံလိုအပ်မည့် ငွေများကိုလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ အလှူဒါနခေါင်းစဉ်မှ ဖြည့်စွက်လှူဒါန်းသွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က အသိပေးကြေညာ
  • မြိုင်မဲဆန္ဒနယ်မှ ဦးအောင်ခင်ဝင်းက အာဇာနည်ကုန်းမြေနေရာတွင် ခံ့ညားထည်ဝါသော အာဇာနည်ဗိမာန်ကြီးတစ်ခု ၂၀၁၇ ခုနှစ် အာဇာနည်နေ့အမီ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဖြေကြား
    ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးက ဝင်းကကျေးရွာတွင် ဆောင်ရွက်နေသော သုဝဏ္ဏဘူမိမြို့ဟောင်း ပြန်လည်တူးဖော်ခြင်း သုတေသနလုပ်ငန်း စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံ ပြည်သူများကို ပွင့်လင်းမြင်သာစွာ ချပြ ရှင်းလင်းပေးနိုင်မှု ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဖြေကြား
  • တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ ငလျင်ကြောင့် ပြိုကျပျက်စီးသွားသော သမိုင်းဝင် ပုဂံဘုရား စေတီပုထိုးများကို ပြုပြင်ရေးနှင့် ပတ်သက်၍ မည်သို့စီမံထားသည်ကို သိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဖြေကြား
  • ယင်းနောက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုများကို လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြု
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့ (၁၂.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းက မလေးရှားနိုင်ငံသို့ သွားရောက်မည့်သူများသည် ယခင်က Visa ကြေး (USD 6) သာ ကုန်ကျရာမှ ၁၈-၁-၂၀၁၆ ရက်နေ့မှ စတင်ကာ (USD 57) သို့ ပိုမိုကုန်ကျနေရသော One Stop Center (OSC) စနစ်ကို ပြန်လည်သုံးသပ်ရန် သို့မဟုတ် ရပ်ဆိုင်းပေးရန် အစီအစဉ် ရှိ/ မရှိ မေးရာ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ရှင်းလင်းဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်က အိန္ဒိယအစိုးရက နှစ်နိုင်ငံ သဘောတူစာချုပ်ပါ စည်းမျဉ်းစည်းကမ်းနှင့် မညီဘဲ ဆောက်လုပ်ထားသော မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးအစိတ်အပိုင်းများ ဖျက်သိမ်းဖယ်ရှားနိုင်ရေး အိန္ဒိယအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ မေးရာ ဒုတိယဝန်ကြီး ဦးကျော်တင့်က ဖြေကြား
  • ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်က ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်၊ လောက်ကိုင်ပြည်သူ့ဆေးရုံကြီးကို ခုတင် ၅၀ ဆံ့ဆေးရုံမှ ခုတင် ၁၀၀ ဆံ့ စံကိုက်ဆေးရုံအဖြစ် အဆင့်မြှင့်တင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ချင်းရွှေဟော်မြို့၏ ၁၆ ခုတင်ဆံ့ဆေးရုံကို ၂၅ ခုတင်ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်က အမျိုးသမီးများအတွက် မိသားစုစီမံကိန်းနှင့် သက်ဆိုင်သော သားဆက်ခြားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ဗဟုသုတနှင့် သတင်းအချက်အလက်များ ရရှိနိုင်မှု လုံလောက်သော ကျန်းမာရေးဂရုပြု စောင့်ရှောက်မှု၊ အာဟာရ ဖြည့်တင်းမှုများကို နိုင်ငံတော်အစိုးရအနေဖြင့် မည်သည့်အစီအစဉ်ဖြင့် ဆောင်ရွက်နေပြီး ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများအား ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် ဘတ်ဂျက်တိုးမြှင့် သုံးစွဲပေးရန် အစီအစဉ် ရှိ/မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသီဟ(ခ) မောင်တူး၏ ထိုင်း၊ မလေးရှားနှင့် စင်ကာပူကဲ့သို့သော နိုင်ငံများသို့ မြန်မာနိုင်ငံသားများ သွားရောက်လည်ပတ် လုပ်ကိုင်ရာတွင် အခက်အခဲမကြုံတွေ့စေရန်၊ ကူးလူးဆက်ဆံမှုများသော နိုင်ငံများတွင် နေထိုင်လုပ်ကိုင်စဉ် အတွင်း ဆောင်ရန်၊ ရှောင်ရန်နှင့် အကူအညီတောင်းခံနိုင်ရန် အချက်အလက် အကျဉ်းချုပ်ပါဝင်သော အသိပညာပေးရေး စာအုပ်ငယ်များ ရိုက်နှိပ်၊ ဖြန့်ချီပေးရန် အစီအစဉ် ရှိ/ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ဖြေကြား
  • ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးမိုင်းအုဏ်းခိုင်က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မန်တုံမြို့တွင် မူးယစ်ဆေးစွဲ ကုသလိုသူများအတွက် သီးသန့်ဆေးကုသဆောင် တစ်ဆောင် ခွင့်ပြု ချမှတ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ၄င်းတို့၏ တစ်ရက်စာစရိတ်ကို ရှမ်းပြည်နယ် မူဆယ်မြို့ စစ်ဘေးရှောင် ပြည်သူများအတွက် လှူဒါန်းခဲ့ကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s