3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၄ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့ (၁၃.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အတည်ပြုရာတွင် လွှတ်တော်က ဝန်ကြီးဌာနများ၏ အသုံးစရိတ်များကို လျှော့ချအတည်ပြုခဲ့
  • ထို့အပြင် လွှတ်တော်က အမျိုးသားရေဥပဒေပြဋ္ဌာန်းရေးအတွက် မြန်မာနိုင်ငံတော် အမျိုးသားအဆင့် ရေမူဝါဒ(Myanmar National Water Policy)နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ
    နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က တင်သွင်းသည့် လေ့လာ တွေ့ရှိချက်နှင့် သုံးသပ်အကြံပြုချက် အစီရင်ခံစာကို မှတ်တမ်းတင်
  • ထို့နောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ အစီရင်ခံစာပါမူနှင့် အခြေခံသဘော အကြောင်းအရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘော ဆွေးနွေးခြင်းများ အပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းကြ
  • ထို့သို့ရှင်းလင်းရာတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြ
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံ အပြည်အပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း သန်း ၉၃၉၇၀ ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
  • ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာကို ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြပြီး အဆိုပါအစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကေ်ာမတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာ (၆/၂၀၁၆)ကို ကော်မတီဝင် ဒေါက်တာ စိန်ရွှေရွှေလတ်က ဖတ်ကြားတင်ပြ
  • ထို့အတူ ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ် ပြည်ထောင်စုဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာကို ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြပြီး အဆိုပါ အစီရင်ခံစာအပေါ် လေ့လာတွေ့ရှိချက် အစီရင်ခံစာ (၇/၂၀၁၆)ကို ကေ်ာမတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်သန်းက ဖတ်ကြားတင်ပြခဲ့
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထဲရေးဝန်ကြီးဌာနရှိ မီးသတ် ဦးစီးဌာနအတွက် ပိုလန်သမ္မတနိုင်ငံ အစိုးရထံမှ ယူရိုသန်း ၅၀ ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းတင်ပြ
  • အလားတူ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေ အဖွဲ့ထံမှ အမေရိကန် ဒေါ်လာ ၅၆ ဒသမ ၈ သန်း ချေးယူရန် ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ရှင်းလင်းတင်ပြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s