3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၅ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့ (၁၄.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်နှင့် ပြည်သူများအတွက် နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ စီးပွားရေးတို့ကို ထိခိုက်ပျက်စီးစေသော တရားမဝင်လောင်းကစားမှုများကို ထိရောက်စွာ ဟန့်တား၍ အရေးယူ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်
  • ယင်းအဆိုကို သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး ပါဝင်ဆွေးနွေးခဲ့ကြ
  • သံတောင်ကြီးမဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၊ ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်း၊ အုပ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ဘုတ်ပြင်းမဲဆန္ဒနယ်မှ ဦးနေလင်းထွန်း၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ တံတားဦးမဲဆန္ဒနယ်မှ ဒေါ်စိုးနွယ်အေး၊ ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ ဒီးမော့ဆိုမဲဆန္ဒနယ်မှ ဦးပေါလ်ဆိုင်း၊ ဖားကန့်မဲဆန္ဒနယ်မှ ဦးတင့်စိုးနှင့် ပုဏ္ဍားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်တို့က အဆိုနှင့် စပ်လျဉ်း၍ ထောက်ပြဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ရှင်းလင်းခဲ့
  • အစည်းအဝေးတွင် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုများနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ထိရောက်သည့်ပြစ်ဒဏ်များ ချမှတ်ရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးမြင့်လွင်က နိုင်ငံခြားရေးဝန်ကြီးဌာနမှ အပျို၊ လူပျိုဖြစ်ကြောင်း ကျမ်းကျိန်လွှာ(နိုတြီ)အပေါ် ထောက်ခံချက်ပေးရန် ငြင်းဆန်နေခြင်းကို ဖျက်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ဖြေကြား
  • ထို့ပြင် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်နှင့် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာဦးစောနိုင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးလှတင့်တို့က ပြန်လည်ဖြေကြား
    ဗိုလ်ချုပ်အောင်စိုးနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်တို့က ပြန်လည်ဖြေကြား
  • ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုပြီး ပေးပို့လာသော ပြည်တွင်းရေကြောင်းပို့ဆောင်ရေး အဖွဲ့ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြု
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့ (၁၄.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်းက ပလက်ဝမြို့နယ် ကျီးလေကျေးရွာအုပ်စု ကျီးလေကျေးရွာ-ရွာချင်းဆက် ကြိုးတံတားနှင့် မီးဇာကျေးရွာအုပ်စု ဥဿလင်းဝကျေးရွာ – ရွာချင်းဆက် ကြိုးတံတားနှစ်စင်းတို့ကို အသစ်ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား
  • ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးညီစိန်က မူဆယ်မြို့နယ် ၁၀၅ မိုင် ကျေးရွာအုပ်စု၌ နယ်စပ်ကုန်သွယ်ရေးဇုန် တိုးချဲ့ဆောက်လုပ်ရန် သတ်မှတ်မြေနေရာ (အကျယ်အဝန်း ၁၀၅ ဒသမ ရ၀ ဧက) အတွက် ကျသင့်တန်ဖိုးငွေ ချမှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်က ဖြေကြား
  • ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးအေးဗိုလ်က လှိုင်သာယာမြို့နယ်အတွင်းရှိ ကျောင်းများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းကို ကျောင်းဖွင့်ကာလအစား နွေရာသီကျောင်းပိတ်ကာလတွင် ပြောင်းလဲ ဆောက်လုပ်ခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ကျောင်းဆောင်သစ် ဆောက်လုပ်ခွင့် ရရှိထားသော ကုမ္ပဏီများမှ ကျောင်း၏ အရည်အသွေး ခိုင်ခံ့မှုကို အာမခံပေးနိုင်မှု ရှိ၊ မရှိ သိရှိလိုခြင်း မေးခွန်းများနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့အပြင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးကျော်နီနိုင်က အမျိုးသားမှတ်ပုံတင်ဆိုင်ရာ မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြန်လည်ဖြေကြားခဲ့
  • ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ၁၉၇၃ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်းကြေညာ
  • ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးအောင်သိန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦးတို့က အကြံပြုဆွေးနွေး
  • ယင်းနောက် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ) ဒေါက်တာ အားကာမိုး၏ နိုင်ငံတော်၏ သား၊ ငါးကဏ္ဍ တိုးတက်ရန်နှင့် စားနပ်ရိက္ခာဖူလုံရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည်ဆိုသော Myanmar International Cooperation Agency (MICA) သည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးပြုမှုမရှိဘဲ လူတစ်စုက လက်ဝါးကြီးအုပ် ခြယ်လှယ် လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းကြောင့် အဆိုပါ MICA အဖွဲ့ကို ဖျက်သိမ်းပြီးလျှင် ပြည်ထောင်စုအစိုးရ အဖွဲ့၏ တရားဝင်ခွင့်ပြုမိန့် မရရှိဘဲ ဆောင်ရွက်ခဲ့သည့် သိမ်းဆည်းရယူထားသော စက်ရုံများ၊ လုပ်ငန်းများ၊ မြေယာများကို မည်သို့ စီမံထားကြောင်းနှင့် ရရှိခဲ့သည့် ငွေကြေးစီမံခန့်ခွဲထားမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းဖော်ထုတ် ပေးပါရန် တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့တင်သွင်းရာ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါ်မာမာလေးက ထောက်ခံဆွေးနွေး
  • အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်းက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s