3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၆ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့(၁၅.၁၂.၂၀၁၆) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဦးမင်းသူအား ခန့်အပ် တာဝန်ပေးခြင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ဦးလှကျော်အား ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများအကြား မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်း ညှိနှိုင်းရေးရုံးထူထောင်ရေး သဘောတူညီချက်ကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန်ကိစ္စနှင့် စပ်လျဉ်း၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်က ရှင်းလင်းတင်ပြ
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်း နိုင်ကြောင်း လွှတ်တော်နာယက က ကြေညာ
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လူကုန်ကူးမှု အထူးသဖြင့် အမျိုးသမီးများနှင့် ကလေး သူငယ်များအပေါ် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်းသို့ မြန်မာနိုင်ငံမှ အတည်ပြုဝင်ရောက်ရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦး ပါဝင်ဆွေးနွေး
  • ယင်းကိစ္စနှင်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းတင်ပြ
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကျပ်သန်း ၁၆၉၆၉ ဒသမ ၂၀၁၃၉ ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ရှင်းလင်းတင်ပြခဲ့ကြပြီး ယင်းကိစ္စကို လွှတ်တော်က မှတ်တမ်းတင်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s