3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၁၇ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ယနေ့(၁၆.၁၂.၂၀၁၆) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအတွက် အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ထံမှ အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၈ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက အကြံပြုဆွေးနွေး၊ သံတောင်ကြီး မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်ကလဲ ပါဝင်ဆွေးနွေး
  • မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး (ခေါ်) သန်းစိုး (ဘောဂဗေဒ)၊ ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ တောင်ကြီးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သန်းငွေ၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇) မှ ဒေါ်နော်ခရစ္စထွန်း၊ ဆီဆိုင်မဲဆန္ဒနယ်မှ ဦးခွန်သန်းထူး၊ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၉)မှ ဦးစိုးသိန်းတို့ကလည်း အကြံပြု ထောက်ခံဆွေးနွေးကြ
  • အဆိုပါ ချေးငွေရယူခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက စီမံကိန်း အကျိုးရလဒ်များ၊ စီမံကိန်းဒေသများ ရွေးချယ်ခြင်း စံနှုန်းများနှင့် ရွေးချယ်သည့်ဒေသများ၊ စီမံကိန်း ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များကို ဒီဇင်ဘာ ၁၃ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် သတ္တမနေ့တွင် ဆွေးနွေးခဲ့
  • အစည်းအဝေးတွင် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့၊ ရပ်ကွက်/ ကျေးရွာအုပ်စုနှင့် ကျေးရွာများ အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းနှင့် နယ်နိမိတ်ဧရိယာ တိုးချဲ့ဖွဲ့စည်းခြင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်း ကျေးရွာ ၁၆ ရွာ တိုးချဲ့ ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို လွှတ်တော်က မှတ်တမ်းတင်
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနအတွက် ပိုလန်သမ္မတနိုင်ငံ အစိုးရထံမှ ယူရိုသန်း ၅၀ ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် များက ဆွေးနွေးကြ
  • အဆိုပါကိစ္စနှင့်ပတ်သက်၍ ကော့ကရိတ်မဲဆန္ဒနယ်မှ ဦးစိုးဌေးက ပါဝင်ဆွေးနွေး
  • ထို့ပြင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ ဦးဝင်းမောင်၊ ကမာရွတ် မဲဆန္ဒနယ်မှ ဦးကျော်မင်း၊ ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၊ ညောင်လေးပင်မဲဆန္ဒနယ်မှ ဒေါက်တာမြင့်သိန်း၊ ဟင်္သာတ မဲဆန္ဒနယ်မှ ဦးခင်မောင်ရီ၊ ဗိုလ်တထောင် မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စိုး (ခ) မေစိုး၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေ၊ မြဝတီမဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းတို့က အကြံပြုထောက်ခံ ဆွေးနွေးကြ
  • ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပထမ ၆လပတ် အမျိုးသားစီမံကိန်း ဆောင်ရွက်မှု အစီရင်ခံစာနှင့် ပတ်သက်သည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၆/၂၀၁၆) အား ဆိတ်ကြီး/ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုနှင့် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်းတို့က ဆွေးနွေးကြရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ အစီရင်ခံစာအား သဘောတူလက်ခံကြောင်း ဆုံးဖြတ်
  • ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၇/၂၀၁၆) နှင့် စပ်လျဉ်း၍ ကျောက်ဆည်မဲဆန္ဒနယ်မှ ဒေါက်တာတင်အောင်နှင့် မိုးညိုမဲဆန္ဒနယ်မှ ဦးကျော်မျိုးမင်းတို့က ဆွေးနွေးကြရာ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်ဝင်းက ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာ (၇/၂၀၁၆) ပါ အချက်အလက်များကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား
  • ယင်းအစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s