3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၀ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ယနေ့ (၁၉.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် ညောင်လေးပင် မဲဆန္ဒနယ်မှ ဒေါက်တာမြင့်သိန်းက ကျောက်တံခါးမြို့နယ် သာယာကုန်း လျှပ်စစ်ဓာတ်အားခွဲရုံအား ယခုထက်ပိုမို၍ လျှပ်စစ်ဓာတ်အား ခွဲဝေပေးနိုင်ရေးအတွက် ဆောင်ရွက်မှု အခြေအနေကို သိလိုကြောင်း မေးရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေးက မက်မန်းမြို့နယ်ရှိ ငှက်ယောင်း-ပန်ပွဲ-ဝမ်ကွမ်-ကျူရစ်-ပန်ကော် မြေသားလမ်း ၁၂ မိုင်၊ ရောင်အူ(ဝ)-ရောင်ကွန် မြေသားလမ်း ရ မိုင်နှင့် ရောင်စောင်း-ခိုဟင်မြေသားလမ်း ၁/၃မိုင်တို့အား ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ္ဋ်က ဖြေကြား
  • ထို့ပြင် နွားထိုးကြီးမဲဆန္ဒနယ်မှ ဦးနိုင်ထူးအောင်က အင်ကြင်းကျောက် တူးဖော် တင်ပို့ရောင်းချနေခြင်းကို နိုင်ငံတော်နှင့်ဒေသခံများ အကျိုးအမြတ်ဖြစ်ထွန်းစေရေးအတွက် မည်ကဲ့သို့သော မူဝါဒများ ချမှတ်သွားမည်နှင့် မည်ကဲ့သို့သော စျေးကွက်ဖော် ဆောင်ပေးခြင်းများ ပြုလုပ်ပေးမည်ကို သိလိုကြောင်း မေးရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ယနေ့အစည်းအဝေးတွင် ဂန့်ဂေါမဲဆန္ဒနယ် ဒေါ်ယဉ်မင်းလှိုင် တင်သွင်းသည့် မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသအား Ecotourism (ဂေဟ အကျိုးပြုခရီးသွားလုပ်ငန်း) ဒေသအဖြစ် သတ်မှတ်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်
  • ၄င်းအဆိုကို အဆိုရှင် ဒေါ်ယဉ်မင်းလှိုင်က ဆွေးနွေးတင်ပြ
  • ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ဥပဒေဘာသာပြန် ကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြု
  • အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောကွဲလွဲသည့် ပြင်ဆင်ချက် ၆ ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ယနေ့ (၁၉.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး၏ ပြည်သူများ နေ့စဉ် စားသုံးနေကြသော ဟင်းသီးဟင်းရွက်များ၊ သားငါးများထဲတွင် ပိုးသတ်ဆေး၊ ဓာတုဗေဒနှင့် အခြားဆေးကြွင်းများ ကင်းဝေးစေရန်နှင့် သဘာဝနည်းဖြင့် စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ စျေးကွက်ခိုင်မာမှု ရရှိစေရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးဘမျိုးသိန်းက လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် မျိုးကောင်းမျိုးသန့်၊ မျိုးစေ့များ ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးအတွက် မည်ကဲ့သို့စီစဉ် ဆောင်ရွက်မည်ကို သိရှိလိုကြောင်း မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်က မကွေးတိုင်း ဒေသကြီး အတွင်းရှိ တမံ ၅၅ ခုကို ဖုံးလွှမ်းလျက်ရှိသော သဲနုန်းများအား ဖယ်ထုတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် တမံထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောလျင်စွာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)က မူးယစ်ဆေးစွဲ ဝေဒနာရှင်ကုသမှုတွင် မက်သာဒုံးဆေးအစား တိုင်းရင်းဆေးဝါးများ အခြေခံသည့် မူးယစ််ဖြတ်ဆေးများ စီစဉ် ထုတ်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ဒုတိယအကြီမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက ရှင်းလင်းဖတ်ကြားပြီး ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၊ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်
  • ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s