3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၁ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့(၂၀.၁၂.၂၀၁၆) နံနက် ၁၀ နာရီတွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတစ်ဝန်း အာဏာမတည်သော ဥပဒေများအား အာဏာတည်တံ့စေရေး ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြရာ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော မဟာမဲခေါင်ဒေသခွဲ အဖွဲ့ဝင်နိုင်ငံများအကြား မဟာမဲခေါင် ဒေသခွဲလုပ်ငန်း ညှိနှိုင်းရေးရုံး ထူထောင်ရေးသဘောတူညီချက်ကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံဆွေးနွေး
  • ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၊ ဝါးခယ်မ မဲဆန္ဒနယ်မှ ဦးဇော်သိန်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဦးကျော်ဆွေ၊ ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်း၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဟန်ဝင်းသိန်းတို့က ထောက်ခံဆွေးနွေး
  • ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ရှင်းလင်းတင်ပြရာ ပြည်ထောင်စု လွှတ်တော်က အတည်ပြု သဘောတူကြောင်း ဆုံးဖြတ်
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြည်ထဲရေးဝန်ကြီးဌာန မီးသတ် ဦးစီးဌာနအတွက် ပိုလန်သမ္မတနိုင်ငံ အစိုးရထံမှ ယူရိုသန်း ၅၀ ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က ရှင်းလင်းတင်ပြ
  • အဆိုပါချေးငွေချေးယူခြင်းကို လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနအတွက် အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့ထံမှ အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၈ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာအောင်သူက ရှင်းလင်းတင်ပြ
  • ထို့အတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ချေးငွေဆိုင်ရာနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါချေးယူမည့်ကိစ္စကို လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခဲ့
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ယနေ့ (၂၀.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် ဒေါပုံမဲဆန္ဒနယ်မှ ဦးဌေးဝင်းအောင်(ခ)ပြုံးချိုမေးမြန်းသည့် ဒေါပုံမြို့နယ်ရှိ သင်္ဘောကျင်းလမ်းဆုံ လမ်းမကျယ်ကြီးတွင် အများပြည်သူ ဘေးကင်းလုံခြံုစွာ ဖြတ်သန်းနိုင်ရေးအတွက် သင့်လျော်သည့် အစီအမံများ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ဆော့လော်မဲဆန္ဒနယ်မှ ဦးလာမာလေးက ချီဖွေမှ ဆော့လော်မြို့သို့ ဆက်သွယ်ထားသော ၃၄ မိုင်လမ်းဟောင်းကို အမြန်ဆုံး ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ထို့နောက် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာစောနိုင်က တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ မင်းရဲကျော်စွာ ၅ လမ်းနှင့် ၆ လမ်းကြား၊ ရ ရပ်ကွက်ရှိမြေကွက်၊ မင်းရဲကျော်စွာ ၅လမ်း(ခ)နှင့် ၉ လမ်း(ခ)ကြား၊ ရ ရပ်ကွက်ရှိ မြေကွက်နှင့် ပင်းယ ၁၇ လမ်းနှင့် ၁၈လမ်းကြား ၅ ရပ်ကွက်ရှိ မြေကွက်တို့ကို မူလမြေကွက်အတိုင်း ဆက်လက်ထားရှိပြီး ဂရန်ချထားပေးခြင်း ဆောင်ရွက်မှုကို တားဆီးပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်းက တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်သို့ ဆက်သွယ် ဖောက်လုပ်ထားသော ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ကတ်သာ-အောင်ဇေယျ လမ်းပိုင်းအား ရာသီမရွေး သွားလာနိုင်သော လမ်းမကြီးအဖြစ် မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုကြောင်း မေးရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာခင်မောင်မောင်က ၂၀၁၅ ခုနှစ်အတွင်း ကတ္တရာကွန်ကရစ်တန် ၁၇၀ အသုံးပြုပြင်ဆင်ခဲ့သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဦးဝိစာရလမ်းနှင့် ပတ်သက်ပြီး ကွင်းဆင်းစုံစမ်း စစ်ဆေးခဲ့မှုနှင့် ကြားသက်သေများအား ခေါ်ယူစစ်ဆေးခဲ့ခြင်း ရှိ၊ မရှိ သိရှိလိုကြောင်း မေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေက ဖောင်းပြင်-ပင်လည်ဘူး မော်တော်ကားလမ်းကို ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်လမ်း သို့မဟုတ် ကတ္တရာလမ်းအဖြစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အဆင့် တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • မိုးမိတ်မဲဆန္ဒနယ်မှ ဦးတိုးသောင်က မန္တလေး-တွင်းငယ်-မိုးမိတ်-မန်တုံ-နမ့်ခမ်း ပြည်ထောင်စု လမ်းမကြီးကို ပထမဦးစားပေး ဖောက်လုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s