3rd Plenary Session · roundup

လွှတ်တော်သတင်းများ (၂၂ ဒီဇင်ဘာ ၂၀၁၆)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ယနေ့ (၂၁.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက ပြည်သူ့ဝန်ထမ်းများ ပြည်သူ့အကျိုးအတွက် ခရီးသွားလာရာတွင် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ခံစားမှုရရှိစေရန် မြန်မာနိုင်ငံ ခရီးစရိတ် လက်စွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းရာ စီံမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီက ကျွန်းစုမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို Sanction နှင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မကျီးကျွန်း ကိုယ်ထူကိုယ်ထကျောင်းကို အခြေခံပညာ မူလတန်းကျောင်းအဖြစ် ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • မူဆယ်မဲဆန္ဒနယ်မှ ဦးစိုင်းဖိုးမြတ်က မူဆယ်မြို့ ခုတင်(၁၀၀) ဆေးရုံ မြေနေရာအတွက် မူလလျာထားသတ်မှတ်ပေးခဲ့သည့် မြေဧရိယာ အကျယ်အဝန်းအတိုင်း ပြန်လည် ထားရှိပေးနိုင်ခြင်း ရှိ၊ မရှိ မေးရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ဟင်္သာတမဲဆန္ဒနယ်မှ ဦးခင်မောင်ရီက ဟင်္သာတမြို့ ပြည်သူ့ဆေးရုံတွင် ဆောက်လက်စ တိုးချဲ့ဆေးရုံ လေးထပ်အဆောက်အအုံအား ဆက်လက်ဆောက်လုပ်ရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့အပြင် လွိုင်လင် မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးမြင့်ငွေနှင့် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးတို့၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍဆိုင်ရာ မေးခွန်းများကိုလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ပြန်လည်ဖြေကြား
  • ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက် အမှာစကားပြောကြား
  • ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး (၁၉) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း လွှတ်တော်သို့ အသိပေး ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ယနေ့ (၂၁.၁၂.၂၀၁၆) တွင် ကျင်းပ
  • အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်က ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ ကျိုက်ထိုမြို့နှင့် သထုံမြို့များ၌ ခရီးသွားပြည်သူများ လွယ်ကူလျင်မြန်စွာ သွားလာနိုင်ရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် မြို့ရှောင်လမ်းများ ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်က စစ်ကိုင်းတိုင်းဒေသကြီး၊ လက်ပံတောင်း တောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းရန် အစီအစဉ် ရှိ/မရှိ၊ ထိုကော်မတီကို ပြန်လည် ဖွဲ့စည်းမည်ဆိုပါက မည်သည့်အချိန်တွင် ဖွဲ့စည်းမည်၊ ဖွဲ့စည်းရာတွင် ဒေသခံများကို ထည့်သွင်းဖွဲ့စည်းရန် အစီအစဉ် ရှိ/မရှိ မေးရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင်က ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ လုပ်ပိုင်ခွင့်ရ လယ်ပိုင်ရှင် ၂၅ ဦး၏ ဆုံးရှုံးသွားသည့် လယ်မြေများကို လျော်ကြေးပေးရန် အစီအစဉ် ရှိ/မရှိ မေးရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်မေသန်းနွဲ့၏ ဘိုကလေးမြို့နယ်၌ နှစ်စဉ် နှစ်တိုင်း ကြုံတွေ့နေရသော မိကျောင်းအန္တရာယ်မှ ကင်းဝေးစေရန်အတွက် လူထုပညာပေး အစီအစဉ်များ ယခုထက် ပိုမိုဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ မေးရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ)ဒေါက်တာအားကာမိုးက သံတောင်ကြီး မြို့နယ်အတွင်း သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တော အတွင်းရှိ စိုက်ပျိုးမြေများကို တရားဝင် လုပ်ပိုင်ခွင့် ရရှိရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)က ရေစုပ်အား ကောင်းသည့် ယူကလစ်ပင်စိုက်ပျိုးရေး အစား နံ့သာဖြူ၊ နံ့သာနီ၊ သစ်မွှေးအကျော် စသည့် အပင်များကို စျေးကွက် စီးပွားရေးအတွက် စီမံချက်ဖြင့် စိုက်ပျိုးထုတ်လုပ်သွားရန် အစီအစဉ် ရှိ/မရှိ မေးရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဒေါက်တာမျိုးအောင်က သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်းတင်ပြရာ အစီရင်ခံစာကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်
  • ယင်းနောက်အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည့် အဆို၊ မေးမြန်းခဲ့သည့် မေးခွန်းများနှင့် စပ်လျဉ်းသည့် ကော်မတီ၏ အစီရင်ခံစာကို ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်းက ဆွေးနွေးပြီး ယင်းအစီရင်ခံစာကို အတည်ပြုနိုင်ရန် လွှတ်တော်သို့ အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
  • ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်ခိုင်သန်းက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s